မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ စိန့်မိုက်ကယ်သံဝင်းဘုရားကျောင်းတွင် သင်္ကြန်ကာလအတွင်း ကျမ်းစာသင်တန်းနှင့်ဝတ်စောင့်ပွဲဲပြုလုပ်ခဲ့ခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ စိန့်မိုက်ကယ်သံဝင်းဘုရားကျောင်းတွင် သင်္ကြန်ကာလအတွင်း ကျမ်းစာသင်တန်းနှင့်ဝတ်စောင့်ပွဲဲပြုလုပ်ခဲ့ခြင်း။

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန့်မိုက်ကယ်သံဝင်းဘုရားကျောင်း၌ ကျမ်းစာသင်တန်းနှင့် ဝတ်စောင့်ခြင်းကို ဧပြီလ (12မှ14) ရက်နေ့အထိ သုံးရက်တာပြုလုပ်ခဲ့ကြပါသည်။

သုံးရက်တာသင်တန်း၌ သမ္မာကျမ်းစာများဝေမျှထောက်ရှုခြင်း၊ အာပတ်ဖြေခြင်း၊ချီးမွမ်းကိုးကွယ်ခြင်း၊ကိုယ်တော်မြတ်ကိုးကွယ်ခြင်း စသည့်အစီအစဉ်များပါဝင်ခဲ့ပါသည်။

သုံးရက်တာသင်တန်းပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ဦးဆောင်သူ Rev. Fr. Augustine Win Myint က အဓိက ဝါကြီးဝင်တဲ့အချိန်ဖြစ်နေတဲ့အတွက် ဘာသာသူတွေကို စစ်မှန်တဲ့နောင်တရပြီးတော့၊ဘုရားသခင်ထံတိုးဝင်နိုင်အောင်၊ ဘုရားနဲ့ပိုမိုရင်းနှီးစေဖို့၊ နှုတ်ကပတ်တော်နဲ့အညီရှင်သန်နိုင်တဲ့သူတွေဖြစ်စေဖို့ ၊ ကိုယ်တော်မြတ်စက္ကရမင်တူးကိုတန်ဖိုးထားတတ်ဖို့၊အာပတ်ဖြေခြင်းစက္ကရမင်တူးကိုတန်ဖိုးထားတတ်ဖို့၊ အသင်းတော်ကိုချစ်ခင်တတ်ဖို့၊စတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်။ " လို့ RVA ကိုပြောပြပါတယ်။

ဆက်လက်ပြီးလည်း Fr. က '' လူငယ်များ ဘုရားသခင်နဲ့ပိုမိုထိတွေ့ပြီး ဘုရားနဲ့အသက်ရှင်တတ်တဲ့လူငယ်တွေဖြစ်လာစေဖို့အတွက်ရည်ရွယ်ခဲ့သည့်အတိုင်း သင်တန်းကာလအတွင်း လူငယ်များအာပတ်ဖြေခြင်းစက္ကရမင်တူး၌ များပြားစွာပါဝင်လာတာကိုတွေ့ခဲ့ရတယ်လို့ Fr. Augustine Win Myint က RVA သို့ပြောပြခဲ့ပါသည်။ 

ကျမ်းစာသင်တန်းတွင်ပါဝင်ခဲ့သော လူငယ်တစ်ဦးဖြစ်သူ Angelo Aung Khaing Ooကလည်း '' ကိုဗစ်ကပ်ရောဂါအလွန်ကာလမှာ အခုလို လူကိုယ်တိုင်ကိုယ်ကြ အပြင်မှာဆုံတွေ့ခွင့်ရကြတဲ့အခါ အချင်းချင်းရင်းနှီးမှုတွေရကြတယ်။လူငယ်နဲ့လူကြီးတွေရဲ့ကြားထဲမှာလည်း ဆက်ဆံရေးတွေပိုကောင်းလာတယ်။တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာရတယ်။သူတို့ရဲ့နှလုံးသားထဲမှာဖြစ်နေတဲ့အရာတွေကိုပိုသိ၊ပိုနားလည်လာတယ်။
သင်တန်းတတ်ခြင်းအားဖြင့်အကျိုးကျေးဇူးတွေများစွာရရှိခဲ့တယ်လို့လည်း Aung Ko က ပြောပြပါတယ်။ 
Angelo က '' Fr. နဲ့ဆရာတို့ ဝေမျှပေးခဲ့တဲ့ကျမ်းပိုဒ်တွေအားဖြင့် ကိုယ့်ရဲ့အပြစ်တရားတွေကိုပိုပြီးသိလာတယ်။ဘုရားရဲ့အကြောင်းတွေပိုသိလာတယ်။ဘုရားကိုပိုပိုပြီးဆာငတ်လာတယ်လို့ Angelo က RVA ကိုပြောပြပါတယ်။ 

ဆက်လက်ပြီးလည်း သူက သင်တန်းတတ်ခြင်းအားဖြင့်သူရဲ့အသက်တာမှာပြောင်းလဲမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

