မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွာတော်စံပြကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကိုဗစ်ကုသရေးလုပ်ဆောင်နေခြင်း။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွာတော်စံပြကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကိုဗစ်ကုသရေးလုပ်ဆောင်နေခြင်း။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွာတော်စံပြကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကိုဗစ်ကုသရေးလုပ်ဆောင်နေခြင်း။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွာတော်စံပြကျေးရွာတွင် ဇူလိုင်လ(၂၅) ရက်နေ့မှစတင်ကာ ကျန်းမာရေးကော်မရှင်အဖွဲ့ ဖွ့စည်း၍ ကိုဗစ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည်ဟု သိရပါသည်။

မန္တလေးကက်သလစ်သာသနာ၌ ရွာတော် ကျေးရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေးပေါင်း ၁၆၃၈ ဦး ရှိသည့်အနက် ဇူလိုင်လ(၂၉) ရက်နေ့မှစတင်ကာ ယခု ဩဂုတ်လအထိ ကိုဗစ် ဖြစ်ပွားသူပေါင်း (၃၄) ယောက်ရှိသည်ဟုသိရပါသည်။

ပိုးတွေ့လူနာများကို ရွာတော်ကိုဗစ် ကုသရေးစင်တာများတွင် ထားရှိကာ လိုအပ်သည်များကို နေ့စဉ် ဆရာဝန်က ဖုန်းဖြင့်ညွှန်ကြား၍ ရွာရှိ Volunteer များက အနီးကပ်ပြုစုစောင့်ရှောက်ပေးလျှက်ရှိပါသည်။

ယခုအခါ ဩဂုတ်လ (၁၂) ရက်နေ့တွင် ပထမအသုတ်မှ လူနာ(၁၁) ဦးသည် ကိုဗစ်ပျောက်ကင်း၍ နေအိမ်သို့ ကျန်းမာစွာဖြင့် ပြန်သွားကြပြီဟုလည်းသိရပါသည်။

နေရာအခက်အခဲကြောင့် အချို့သော လူနာများကို မိမိတို့အိမ်တွင်သာ Lock Down ချထား၍ စစ္စတာရ်များနှင့်စေတနာ့ ဝန်ထမ်း (၂) ဦးတို့က အိမ်တိုင်ရာရောက် သွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များကို ညွှန်ကြားပေးသည်ဟု သိရပါသည်။

ရွာတော်ကျေးရွာအနေဖြင့် ကိုဗစ်ကုသရေးစင်တာကို ကိုယ်ထူကိုယ်ထပြုလုပ်ရခြင်းဖြစ်သည့်အတွက် လိုအပ်သည့်အသုံးစရိတ်များကို ရွာတွင် အလှူခံမဏ္ဍပ်ဖွင့်ထားကာ ရွာတွင်းနှင့် အဝေးရောက် ရွာတော်ကျေးရွာမှ ဘာသာတူများက အလှူငွေများထည့်ဝင်ကြခြင်း၊နယ်အသီးသီးမှ အလှူရှင်များက လှူဒါန်းကြခြင်း ဖြင့် ရရှိသည့်အလှူငွေများဖြင့် ကိုဗစ်ကုသရေးကို လုပ်ဆောင်နေသည်ဟုသိရပါသည်။ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအနေဖြင့် ရွာတော်ကျေးရွာ ကိုဗစ်ကုသရေးစင်တာအတွက် ထောက်ပံ့ငွေ ၂သိန်း (၂၀၀၀၀၀) ကျပ်၊ ကျန်းမာရေးကော်မရှင်မှ ထောက်ပံ့ငွေ သုံးသိန်း(၃၀၀၀၀၀) ကျပ်တို့ ထောက်ပံ့ပေးပြီး ကျန် လိုအပ်သော ဆေးဝါးနှင့်အသုံးစရိတ်များကို လူမှုကူညီရေးအသင်းရန်ပုံငွေ ၊ လစဉ်စုဗူး အလှူငွေ များနှင့်ကျောင်းပွဲအတွက် ကောက်ခံထားသော ရံပုံငွေများ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ ပြုလုပ်နေကြခြင်းဖြစ်တယ်လို့ ရွာတော်ကျေးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး၏ ပြောပြချက်အရ သိရပါသည်။

ရွာတော်ကျေးရွာ ကိုဗစ် ကုသရေးစင်တာ၏ အခက်အခဲအနေဖြင့် ဆေးဝါးမလုံလောက်မှု ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု တို့ဖြစ်သည်ဟုလည်းသိရပါသည်။

ရွာတစ်ရွာလုံးအားလည်း Lock Down ချလိုက်ပါက ရွာသူရွာသားများ၏ စားဝတ်နေရေးကို စီမံမပေးနိုင်သည့်အတွက် Lock Down ချဖို့ရန်လည်းအဆင်မပြေဖြစ်ရသည်ဟု ပြောပြပါသည်။

ရွာအတွင်း ကိုဗစ်ကူးစက်မှု လျော့ကျရေးအတွက် ရွာအဝင်အထွက် ကို စည်းကမ်းတင်းကျပ်ခြင်းနှင့် လူစုလူဝေးများ မပြုလုပ်ရအောင် အမြဲကြပ်မက်ပေးရုံမျှသာ ပြုလုပ်ပေးနိုင်သည်ဟုလည်း ကျောင်းထိုင်ဘုန်းတော်ကြီးက RVA ကို ပြောပြပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကြောင့် ရောဂါပိုးကူးစက်သူနှင့်သေဆုံသူပေါင်း နေ့စဉ်နှင့်အမျှ တိုးလာလျက်ရှိတယ်လို့သိရပါသည်။ ဩဂုတ်လ ၁၂ ရက်နေ့ ကူးစက်သူ အတည်ပြုလူနာသစ် ၃၄၃၀ ဦးနှင့်သေဆုံးသူ (၂၁၅) ဦးရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ည(၈) နာရီ သတင်းတွင် သတင်းထုတ်ပြန်ထားသော်လည်း အပြင်တွင် အမှန်တကယ် ကူးစက်မှုနှင့် သေဆုံးနှုန်းမှာ ကွာဟနိုင်ကြောင်း မြေပြင်တွင် လှုပ်ရှား‌ဆောင်ရွက်နေသည့် ကျန်းမာရေး ပညာရှင်များနှင့် ပရဟိတ ကူညီဆောင်ရွက်ပေးနေသူများ၏ ပြောကြားချက်များအရသိရပါသည်။

News by – Pinky

Add new comment

2 + 6 =