မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ငါးနှစ်တာ အတွက် "သာသနာတော်၏ စီမံကိန်းများ '' ရေးဆွဲခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ငါးနှစ်တာ အတွက် ‘’ သာသနာတော်၏ စီမံကိန်းများ “ရေးဆွဲခြင်း။
(3.3.2020)
၂၀၂၀ ခုနှစ် ၊ မတ်လ (၂-၃) ရက်နေ့များက မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ သာသနာတော်၏ ငါးနှစ်တာ “သာသနာတော်၏ စီမံကိန်းများ” ကို ဂိုဏ်းချုပ်ဆရာတော်ကြီးအပါအဝင် မန္တလေးကက်သလစ်သာသနာမှ ဘုန်းတော်ကြီးများ စုပေါင်း၍ ဒုတိယအကြိမ် ရေးဆွဲခြင်း ကို လုပ်ဆောင်လျှက်ရှိပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ၌ “ ကျွန်ုပ်တို့ မန္တလေး ကက်သလစ် သာသနာတော်ကြီး ‘’ ဘယ်ကို သွားနေပါသလဲ။’’ ‘’ နောက် ငါးနှစ်နေရင် ဘယ်ကို ရောက်ချင်ပါသလဲ။ “ ‘’ ထိုနေရာ ထိုအခြေအနေသို့ ရောက်ရန် ဘာတွေလိုမလဲ။ “ ‘’ ထို လိုအပ်ရာများမှာ ‘’ အားသာချက်၊ အားနည်းချက် “ တွေကို ထည့်သွင်းစဉ်းစားပြီး မန္တလေးသာသနာ တစ်ခုလုံးအတွင်းရှိ ဆရာတော် ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/ဓမ္မဆရာမများ၊ ဘာသာဝင်များ အားလုံးပါဝင်ဖို့ စီစဉ်ထားကြောင်း ၊ ထိုသို့ စီစဉ်ရခြင်းမှာလည်း သာသနာတစ်ခုလုံးက ‘’ ထိုစီမံကိန်းသည် ၎င်းတစ်ဉီးစီ၏ စီမံကိန်း၊ ၎င်းတစ်ဉီးစီ၏ ဉီးတည်ချက်နှင့် သန္နိဌာန်န် အဖြစ် ပိုင်ဆိုင်ကြကာ တစ်ဉီးမကျန် ပါဝင်ဆောင်ရွက် လုပ်ကိုင်ပေးဆပ် ရမည့် အကြောင်း၊ အားလုံးပါဝင်နိုင်ရန်လည်း အလှည့်ကျ ခေါ်ငင် ပါဝင်စေမည် “ ဖြစ်ကြောင်း များကို ပြောကြားခဲ့ပါသည်။
အဆိုပါစီမံကိန်းများသည် ငါးနှစ်တာ စီမံကိန်းဖြစ်တယ်လို့သိရှိရပါသည်။ မန္တလေးသာသနာတော်၏ ဉီးတည်ချက် ( Vision ) နှင့် မန္တလေးသာသနာတော်၏ သန္နိဌာန် (Mission) များကိုလည်း ရေးဆွဲပြီးဖြစ်ပါသည်။
ဆက်လက်၍ ဒုတိယအကြိမ် ၊ ဒုတိယနေ့အဖြစ် ထို ဉီးတည်ချက်သို့ရောက်ရှိရန် သန္နိဌာန်များဖြင့် အကောင်အထည်ဖော်ရာ၌ ( SWOT) အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ကြပါသည်။
ဤ ‘’ သာသနာတော်၏ စီမံကိန်းများ “ ရေးဆွဲခြင်းကို Mr. Joseph ( Caritas Australia) , Fr. Bosco Bo Bo (SDB) , Fr. Cyril Myint Soe တို့မှ ဉီးဆောင်ကူညီပေးနေကြောင်းသိရှိရပါသည်။
Photos News by - Pinky

Add new comment

11 + 2 =