မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီကောလာစ်းမန်ထန်း၏ သက်တော်(၇၅)နှစ်ပြည့်နှင့် ရဟန်းဝါတော်(၄၅)နှစ်ပြည့်အခမ်းအနားကျင်းပခြင်း

Archbishop Nicholas Mang Thang, Mandalay Archdioceseဆရာတော်ကြီး နီကောလာစ်းမန်ထန်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီကောလာစ်းမန်ထန်း၏ သက်တော်(၇၅)နှစ်ပြည့်နှင့် ရဟန်းဝါတော်(၄၅)နှစ်ပြည့်အခမ်းအနားကျင်းပခြင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီကောလာစ်းမန်ထန်း၏ ရဟန်း ၀ါတော်(၄၅)နှစ်ပြည့် ဂျူဗလီအခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့ ယေဇူးရွှေနှလုံးတော် စီရင်စု တွင် မေလ (၂၉)ရက်နေ့က ကျင်းပခဲ့ပါသည်။

ဆရာတော်ကြီးသည် မေလ(၂၈)ရက်နေ့က မန္တလေးမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ မန္တလေး သာသနာမှဘုန်းတော်ကြီးအချို့နှင့်အတူရောက်ရှိလာခဲ့ပါသည်။ဆရာတော်ကြီးနှင့်ဘုန်းတော်ကြီးများအား ကျောင်းထိုင်ဘုန်းတော်ကြီင်္းနှင့် ဘာသာတူများက ချင်းရိုးရာဓလေ့အတိုင်း ရိုးရာအကများဖြင့် ဧည့်ခံကာ ကြိုဆိုခဲ့ကြပါသည်။

အဲ့ဒီနောက်  ဆရာတော်ကြီးမှ ဘာသာတူများအား နှုတ်ခွန်းဆက်စကားကိုပြောကြားခဲ့ပြီး ဗဟိုကျောင်း တိုက်သစ်အား ကောင်းချီးပေးကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် မင်းတပ်ချင်းရိုးရာဓလေ့ထုံးစံအတိုင်း နွားနောက်ပူဇော်ပွဲ တော်ကိုကျင်းပခဲ့ပါသည်။နွားနောက်(၈)ကောင်မှာအသီးသီး၏ ရည်ရွယ်ချက်များနှင့်  ကျေးဇူးတင်ခြင်း ဖြင့် ပွဲရှင်နှင့် အလှူရှင်များက ပူဇော်အပ်နှံထားသည့် နွားနောက်များဖြစ်ပါသည်။

