မန္တလေးကက်သလစ်သာသနာတော်ကြီးအား ‌ယေဇူးရွှေနှလုံးတော်ထံအပ်နှံဆုတောင်း

မန္တလေးကက်သလစ်သာသနာတော်ကြီးအား ‌ယေဇူးရွှေနှလုံးတော်ထံအပ်နှံဆုတောင်း

မန္တလေးကက်သလစ်သာသနာတော်ကြီးအား ‌ယေဇူးရွှေနှလုံးတော်ထံအပ်နှံဆုတောင်း

၂၆.၆.၂၀၂၂(RVA Myanmar)

၂၆.၆.၂၀၂၂ နံနက် (၇း၀၀) နာရီအချိန်က  မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော် ကက်သီဒြယ် ကျောင်းတော်ကြီး၏ ပွဲနေ့ကို ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်ဦးဆောင်ကာ ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Dominic Jyo Du, Fr.Peter Htwal Sei Myint တို့နှင့်အတူ ကျင်းပပူဇော်ခဲ့ပါသည်။

ဆရာတော်ကြီးက  “ ဒီလိုမျိုး ကျွန်ုပ်တို့ ဆုတောင်းရင်း၊ ဝတ်ပြုကိုးကွယ်ရင်းနဲ့  မန္တလေး ကက်သလစ် သာသနာတော်တစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ကျွန်ုပ်တို့သာသနာတော်ကြီးရဲ့ အခြေအနေ တွေကို သတိရပြီး သူတို့အတွက်လည်း  မစ္ဆားတရားမှာ အထူးသတိရကာ ဆုတောင်းပေးကြရန် “  ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးဆရာတော်က ဒီကနေ့မှာ ရွှေနှလုံးတော်ပွဲနေ့ကို ကျင်းပနေကြကြောင်း၊ ဒီနေ့မှာပဲ ရဟန်းဘုန်း တော်ကြီးများ ရဲ့ ဖြူစင်ခြင်းပါရမီ အတွက် တစ်ကမ္ဘာလုံးနေရာအနှံ့အပြားမှာ ဆုတောင်းပေးကြဖို့ သာသနာ တော်က သတ်မှတ်ထားပေးထာကြောင်း၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကိုယ်တော်မြတ် ပွဲနေ့ကိုကျင်းပခဲ့ပြီး၊ မနေ့က (ဇွန်လ ၂၅ရက်နေ့)၊ မယ်တော်မာရီယား၏အပြစ်မဲ့သောနှလုံးတော်ပွဲကိုကျင်းပခဲ့ပြီး  ယနေ့တွင် ရွှေနှလုံးတော်ပွဲ ကို ကျင်းပနေကြောင်း မြွတ်ကြားခဲ့ပါသည်။

ဆရာတော်က ရွှေနှလုံးတော်ပွဲတော်ကျင်းပရင်း ပြောကြားရာ၌  “ကျွန်ုပ်တို့   နားလည်ရမှာက လူ့ရဲ့နှလုံးသား ဆိုတာက ချစ်ခြင်းမေတ္တာ ကိုလည်းဖော် ညွှန်းပေးနေသလို ချစ်ခြင်းမေတ္တာ၏ဆန့်ကျင် ဘက်အရာ ကြောင့်လည်း ကြေကွဲဝမ်းနည်းရတတ်ကြောင်း၊ကွဲအက်တတ်ရကြောင်း နှင့် ဘုရားသခင်ရဲ့  ချစ်ခြင်းမေတ္တာတော်ကတော့ ကျွန်ုပ်တို့အပေါ်မှာ မည့်သည့်အခါမှမပြောင်းလဲပဲ အလွန်တရာ ကြီးမားသည့်အကြောင်း “ များကို မြွတ်ကြား ခဲ့ပါသည်။

ယေဇူးရွှေနှလုံးတော်ပွဲနေ့တွင်  ကမ္ဘာတစ်ဝှမ်းလုံးမှ ကက်သလစ် ရဟန်းတော်များ သန့်ရှင်းစင်ကြယ်ခြင်း ရှိစေ ရန်အတွက်ဆုတောင်းပေးရသောနေ့ဖြစ်ပြီး၊မန္တလေးကက်သလစ်သာသနာတော်ကြီးနှင့်ရွှေနှလုံးတော်ကျောင်းထိုင် ဘုန်းတော်ကြီးနယ်တစ်ခုလုံးကို  ရွှေနှလုံးတော်ထံ အပ်နှံထားသည့်နေ့လည်းဖြစ်ပါသည်။

News by – Pinky

#rvamyanmar #rvapastoralcare #LocalNews #MostSacredHeartofJesus #ArchdioceseofMandalay #SacredHeartCathedralMandalay 

 

 

Add new comment

3 + 2 =