မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းတော်များစုပေါင်းဖွဲ့စည်းထားသော စိန့်ဂျွန်ပေါလ် ဆန်လှူအသင်း အလှူ

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းတော်များစုပေါင်းဖွဲ့စည်းထားသော စိန့်ဂျွန်ပေါလ် ဆန်လှူအသင်းမှ ဆရာတော်ကြီး မာကုတင်ဝင်းဦးဆောင်၍ သူနာပြုတက္ကသိုလ်-မန္တလေး Anosmia Center နှင့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ကျေးရွာအုပ်စု ၊ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည် ) Facility Quarantine Center များသို့ (၂၈.၁၂.၂၀၂၀) ရက်နေ့ က ကြက်သားဟင်း ၊ ထမင်းဗူး နှင့်ရေသန့်ဗူးများ သွားရောက်လှူဒါန်းခဲ့ပါသည်။ သူနာပြု တက္ကသိုလ် - မန္တလေး Anosmia Center ရှိ Covid 19 ပိုးတွေ့လူနာများ၊ ဆရာဝန်သူနာပြုများ နှင့် Volunteer များအတွက် နေ့လည်စာနှင့် ညစာ စုစုပေါင်း ထမင်းဗူး (၅၀၀) ဗူး လှူဒါန်းခဲ့ပါသည်။ ပြင်ဦးလွင် မြို့နယ် ၊ ဇီးပင်ကြီးကျေးရွာအုပ်စု ၊ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည်) Facility Quarantine Center အတွက် နေ့လည်စာ နှင့် ညနေစာ ထမင်းဗူး စုစုပေါင်း (၄၇၀) ‌ဗူး လှူဒါန်းခဲ့ပါသည်။ ထို ထမင်းဗူးများအတွက် ချက်ပြုတ်ရေး တာဝန်ကို စိန်မိုက်ကယ်(သံဝင်း) သာသနာအုပ်စုမှ ဘာသာတူ အချို့က လုပ်အားဒါနအဖြစ် ပါဝင် ဆက်ကပ်ခဲ့ကြပါသည်။

Add new comment

6 + 9 =