မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကိုဗစ်ကာလ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ အားလုံးတို့ရဲ့ ဝိညာဉ်များအတွက် မစ္ဆားတရားနဲ့ အောက်မေ့ဖွယ်အခမ်းအနား

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကိုဗစ်ကာလ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ အားလုံးတို့ရဲ့ ဝိညာဉ်များအတွက် မစ္ဆားတရားနဲ့ အောက်မေ့ဖွယ်အခမ်းအနား

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကိုဗစ်ကာလ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ အားလုံးတို့ရဲ့ ဝိညာဉ်များအတွက် မစ္ဆားတရားနဲ့ အောက်မေ့ဖွယ်အခမ်းအနား

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကိုဗစ်ကာလအတွင်း ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ အားလုံးတို့ရဲ့ ဝိညာဉ်များအတွက် အထူးဆုတောင်းပေးတဲ့ မစ္ဆားတရားနဲ့ အောက်မေ့ဖွယ်အခမ်းအနားလေးကို နို၀င်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီမှာပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို ဂိုဏ်းချူပ်ဆရာတော်ကြီးမာကုတင်ဝင်းမှ ကြီးမှူးပြီး ရဟန်းတော်များ၊ သီလရှင်များနဲ့ ဘာသာ၀င်များတို့မှ တစ်လုံးတစ်ဝတည်းရှိကြောင်းပြသတဲ့ အနေနဲ့ လွမ်းသူပန်းခွေနဲ့ ပန်းခက်ကိုယ်စီ ကိုင်ဆောင်ကာ Requiem Mass ကို ပူဇော်ခဲ့တာဖြစ်ပါတယ်။

ပူဇော်ခြင်းအချိန်မှာတော့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာရှိ ဇုံ (၄) စုံဖြစ်တဲ့ မန္တလေးဇုံ၊ မုံရွာဇုံ၊ ရွှေဘိုဇုံ နဲ့ မိတ္ထီလာဇုံ တို့မှ ကွယ်လွန်သူစုစုပေါင်း ၁၂၉ ဉီးအတွက် ဖယောင်းတိုင် (၄) တိုင်ကိုပူဇော်ဆက်ကပ်ခဲ့ကြပါတယ်။

"ယုံကြည်သူဘုရားသားသမီးတို့၊ ကွယ်လွန်သူလာဇရုးအတွက် မျက်ရည်ကျခဲ့တဲ့ ခရစ်တော်ဘုရားရှင်က ကျွန်ုပ်တို့ရဲ့ အချစ်ဆုံးသူတွေအတွက်မျက်ရည်ကျနေပါတယ်။ ပူဆွေးသောကနဲ့ ကျန်ရစ်သူကျွန်ုပ်တို့အနားမှာကိုယ်တော်ဘုရား အတူထိုင်နေမှာပါ။ သင်တို့ရဲ့ပူဆွေးလွမ်းဆွတ်ခြင်းများကို အတူမျှဝေခံယူပါတယ်။ ကျွန်ုပ်တို့သူ့ကိုယုံတယ်။ သူ့ကတိတော်တွေကိုလည်းယုံတယ်။ သူတို့ဟာ ပျောက်သွားကြပေမဲ့ ဆုံးသွားကြတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ ဘုရားရှင်ရှေ့မှောက် ပန်းစည်းလေးတွေနဲ့ ရောက်လာခဲ့ကြတယ်။ သူတို့တွေက ကျွန်ုပ်တို့နဲ့အတူရှိနေတယ်ဆိုတဲ့ ယုံကြည်ခြင်းနဲ့ရောက်လာခဲ့ကြတာပါ။ ဒီနေ့ကျွန်ုပ်တို့အတူလာခဲ့ကြတာဟာ သွားလေသူများအတွက်သာမဟုတ်ပါဘူး၊ ကြေကွဲလွမ်းဆွတ်ခြင်းတွေနဲ့ကျန်နေခဲ့ကြရတဲ့ ကျွန်ုပ်တို့အတွက် "ရှာသော်လည်းမတွေ့၊ကြာသော်လည်းမမေ့ကြတဲ့" ခုလိုအခြေအနေမှာကျွန်ုပ်တို့တစ်ယောက်ကိုတစ်ယောက်က အားပေးဖို့၊ တရားစကားများနဲ့ ဖြေဆည်နိုင်ဘို့၊ နှစ်သိမ့်ရာ စကားများပြောကြဖို့လည်းဖြစ်ပါတယ်" လို့  ဂိုဏ်းချူပ်ဆရာတော်ကြီးမာကုတင်ဝင်းက   နှစ်သိမ့်အားပေးတရားမြွက်ကြားခဲ့တာပါ။

မန္တလေးကက်သလစ်ဂိုဏ်းချူပ်သာသနာမှ ကိုဗစ်တတိယလှိုင်း အတွင်း ကိုဗစ်ဖြင့် ကွယ်လွန်သွားကြသူ တွေထဲမှာ မန္တလေးဇုံမှ ၉၅ ဉီး၊ မုံရွာဇုံမှ ၁၆ ဉီး၊ ရွှေဘိုဇုံမှ ၁၃ ဉီး၊ မိတ္ထီလာဇုံမှ ၅ ဉီး၊ စုစုပေါင်း ၁၂၉ ဉီးရှိခဲ့တာဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

3 + 8 =