မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကက်သလစ် ဘုရားကျောင်းများတွင် လူထုဖြင့်ပူဇော်ကျင်းပသော မစ္ဆားတရားများကို တစ်ပတ်လျှင်(၁) ရက် လူ(၃၀) ဦးထက်မပိုဘဲ ပြန်လည်ပြုလုပ်ခွင့်ပြု ။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကက်သလစ် ဘုရားကျောင်းများတွင် လူထုဖြင့်ပူဇော်ကျင်းပသော မစ္ဆားတရားများကို တစ်ပတ်လျှင်(၁) ရက် လူ(၃၀) ဦးထက်မပိုဘဲ ပြန်လည်ပြုလုပ်ခွင့်ပြု ။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကက်သလစ် ဘုရားကျောင်းများတွင် လူထုဖြင့်ပူဇော်ကျင်းပသော မစ္ဆားတရားများကို တစ်ပတ်လျှင်(၁) ရက် လူ(၃၀) ဦးထက်မပိုဘဲ ပြန်လည်ပြုလုပ်ခွင့်ပြု ။
(၂၂.၈.၂၀၂၀)
COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ် များ၏ ဖြစ်ပေါ်တိုးတက်မှုအရ (၁၆-၈-၂၀၂၀) ရက်နေ့မှ စတင်၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းကို လဆန်း/လဆုတ်(၈)ရက်နေ့များနှင့် လပြည့်/လကွယ် ဥပုသ် နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များအနေဖြင့် သက်ဆိုင်ရာ Church ၊ ဗလီနှင့် ဟိန္ဒူ ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းများကို ရက်သတ္တ(၁)ပတ်လျှင် (၁)ရက်ဖြင့် တစ်လလျှင် (၄)ရက် ပြုလုပ်ခွင့်အား တစ်ကြိမ်လျှင် လူ(၃၀)ဦးထက်မပိုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ဆောင်ရွက်စေပြီး ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက် နေ့က မန္တလေးတိုင်း ဒေသကြီးအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။
သို့ဖြစ်ပါ၍ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ မန္တလေးတိုင်းအတွင်းရှိ ဘုရားကျောင်းများတွင် မစ္ဆားတရားများ ပြန်လည်ပူဇော်နိုင်ရန်အတွက် ဆရာတော်ကြီး မာကုတင်ဝင်းမှ ဦးဆောင်၍ ဘုန်းတော်ကြီးများ၊ သာသနာ့အကျိုးတော်ဆောင်အဖွဲ့များနှင့်အတူ ဩဂုတ်လ (၂၂.၈.၂၀၂၀) ရက်နေ့ နံနက် (၉း၀၀) နာရီက စည်းဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရှိရပါသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် ရွှေနှလုံးတော်ကက်သီဒြယ်မှ သာသနာ့အကျိုးဆောင်အဖွဲ့ မှ တာဝန်ခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ (၂၃.၈.၂၀၂၀) ရက်နေ့မှ စတင်၍ ရွှေနှလုံးတော်ကက်သီဒြယ် ဘုရားကျောင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပြီး ၊ တစ်ပတ်လျှင် တစ်ရက် ၊ တနင်္ဂနွေနေ့တိုင်းတွင် မစ္ဆားတရား ငါးတရား ပူဇော်သွားမည်ဖြစ်ကြောင်း ၊ မစ္ဆားတရား တစ်ခု လျှင် လူဦးရေ (၃၀) ဦးသာ ပါဝင်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ၊ မစ္ဆားတရားများကို နံနက်ခြောက်နာရီ ၊ နံနက် ရှစ်နာရီ ၊ နံနက် ဆယ်နာရီ ၊ ညနေ ငါးနာရီ နှင့် ည ခုနှစ်နာရီ စတဲ့အချိန်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောပြခဲ့ပါသည် ။ ညနေ ငါးနာရီတရားသည် နိုင်ငံခြားသားများအတွက် သီးသန့်မစ္ဆား တရားဖြစ်တယ်လို့လည်း သိရှိရပါသည် ။ သို့ဖြစ်ပါ၍ ကက်သီဒြယ် သာသနာအုပ်စုမှ ဘာသာတူများအနေဖြင့် မစ္ဆားတရား ပါဝင်တက်ရောက်မည်ဆိုပါက ကြိုတင် စာရင်းပေးထားကြရမည်ဖြစ်ပါသည် ။ သို့သော်ကိုဗစ်(၁၉) ကပ်ရောဂါအခြေအနေအရ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုးများအနေဖြင့် မိမိတို့နေအိမ်များမှနေ၍ အွန်လိုင်းမှ သာ တိုက်ရိုက်မစ္ဆားတရားများကို နာယူပေးကြဖို့ရန်အတွက်လည်း မေတ္တာရပ်ခံထားပါသည် ။
မစ္ဆားတရား ပါဝင်တက်ရောက်မည့် သူများအနေဖြင့် မိမိတို့၏ နာမည် စာရင်းအား ရွှေနှလုံးတော် ကက်သီဒြယ်မှ တာဝန်ခံ ဦးမျိုးလွင် ဖုန်း (၀၉-၂၀၂၂၇၃၅) သို့ ဆက်သွယ် စာရင်းပေးသွင်းကြရမည်ဖြစ်ပါသည် ။ အသေးစိတ် ထပ်မံသိရှိလိုပါကလည်း ရွှေနှလုံးတော် ကက်သီဒြယ် ဘုရားကျောင်းမှ သာသနာ့ အကျိုးတော် ဆောင်များ ဖြစ်သော ဦးကြင်စိန် (ဖုန်း ၀၉-၂၀၁၇၀၈၆) ၊ နှင့် ဦးဗင်းဆင်း ( ဖုန်း ၀၉-၄၀၂၅၂၁၂၁၉) သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည် ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြားသော သာသနာအုပ်စုများသို့လည်း ဆက်သွယ်မေးမြန်းရာ အခြားသော သာသနာအုပ်စုများသည် ဘုရားကျောင်းပြန်လည်တက်ရောက်နိုင်မည့် ပုံစံအား ဆွေးနွေး ညှိနှိုင်းဆဲဖြစ်သည်ဟု သိရှိရပါသည် ။ သို့ဖြစ်ပါ၍ အခြားသော သာသနာအုပ်စုများ၏ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်အား သိရသည်နှင့် တပြိုင်နက် ပြန်လည် ကြေညာပေးသွားပါသည် ။ RVA Myanmar ဘာသာ အစီစဉ်မှ တိုက်ရိုက်ထုတ်လွှင့်ခြင်းများကိုလည်း ပုံမှန်ထုတ်လွှင့်နေသည့်အတိုင်း ဆက်လက် ထုတ်လွှင့်ပေးနေမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည် ။
*** တစ်ပတ်လျှင် တစ်ရက် ၊ လူဦးရေ သုံးဆယ် (၃၀) ဦးဖြင့် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘုရားကျောင်းများတွင်သာ ပြုလုပ်ခွင့် ရခြင်းဖြစ်ပါသည်။ ***
News by - Pinky

Add new comment

3 + 4 =