မန္တလေးကက်သလစ် သာသနာတော်လုံးဆိုင်ရ နွေရာသီသက်ထွေးသင်တန်းကျင်းပခြင်း

မန္တလေးကက်သလစ် သာသနာတော်လုံးဆိုင်ရ နွေရာသီသက်ထွေးသင်တန်းကျင်းပခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ကလေးသူငယ်များ နွေရာသီ သက်ထွေးသင်တန်း 

ကို

ဧပြီလ (၄-၈) ရက်နေ့ထိ ချမ်းသာကုန်း စိပ်ပုတီးမယ်တော် သခင်မ ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာအုပ်စု အသီးသီးမှ ကလေး သူငယ်ပေါင်း (၄၀၀)ကျော်ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းအတွင်းတွင် ကလေးသူငယ်များကို မန္တလေးသာသနာအတွင်းရှိ ဘုန်းတော်ကြီးများ ၊ ကိုရင်များ ၊ သီလရှင်များမှ  ဟောပြောပို့ချခဲ့ပါသည်။

သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို သင်တန်းကိုဦးဆောင်ခဲ့သော မန္တလေးသာသနာလုံးဆိုင်ရာ သက်ထွေးတာဝန်ခံ ဘုန်းတော်ကြီး Fr.Paul သက်ခိုင်က ပြောပြရာတွင် လက်ရှိ မျက်မှောက်ကာလမှာ ခေါ်တော်မူခြင်း ပြန်လည်ရရှိစေဖို့ရန်၊ “ ကလေးသူငယ်တို့ ငါ့ထံလာကြပါစေ ” ဟူသည့် ဆောင်ပုဒ်ကို ရွေးချယ်ခဲ့ရခြင်းမှာလဲ ကလေးသူငယ်များ သခင်ခရစ်တော်စီမှာ ရဲရဲဝံံ့ဝံ့ ချဉ်းကပ်ပြီး သူတို့တွေ ဘုရားသခင်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့မှာရှိတဲ့ အရည်အချင်းများကို ပိုမိုသိရှိစေမယ်၊ ဒါတင်မကသေး ရှိပြီးသားအရည်အချင်းများကို ပိုမိုတိုးအောင်လုပ်စေချင်တဲ့ ဆန္ဒလေးတွေ ရှိစေချင်တဲ့အတွက်ဖြစ်တယ်။

နောက်တစ်ခုအနေနဲ့ကတော့ နွေရာသီမှာ သက်ထွေးသင်တန်းလုပ်ခြင်းအားဖြင့် ကလေးသူငယ်အချင်းချင်း ပိုမိုစည်းရုံးလာစေဖို့ရန်နှင့် တစ်ဦးနှင့်တစ်ဦး ပိုမိ်ုိသိကျွမ်းသွားစေလိုတဲ့ရည်ရွယ်ချက်ကြောင့်လဲဖြစ်တယ်။နောက်

သက်ထွေးသင်တန်းပြုလုပ်ခြင်းအားဖြင့်တစ်ဦးနှင့်တစ်ဦးလက်တွဲလုပ်ဆောင်တက်တဲ့စိတ်ဓာတ်ကလေးများဖြစ်ပေါ်လာမယ်၊ပူးပေါင်းလုပ်ဆောင်တက်လာမယ်၊ အောင်မြင်မှုအသီးအပွင့်ကို ခံစားတက်လာမယ်။ နောက်သင် တန်းတွင်းစည်းကမ်းအတွင်းမှာနေထိုင်ခြင်းအားဖြင့်မိမိတို့ကိုယ်ကို်ဘယ်လောက်တိုးတက်လာမယ်ဆိုတာကို သိရှိခံစားစေချင်တယ်။

သင်တန်းကာလအတွင်းမှာကျမ်းချက်ထဲကပြဇာတ်တိုများကိုလုပ်ဆောင်ခိုင်းတယ်။ပြဇာတ်လုပ်ဆောင်ခြင်းဖြင့် အတူတကွ ပူးပေါင်းပါ၀င်လုပ်ဆောင်ခြင်းဖြင့် ရရှိလာတဲ့အောင်မြင်မှုကို ခံစားစေခြင်တယ်။ နောက် တီထွင်ကြံဆ တွေးခေါ်မှုများကိုပိုမိုမြင့်မားစေလိုကြောင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်တစ်ဦးနှင့်တစ်ဦး တိုင်ပင်ခြင်း၊စည်းကမ်းရှိခြင်း၊ညီညွတ်ခြင်းများကို  ကလေးသူငယ်များ ရရှိစေဖို့ရန်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်တယ်။

သင်တန်းတွင်း ပို့ချချက်များမှာ သမ္မာကျမ်းစာ၏ အရေးကြီးပုံ၊စက္ကရမင်တူးအကြောင်းများ၊မစ္ဆားတရား၏ အရေးကြီးပုံနှင့် မစ္ဆားတရားအတွင်း ၀တ်ပြုဆုတောင်းခြင်းတစ်ခုစီနှင့် မစ္ဆားတရားတွင်း အသုံးပြုသည့် အသုံးဆောင်များ၏ အဓိပ္ပာယ်များအကြောင်း၊စသည့် ၀ိညာဉ်ပိုင်းဆိုင်ရာနှင့် ပြင်ပ ဗဟုသုတဖြစ်စေမည့် မီဒီယာကိုအသုံးပြုခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာပိုင်းဆိုင်ရာများကို  ဘုန်းတော်ကြီးများ၊ကိုရင်များနှင့် သီလရှင်များမှ ဦးဆောင်ကာ သင်ကြားပို့ချပေးခဲ့သည် ဟုသိရှိပါတယ်။

ယခုနှစ် နွေရာသီသက်ထွေးသင်တန်းကို  Fr.Paul သက်ခိုင်အနေဖြင့် ပထမဆုံး အကြိမ်တာဝန် ယူလုပ်ဆောင်ခြင်းဖြစ်တယ်ဟုလည်းသိရှိရပါသည်။သင်တန်းတွင်း အစားသောက်ကို ချမ်းသာကုန်းမှ ဦးမြင့်ဝေ မိသားစုက တာဝန်ယူကာ ချက်ပြုတ်ကျွေးမွေးသည်ဟု သိရှိရပါသည်။

Pinky ( MDY-OSC)