မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ Faith Formation မှ အွန်လိုင်းမှ ဘုရားစကားသင်ကြားပို့ချပေးမည်

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ Faith Formation မှ အွန်လိုင်းမှ ဘုရားစကားသင်ကြားပို့ချပေးမည်

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ Faith Formation မှ အွန်လိုင်းမှ ဘုရားစကားသင်ကြားပို့ချပေးမည်

20.12.2021- (RVA Myanmar)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်း၏ လမ်းညွှန်မှုဖြင့် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ Faith Formation မှ ဦးဆောင်၍ အွန်လိုင်း ဘုရားစကားသင်ကြားမည့်အစီအစဉ်ကို (၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂) ရက် ) နေ့ မှ စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟုသိရပါသည်။

အွန်လိုင်းဘုရားစကားသင်ကြားရာ၌ မိသားစုကဏ္ဍ ၊ လူငယ်များကဏ္ဍ ၊ ကလေးငယ်များ ကက္ဍဟူ၍ ကဏ္ဍအသီးသီးဖြင့် ပို့ချပေးသွာပါးမည်။

အဆိုပါ အွန်လိုင်း ဘုရားစကားသင်ကြားခြင်း၌ မန္တလေးသာသနာအတွင်းရှိ မိသားစု ကော်မရှင် ၊ လူငယ်ကော်မရှင် ၊ သက်ထွေးကော်မရှင်တို့မှ သက်ဆိုင်ရာ တာဝန်ခံ ဘုန်းတော်ကြီးများနှင့် အတူ ဆလေးရှင်းအသင်းဂိုဏ်းမှ ရဟန်း ၊ သီရှင်များ က ပူးပေါင်း သင်ကြားပေးသွားမည်ဟုသိရပါသည်။

 

မိသားစု ကဏ္ဍ

 

မိသားစု ကဏ္ဍ အား လ၏ ပထမတနင်္ဂနွေနေ့ တွင် အဖွဲ့အစည်းဘဝအသက်တာအတွက် ပညာပေးဝေမျှခြင်း ၊ လ၏ ဒုတိယ တနင်္ဂနွေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ သင်ကြား မျှဝေခြင်း၊ လ၏ တတိယ တနင်္ဂနွေနေ့တွင် ယုံကြည်ခြင်းနှင့် လူ့ကျင့်ဝတ်ဆိုင် ရာများသင်ကြားမျှဝေခြင်း ၊ လ၏ စတုတ္ထ တနင်္ဂနွေနေ့တွင် အိမ်ထောင် ရေးဆိုင် ရာ အသိပညာများ နှီးနှောဖလှယ်ခြင်း တို့ကို အပတ်စဉ် ညနေ (၄း၀၀) နာရီမှ (၅း၀၀) နာရီထိ Zoom မှ ပြုလုပ်သွားမည်ဟု သိရပါသည် ။ Zoom Link အား သက်ဆိုင်ရာ ကျောင်းထိုင် ဘုန်းတော်ကြီးထံတွင် ဆက်သွယ်စုံစမ်း ရယူကြမည်ဟုလည်းသိရပါသည်။

မိသားစု ကဏ္ဍ ဘုရားစကားသင်ကြားပေးရခြင်းသည် “ မိသားစု အသင်းတော်အတွက် ကျစ်လစ်နက် ရှိုင်းစွာ အခြေခံအုတ်မြစ်ချပေးသည့် သန့်ရှင်းခိုင်မြဲသော လက်ထပ်ထိမ်း မြား ခြင်း ကို ပြုစု ပျိုးထောင်ပေးရန် “ ရည်ရွယ်သည်ဟု သိရပါသည်။

 

လူငယ်ကဏ္ဍ

 

လူငယ်ကဏ္ဍတွင် လည်း လ၏ ပထမ တနင်္ဂနွေနေ့တွင် ယုံကြည်ခြင်း ဘဝ အသက်တာအကြောင်း ဆွေးနွေးဝေမျှခြင်း ၊ လ၏ ဒုတိယ တနင်္ဂနွေနေ့တွင် လူငယ်မစ္ဆား / သမ္မာကျမ်းစာဝေမျှခြင်း ၊ လ၏ တတိယ တနင်္ဂနွေ နေ့တွင် အသင်းတော်နှင့်ဆိုင်ရာ သွန်သင်ချက်များအား ဆွေးနွေးဝေမျှခြင်း ၊ လ၏ စတုတ္ထတနင်္ဂနွေနေ့တွင် စိပ်ပုတီး စိပ်ခြင်း / ဝတ်ပြုချီးမွမ်းခြင်းတို့ကို အပတ်စဉ် ညနေ (၅း၀၀) နာရီမှ (၆၀၀) နာရီထိ Zoom Meeting မှ ပြုလုပ်သွားမည်ဟု သိရပါသည် ။ Zoom Link အား သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးထံတွင် ဆက်သွယ် စုံစမ်း ရယူကြမည် ဟုသိ ရပါသည်။

