မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသာနာလုံးဆိုင်ရာလူငယ်များမှ ကိုဗစ်19 ကပ်ရောဂါကာလအတွင်းကူကယ်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်း။

(21.7.2021) RVA Myanmar

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာလူငယ်ကော်မရှင်မှဦးဆောင်၍ ယခုလတ်တလော ဆိုးရွားစွာဖြစ်ပွားနေသော ကိုဗစ်19 ကပ်ရောဂါဆိုးကြောင့် လူအများအခက်အခဲကြုံနေရသည်ကိုတွေ့ရှိရသဖြင့် လူငယ်များမှ ၎င်းတို့တတ်နိုင်သည့်ဘက်မှ ကူကယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးမည့်အစီအစဥ်ကို ယနေ့ ဇူလိုင်လ (21) ရက်နေ့က စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြပါသည်။

ပထမဦးစွာ ဆရာတော်ကြီးကျောင်းတိုက်ရှိ စားဖိုဆောင်နှင့် စိန့်ဂျိုးဇက်(လဖုန်း) သာသနာအုပ်စုအတွင်းရှိ နေအိမ်များသို့ ပိုးသတ်ဆေးများလိုက်လံဖျန်းပေးခဲ့ကြပါသည်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များအနေဖြင့် လုပ်ဆောင်ပေးသွားမည့် ကူကယ်ရေးလုပ်ငန်းများမှာ Covid19 Positve ဖြစ်နေသောအိမ်များမှ အသွားအလာခက်ခှဲရှိပါက စျေးဝယ်ပေးခြင်း၊ Oxygen ကူရှာပေးခြင်း၊ Medical Team ဖြင့်ချိတ်ဆက်ပေးခြင်း၊ အိမ်များ၊လမ်းများ၊ ရပ်ကွက်များ၌ ပိုးသတ်ဆေးများလိုက်လံဖျန်းပေးခြင်း၊ များကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာလူငယ်ဥက္ကဌ ကိုတင်အောင်မြင့်က ပြောပြခဲ့ပါတယ်။ ယခုလောလောဆယ်အနေဖြင့် ကက်သလစ်ဘာသာတူ ရပ်ကွက်များသို့ ဦးစားပေးလိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြေအနေပေးပါက လူမျိုးဘာသာမရွေး ကူညီပေးသွားမည်ဟုလည်းဆိုပါတယ်။

လူငယ်များမှ တနိုင်တနိုင်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အလှူငွေများထည့်သွင်းလိုပါကလည်း လမ်း80-34×35ကြားရှိ ယာယီဖွင့်လှစ်ထားသော လူငယ်ရုံးခန်းသို့ လာရောက်လှူဒါန်းနိုင်တယ်လို့လည်း လူငယ်ဥက္ကဌ က ပြောပြခဲ့ပါတယ်။

အခက်အခဲဖြစ်နေသောသူများအနေဖြင့် လည်း အကူအညီလိုအပ်ပါက

ကိုတင်အောင်မြင့် 09402640983/

ကိုညဏ်လင်းအောင် 09960198606 /

ကိုရော်နယ် 09448000101 တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

Photos News by - Pinky

#rvamyanmar

#rvapastoralcare

#covid19Volunteer

#mandalaycatholicyouth

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များအနေဖြင့် လုပ်ဆောင်ပေးသွားမည့် ကူကယ်ရေးလုပ်ငန်းများမှာ Covid19 Positve ဖြစ်နေသောအိမ်များမှ အသွားအလာခက်ခှဲရှိပါက စျေးဝယ်ပေးခြင်း၊ Oxygen ကူရှာပေးခြင်း၊ Medical Team ဖြင့်ချိတ်ဆက်ပေးခြင်း၊ အိမ်များ၊လမ်းများ၊ ရပ်ကွက်များ၌ ပိုးသတ်ဆေးများလိုက်လံဖျန်းပေးခြင်း၊ များကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာလူငယ်ဥက္ကဌ ကိုတင်အောင်မြင့်က ပြောပြခဲ့ပါတယ်။ ယခုလောလောဆယ်အနေဖြင့် ကက်သလစ်ဘာသာတူ ရပ်ကွက်များသို့ ဦးစားပေးလိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြေအနေပေးပါက လူမျိုးဘာသာမရွေး ကူညီပေးသွားမည်ဟုလည်းဆိုပါတယ်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များအနေဖြင့် လုပ်ဆောင်ပေးသွားမည့် ကူကယ်ရေးလုပ်ငန်းများမှာ Covid19 Positve ဖြစ်နေသောအိမ်များမှ အသွားအလာခက်ခှဲရှိပါက စျေးဝယ်ပေးခြင်း၊ Oxygen ကူရှာပေးခြင်း၊ Medical Team ဖြင့်ချိတ်ဆက်ပေးခြင်း၊ အိမ်များ၊လမ်းများ၊ ရပ်ကွက်များ၌ ပိုးသတ်ဆေးများလိုက်လံဖျန်းပေးခြင်း၊ များကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာလူငယ်ဥက္ကဌ ကိုတင်အောင်မြင့်က ပြောပြခဲ့ပါတယ်။ ယခုလောလောဆယ်အနေဖြင့် ကက်သလစ်ဘာသာတူ ရပ်ကွက်များသို့ ဦးစားပေးလိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြေအနေပေးပါက လူမျိုးဘာသာမရွေး ကူညီပေးသွားမည်ဟုလည်းဆိုပါတယ်။

Add new comment

17 + 0 =