မန္တလေးဂိုဏ်းချုပ်သာသနာ ၌  အောက်ဆီဂျင်စက်ရုံသစ် ကောင်းချီးပေးဖွင့်လှစ်

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ၌ အောက်ဆီဂျင်စက်ရုံသစ် ကောင်းချီးပေးဖွင့်လှစ်

(၁၅.၁၂.၂၀၂၂)

 

ယနေ့ (၁၅.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက ၊ (၃၄လမ်း၊၆၉-၇၀)ကြားရှိ ၊ စိန့်သောမတ်စ်ရဟန်းဖြစ်သင်ကျောင်းဝင်းအတွင်းရှိ  အောက်ဆီဂျင်စက်ရုံသစ်အား ရဟန်းတော်များမှ ကောင်းချီးပေးဖွင့်လှစ်ခဲ့သည်။

ထိုအောက်ဆီဂျင်စက်ရုံသစ်အား မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ Social Development Sector Director Rev. Fr. Augustine Win Myint ဦးဆောင်ပြီး ၊ ကရုဏာမန္တလေး ဒါရိုက်တာအဟောင်း Rev. Fr. Peter Than Naing Oo ၊ စိန့်ဇေးဗီးယားကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. David Toe Wai Aung တို့မှ ကောင်းချီးပေးကာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့သည်။

အောက်ဆီဂျင်စက်ရုံအား ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်း၏ အားပေးလမ်းညွှန်မှုဖြင့် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ၊ ကရုဏာမန္တလေး-လူမှုစည်းလုံးညီညွတ်ရေးအသင်းမှဦးစီးဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။

အောက်ဆီဂျင်စက်ရုံကိုတည်ဆောက်ရခြင်းသည် အောက်ဆီဂျင်စက်ရုံကို ဖွဲ့စည်းပေးခြင်းအားဖြင့် လူတွေရဲ့အသက်ကိုကယ်တင်နိုင်ရန် နှင့်  အောက်ဆီဂျင်လိုအပ်ပြီး ငွေကြေးမတက်နိုင်သော  လူသားများအားလုံး အတွက် ရည်ရွယ်၍ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကရုဏာ မန္တလေး -လူမှုစည်းလုံးညီညွတ်ရေးအသင်း ဒါရိုက်တာဟောင်း ဖာသာရ် ပီတာသန်းနိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လှူဒါန်းပေးခဲ့ကြသော ဩစတြေးလျနိုင်ငံ ဂျေးဇွတ်စ် အဖွဲ့အစည်းမှ အလှူရှင်များနှင့် စက်ရုံဆောက်လုပ်ရန် မြေနေရာပေးခဲ့ပါသော မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာ ပိုင်ဆရာတော်ကြီးမာကုတင်ဝင်းနှင့် အဘက်ဘက်မှ အကူအညီပေးခဲ့ကြသူများ အားလုံးကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။

ကရုဏာမန္တလေး-လူမှုစည်းလုံးညီညွတ်ရေးအသင်း ဒါရိုက်တာ ကိုသန့်ဇင်ဦးမှ  “စက်ရုံမှထွက်လာသော အောက်ဆီဂျင်များကို ပရဟိတ စိတ်ဓာတ်ဖြင့်သာ ဖြန့်ဝေသွားမည်။ “ ဟုပြောကြားခဲ့သည်။

အောက်ဆီဂျင်စက်ရုံ၏ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်အချို့ကို ကရုဏာမြန်မာဒါရိုက်တာ ကိုသန့်ဇင်ဦးမှ ပြောပြရာမှာ

“ ငွေကြေးမတတ်နိုင်သောသူများအတွက်အောက်ဆီဂျင်ကိုအခမဲ့ဖြန့်ဝေပေးပြီး၊ စက်ရုံ ရေရှည်လည်ပတ် နိုင်ရေးအတွက်ဆေးရုံ၊ဆေးခန်းများမှလိုအပ်ပါကဈေးနှုန်းချိုသာစွာဖြင့်ပြန်လည်ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ ဒီလိုရောင်းချရရင်းဟာ အောက်ဆီဂျင်ထုတ်ပိုးမှုပိုင်းမှာ  လုပ်ဆောင်ပေးမည့် ဝန်ထမ်းများအား လစာပေးနိုင်ရန်လိုအပ်အတွက်နှင့်စက်ရုံရေရှည်လည်ပတ်နိုင်ရေးအတွက် အောက်ဆီဂျင်အချို့  ကို ရောင်းချရခြင်းဖြစ်ကြောင်း “   ရှင်းလင်းပြောပြခဲ့သည်။