နွားနောက်ပူဇော်ခြင်းတွင် ဆရာတော်ကြီးနီကောလာစ်းမန်ထန်းက ယခုလိုလည်း မြွတ်ကြား ခဲ့ပါသေးသည်။“နွားနောက်တွေကိုကြည့်မယ်ဆိုရင်တော့သနားစရာလို့မြင်ရမှာပါ။ဒါပေမယ့် သခင်ခရစ် တော်ဟာလည်းကျွနု်ပ်တို့လူသားတွေအတွက်အသေခံခဲ့တာကိုလည်းပြန်လည်အောက်မေ့ကြည့်ရမယ်။ဒါကြောင့် နွားနောက်တွေကို မြင်ရတာ စိတ်မကောင်းပေမယ့်လည်းပဲ  သူတို့လဲ ခုလို ပွဲတော်မှာ ပါ၀င်တာဟာသနာအတွက်တစ်ဘက်တစ်လမ်းကကြည့်မယ်ဆိုရင်ဘုရားသခင်အတွက်သာသနာပြုတဲ့နေရာမှာနစ်နာမှုတွေအများကြီးရှိတယ်။သခင်ယေဇူးဟာလောကကြီးအတွက်အသေခံသလိုသူတို့ လည်းပဲအသေခံရတယ်။ဒါပေမယ့်လည်းအခုလိုကောင်းချီးပေးခြင်းအားဖြင့်ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာကိုခံခြင်းအားဖြင့်သခင်ခရစ်တော်အတွက်ကျွနု်ပ်တို့လည်းဒီနွားနောက်တွေလိုပါ၀င်ရမှာပါ။ဒါ ကြောင်မိို့လို့ ကျွနု်ပ်တို့ရဲ့ ဘဝဟာ လောကကြီးမှာ ထာဝရ တစ်သတ်ပတ်လုံးနေရမှာ မဟုတ်ဘူး။ တစ်ချိန်မှာ ဘုရားသခင်အတွက် လာတဲ့လမ်းရှိသလို ပြန်တဲ့လမ်းလဲရှိတယ်။ ဒါကြောင့်အဲဒီ အပြန်လမ်း မှာကျွနု်ပ်တို့ ဘုရားသခင်နဲ့ ထာဝရတည်နေနိုင်ဖို့ ထာဝရအသက်ရှင်ခြင်း ရယူဖို့က အဓိ်ပ္ပာယ်ရှိပါတယ်။ ဒါကြောင့်မို့ နွားနောက်တွေကို ပူဇော်တာ ရက်စက်မှုလို့ပြောရင်လဲ မှန်ပေမယ့် လူတွေအတွက် သူတို့လဲ အနစ်နာခံရတယ်။ ထိုနည်းတူစွာ ခရစ်တော်က ကျွနု်ပ်တို့အတွက် ကယ်တင်ခြင်းကို အသေခံပြီးမှ ပေးတယ်ဆိုတဲ့ သင်္ကေတလဲ ပါတယ်။ဒါကြောင့်မို့ ကျွနု်ပ်တို့ လူသားတွေကလဲ လောကမှာ ထာဝရ နေဖို့ မဟုတ်ဘဲနဲ့ ကောင်းကင်နိုင်ငံကိုသွားရမယ်။ ခရစ်တော်နဲ့ ပေါင်းစည်းရမယ်ဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖော်ဆောင်တာဖြစ်တယ်။လူတွေအနေနဲ့လည်း ဘုရားသခင်ရဲ့ မေတ္တာကို နားလည်သဘောပေါက်ပြီး အနစ်နာခံရမယ် ။ ကိုယ့်ရဲ့လူမျိုး၊နိုင်ငံတော်နဲ့ သာသနာအတွက် အားလုံးဟာ အနစ်နာခံ ၊အသေခံရမှာ ဖြစ်တယ်။နွားနောက်တွေကိုကြည့်ခြင်းအားဖြင့် ခရစ်တော်ဟာ အသေခံခဲ့သလို ကျွနု်ပ်တို့ဟာလည်း ဘုရားသခင်အတွက် အနစ်နာခံရမယ်။ဒါမှလဲ ရှင်ပြန်ထမြောက်ခြင်းဖြင့် ကောင်းကင်နို်င်ငံရောက်မယ်။ဒါကြောင့်မို့ ဒီဂျူဗလီပွဲမှာ ကျွနု်ပ်တို့နဲ့ ထပ်တူထပ်မျှ နားလည်နိုင်လောက်တဲ့ သင်ခန်းစာတွေကို ရယူနိုင်ပါတယ်။“ ဟု ဆိုကာ နွားနောက်များအားကောင်းချီးမင်္ဂလာပေးခဲ့့ပါသည်။အဲ့ဒီနောက်ရိုးရာခေါင်အိုးများကိုလည်းကောင်းချီး ပေးခဲ့ပါသည်။

          ညနေပိုင်းတွင်  ဂျူဗလီမစ္ဆားတရားတော်မြတ်ကို ကျင်းပပူဇော်ခဲ့ပါသည်။မစ္ဆားတရားတွင် ကလေးသာသနာမှ ဆရာတော်ကြီး Felix Lain Khen Thang,တောင်ကြီးသာသနာမှ ဆရာတော်ကြီး မာတီးယားဦးရွှေနှင့်အနယ်နယ်အရပ်ရပ်ရှိဂိုဏ်းအသီးသီးမှဘုန်းတော်ကြီးများ၊သီလရှင်များ၊ကိုရင်များနှင့် ဓမ္မမိတ်ဆွေများပါ၀င်ခဲ့ကြပါသည်။

ဂျူဗလီမစ္ဆားတရားတော်မြတ်ကို ကျင်းပခြင်းရာတွင် မွန်ဆီညော် ပေါ်လီနူးစ် မာန်ဟာဂေ (ပျံလွန်)၏ ရဟန်းဝါတော် (၄၅)၀ါ၊ ပြင်သစ် သာသနာပြု ဘုန်းတော်ကြီး Fr.Frunel ၏ ပျံလွန်တော်မူခြင်း နှစ်(၅၀) တို့ကိုပါ အတူတကွအောက်မေ့ကာ ပူဇော်ကျင်းခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါသည်။

မစ္ဆားတရားတော်မြတ်ကို ဆရာတော်ကြီး နီကောလာစ်းမန်ထန်းမှ ဦးဆောင်ကာ ကျင်းပ ပူဇော်ခဲ့ပါ သည်။