လူငယ်များကဏ္ဍ ဘုရားစကားသင်ကြားပေးရခြင်းသည် ” လူငယ်များသည် အသင်း တော်နှင့် လူမှု ပတ်ဝန်းကျင်တွင် ကယ်တင်ရှင်ယေဇူးဟောကြားသည့် သတင်းကောင်းကို ကိုယ်တိုင်ကျင့်ကြံကာ ဝေမျှသက်သေခံနိုင်ရန်အတွက် ယုံကြည်ခြင်းဆိုင်ရာ အချက် အလက် များကို အတူတကွ သင်ယူနှီးနှောဖလှယ်ရန် “ ရည်ရွယ်သည်ဟု သိရပါသည်။

 

ကလေးငယ်များ ကဏ္ဍ

 

ကလေးငယ်များ ကဏ္ဍအား တနင်္ဂနွေနေ့ (၁၀း၀၀) နာရီမှ (၁၁း၀၀) နာရီ - ဘုရားစကား သင်ကြားခြင်း(ခရစ္စမားအားပေးခြင်းအတန်း) ၊ (၁၁း၀၀) နာရီမှ (၁၂း၀၀) နာရီ ဘုရားစကားသင်ကြားခြင်း (ကိုယ်တော် မြတ်အတန်း) ၊ လ၏ နောက်ဆုံး တနင်္ဂနွေနေ့ တွင် ကလေးငယ်များ မစ္ဆား တရား ကို (၁၁း၀၀) နာရီမှ (၁၂း၀၀) နာရီထိ ၊ လ၏ ပထမစနေနေ့ ၊ နံနက် ( ၁၁း၀၀ မှ ၁၂း၀၀) ထိ စိပ်ပုတီးစိပ်ခြင်း ၊ လ၏ ဒုတိယ စနေနေ့တွင် ဥပုသ်စောင့်ခြင်းကို (သုံးလတစ်ကြိမ်) ၊ လ၏ တတိယစနေနေ့ တွင် ‘ LAUDATO SI ’လှုပ်ရှားမှု အစီအစဉ်ကို (လေးလတစ်ကြိမ် ) ပြုလုပ်ပေးသွားမည်ဟု သိရပါသည်။

ကလေးငယ်များကက္ဍ ဘုရားစကားသင်ကြားပေးရခြင်းသည် ကလေးငယ်များသည် ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ချစ်ခြင်းကိုခံစားသိရှိကာ မိမိနှင့်နီးစပ်သော သူအား လည်းကောင်း၊ဘုရားသခင်၏ဖန်ဆင်းခံအရာများအားလုံးကိုလည်းကောင်းချစ်ခင်မြတ်နိုးတတ်လာစေရန် နှင့် ခရစ်တော်၏ ချစ်ခြင်း၌ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ပြီး အချင်းချင်း အစေခံ တတ်စေရန် ရည်ရွယ်သည်ဟု သိရပါသည်။

 

အထက်ပါ အစီအစဉ်များအားလုံးအား Zoom မှ ပြုလုပ်သွားမည်ဖြစ်ပြီး Zoom Link အားမိမိတို့သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးထံတွင် ဆက်သွယ်စုံစမ်း ရယူကြ ရ မည်။ အကယ်၍ ဘာသာတူများက Zoom ဖြင့် မတက်ရောက် တက်ပါ က သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးများက မိမိတို့ ဘုရားကျောင်းဝင်းအတွင်းတွင် စုပေါင်းတက်ရောက်နိုင်မည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ပေးထားရန် ညွှန်ကြားထား သည်ဟု လည်းသိရပါသည်။

News by – Pinky

#rvamyanmar #rvapastoralcare #Mandalayarchdiocese #FaithFormation

 

Add new comment

4 + 0 =