ဖွင့်ပွဲသို့တက်ရောက်လာသူတစ်ဦးမှလည်း “ ဆေးရုံဆေးခန်းကို ရောက်တဲ့အခါမှာ လူနာတွေကိုအောက်ဆီဂျင်တွေနဲ့ ရှူနေတာကိုတွေ့ရတယ်။ အရင်က သတိမထားမိပေမဲ့ ကိုဗစ်ရောဂါဖြစ်တဲ့အခါ အောက်ဆီဂျင်ရဲ့ ဟာ တအားအရေးကြီးပါလားဆိုတာကိုသွားတွေ့ခဲ့တယ်။ အရမ်းအရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ ဒီအောက်ဆီဂျင်စက်ရုံကို ဖွင့်လှစ်နိုင်တဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ကာ ကျေးဇူးတင်ပါတယ်။ “ ဟု ဆိုကာ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ကရုဏာမန္တလေးနှင့် အောက်ဆီဂျင်စက်ရုံဖြစ်ပေါ်လာရန်အတွက် အဘက်ဘက်မှ ဦးဆောင်ပေးခဲ့သူများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အောက်ဆီဂျင်စက်ရုံအား ကိုဗစ်ကပ်ရောဂါကာလအတွင်း ဩစတြေးလျနိုင်ငံရှိ  ဂျေးဇွတ်စ် အဖွဲ့ အစည်းမှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့်  ကရုဏာမြန်မာရုံးချုပ်နှင့် ဖာသာရ်ဩဂတ်စတင်းဝင်းမြင့်တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍  မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ကရုဏာ မန္တလေး မှ ဦးစီးကာ   စက်ရုံကို အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်ရေးအတွက်  မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအုပ်စုအသီးသီးရှိ လူမှုကူညီရေးအသင်းများဖြစ်သောစိန့်ဂျွန်းနာရေးကူညီရေးအသင်း၊စိန့်ဇေးဗီးယားနာရေးကူညီရေးအသင်းနှင့်စိန့်မိုက်ကယ် နာရေးကူညီမှုအသင်းတို့ ဖြင့် ကော်မတီဖွဲ့စည်းကာ စက်ရုံကိုလည်ပတ်လုပ်ဆောင်သွားမည်ဖြစ်သည်။

အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင်အောက်ဆီဂျင်အလုံးရေ အနည်းဆုံး အလုံး(၁၅၀)မှ(၂၀၀) ထိ ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင်စက်ရုံအား တရားဝင်လည်ပတ်နိုင်ရေး အတွက် ကရုဏာမန္တလေး ၏ ဒါရိုက်တာ ကိုသန့်ဇင်ဦး နှင့်ကိုမင်းဟန်ထူးတို့မှ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။  

 “ ထမင်းအသက် (၇)ရက်၊ရေအသက် တစ်မနက် လေအသက်လျှပ်တစ်ပြတ်ဟူ၍ ခံစားနားလည်မိသောကြောင့် အောက်ဆီဂျင်လိုအပ်နေသောလူနာများအတွက်လုံလုံလောက်လောက်ရရှိနိုင်ရေးအဓိကထားလုပ်ဆောင်သွား မည်ဖြစ်ပါသည် ။ “ ဟု  ကရုဏာမန္တလေး-လူမှုစည်းလုံးညီညွတ်ရေးအသင်းအောက်ဆီဂျင်ဖြန့်ဝေရေးလုပ်ငန်းမှ ဆိုထားသည်။

Photos News By - Pinky 

#rvamyanmar #rvapastoralcare #LocalNews #Oxygen #KarunaMandalay

Add new comment

1 + 1 =