ဆရာတော်ကြီးမှ သြဝါဒပေးရာတွင် “ ယနေ့ခေတ်မှာတော့ အမည်အမျိုးမျိုးတပ်ပြီး ဂျူဗလီပွဲတော်ကို ကျင်းပကြပါတယ်။ ကျွနု်ပ်တို့ ဘာသာတူများရဲ့ ဂျူဗလီလုပ်တဲ့ ခံစားချက်ကတော့ ဘုရားသခင်ဟာ အမြဲတမ်း ပစ္စုပ္ပန်ကာလ မှာရှိတယ်။ဒါကြောင့် ဂျူဗလီကို အမြဲတမ်း ကျင်းပနေရမှာဖြစ်တယ်။ဂျူဗလီရဲ့ အဓိပ္ပာယ်ဟာ ၀ိညာဉ်တော်ဘုရား ဘိတ်သိတ်မင်္ဂလာပေးထားသည့် ခမည်းတော်ဘုရားစေလွှတ်လိုက် သော မက်စီယားခရစ်တော်သခင်ကို အမြဲတမ်း ဘာပဲလုပ်လုပ် လမ်းညွှန်ပြီးမှ သူ့ရဲ့ အင်အားဖြင့် လုပ်ဆောင်နိုင်တဲ့၊လုပ်ဆောင်ရတဲ့အခွင့်အရေးဟာဂျူဗလီပါပဲ။ဒါကြောင့်ဂျူဗလီလို့သတ်မှတ်မယ်ဆို ရင်တော့ သခင်ဘုရားပေးထားတဲ့ နေ့ထူးနေ့မြတ်နေ့ကို ကျင်းပတာပဲဖြစ်တယ်။ ဘုရားသခင်ပေးတဲ့ ကျေးဇူးဟာအကန့်အသတ်မရှိိဘူး။လူသားအားလုံးအခြေခံရက်ဟူသမျှရရှိခံစားရတဲ့၊ဖြတ်သန်းရတဲ့နေ့အချိန်ဟာ ကျွနု်ပ်တို့ ဂျူဗလီကို ကျင်းပနေခြင်းပဲဖြစ်တယ်။ ယခုလို (၂၅)နှစ်တွေ၊ (၇၅) နှစ်တွေ ကျင်းပနေပေမယ့် နေ့စဉ်ဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို ဖော်ပြနေတဲ့ လူသားတွေဖြစ်တဲ့အတွက် နေ့တိုင်းဂျူဗလီကို ကျင်းပနေခြင်းပဲဖြစ်တယ်။ဂျူဗလီနှစ်သည် စင်္ကြာဝဋာတစ်ခုလုံးကို ဖန်ဆင်းပြီး အုပ်စိုးပိုင်သတော်မူသော ဖန်ဆင်းရှင်ဘုရားသခင်နှင့် အထူးဆက်နွယ်နေတယ်။လူသားတို့၏ ငြိမ်းချမ်းသာယာခြင်း၊တိုးတက်ခြင်း၊ပျော်ရွှင်ခြင်းတို့အတွက် အလိုရှိနေသောဘုရားသခင်၏အလိုတော်ဆန္ဒအတိုင်းလူသားများအားလုံးကြိုးစားအားထုတ်ပေးရမယ့် တာဝန်ရှိတယ်ဆိုတာကို သတိပေးချင်ပါတယ်။ဒါကြောင့် ဂျူဗလီရယ်လို့ ဖြစ်လာပြီဆိုရင် ကျွနု်ပ်တို့ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးတို့မှာ တတ်အားသရွေ့ ပါဝင်ဖို့ ကြိုးစားဖို့ ဘုန်းတော်ကြီးများ သီလရှင်များနှင့်ဓမ္မဆရာများအပါအဝင် ခေါ်တော်မူခြင်းမှာ ဘုရားသခင်ရဲ့အလိုဆန္ဒကို လိုက်နာဖို့လို အပ်တယ်။ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကို ကောင်းမွန်စွာကျင်းပဖို့အတွက် နှိုးဆော်ပေးတဲ့ နေ့ထူး နေ့မြတ်ဖြစ်တယ်။” ဟုဆိုကာ ဂျူဗလီနေ့ရောက်လျှင် သတိရသင့်သည့်အရာများကို မြွတ်ကြားခဲ့ပါသည်။

အဲ့ဒီနောက် မစ္ဆားတရားအပြီးတွင် ဂျူဗလီရှင်ဆရာတော်ကြီးအား ဂုဏ်ပြုခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။စိန်ထရေဇားသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များက ဂျူဗလီရှင် ဆရာတော်ကြီး အတွက်ဂုဏ်ပြုသြဘာစာကို ဖတ်ကြားခဲ့ပါသည်။ အဲဒီနောက် လူငယ်တစ်ဦးမှလည်း မင်းတပ်ချင်း စကားဖြင့်အဖဆရာတော်အတွက်ဂုဏ်ပြုသြဘာစာကို ဖတ်ကြားခဲ့ပါသည်။

အဲ့ဒီနောက် ဂျူဗလီကိတ်ကို ဆရာတော်သုံးပါးစလုံးမှ စုပေါင်းခွဲကာ ဂျူဗလီမစ္ဆားတရားတော်မြတ်ကို ကျင်းပပြီးစီးခဲ့ပါသည်။

Pinky (MDY-OSC)