'' ဘုန်းတော်ကြီးနှင့်ဆရာတို့ဝေမျှပို့ချခဲ့တဲ့ထဲကအတိုင်း ကိုယ်တိုင်က ထွန်းလင်းသွားပြီဆိုရင် တစ်ပါးသူကိုအလင်းပေးနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့အတိုင်း ကိုယ်ကဒီကျမ်းစာသင်တန်းကိုတက်ခဲ့ခြင်းအားဖြင့် ကိုယ်ဒီမှာတက်ပြီးရရှိခဲ့တဲ့ အရာတွေနဲ့ကိုယ်တိုင်ကျင့်ဆောက်တည်ပြီး ဘုရားရဲ့နှုတ်ကပတ်တော်နဲ့အညီ နေထိုင်ပြီး တစ်ပါးသူကိုလမ်းပြနိုင်တဲ့သူ၊ တစ်ပါးသူကို ကူညီနိုင်တဲ့သူ ဖြစ်အောင် နေထိုင်သွားမယ်ဆိုတဲ့ ခံယူချက်တွေထားရှိနိုင်ခဲ့တယ်။ '' လို့ သူ့ရဲ့ ကျမ်းစာသင်တန်းအားဖြင့်အမြင်တွေပြောင်းလဲခဲ့ပုံကို RVA ကိုပြောပြခဲ့ပါသည်။
ကျမ်းစာသင်တန်းတွင်ပါဝင်သူလူငယ်တစ်ဦးဖြစ်သူ Peter Zaw Linn Htet Naing ကလည်း " ကျမ်းစာသင်တန်း သင်နေစဥ် အချိန် ကာလအတွင်း မိနစ်တိုင်း စက္ကန့်တိုင်းဟာ ကျနော့်အတွက်ခွန်အားလည်းဖြစ်စေတယ်၊ဒီသင်တန်းကိုသူငယ်ချင်းမိတ်ဆွေတွေနဲ့ရော၊ ညီငယ်ညီမငယ်တွေနဲ့ရော လူကြီး မိဘတွေနဲ့ပါ အတူတကွ ပါဝင်ပြီး ဘုရားရဲ့နှုတ်ကပတ်တော်အကြောင်းကိုသင်ယူခွင့်ရတဲ့အတွက်အရမ်းကိုဝမ်းမြောက်ရပါတယ်။ 
Peter က သူ့အနေနဲ့ယခင်က လွဲမှားတဲ့အတွေးအခေါ်အယူအဆတွေရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်လို့သူကပြောပြပါတယ်။

 " အရင်ကဆို ဘုရားနဲ့စိတ်ဆိုးတာ စိတ်ကောက်တာတွေရှိတယ်၊ ဘုရားပြောတဲ့အသံကို နားမထောင်ပဲ ကျနော်လိုချင်တဲ့အရာတွေကိုပဲ ကျနော်ကတောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဘုရားက ကျနော့်ကို ဘယ်လိုဖြစ်စေချင်လဲဆိုတာ ကျနော်ကမမေးခဲ့ဘူး။ အဲ့အတွက် ကျနော်က အကြောင်းအရာလေးတစ်ခုကိုသိလာတယ်။ မြန်မာနိုင်ငံမှာအခုလိုခေတ်ကာလကြီးကိုဖြတ်ကျော်ဖို့ဆိုတာက အပြင်စိတ်ထားနဲ့ဆိုမရဘူး။ စိတ်ပိုင်းဆိုင်ရာအရဆို ကျနော်ကပြိုလဲသွားနိုင်တယ်။ ဒါပေမဲ့ ဘာသာတရားက ကျနော့်ကိုမပြိုလဲအောင်ထိန်းသိမ်းထားလိုက်တယ်။အဲ့ဒီအတွက်အရမ်းအကျိုးရှိတယ်။ ကျနော့်မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေခံစားရလိမ့်မယ်လို့ယုံကြည်ထားတယ်။ကျနော်က စိန့်မိုက်ကယ်သံဝင်းမှာလင်းနေရုံမက တခြားနေရာတွေမှာလဲ ဘုရားရဲ့ကျေးဇူးတော်အားဖြင့်အလင်းတွေကို လက်ဆင့်ကမ်းပေးနိုင်တဲ့သူတစ်ယောက်အဖြစ်ရှိနေချင်တယ်။ ဘုရားသခင်အသုံးပြုခံရတဲ့သူတစ်ယောက်အဖြစ်နေချင်တယ်။ ဘုရားသခင်က တကယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်။ သူ့ကို ယုံကြည်ပြီး ဆုတောင်းပါ။သူ့ရှေ့မှာ ဒူးထောက်နေရင် ဘယ်အရာမှ မနှောက်ယှက်နိုင်ဘူး အဲ့ဒါက ကျနော့်ရဲ့ယုံကြည်ခြင်းတစ်ခုပဲ ။ဒီအချိန် ဒီလိုကာလ စိတ်ညစ်တယ်၊ ဒုက္ခများတယ်၊ စိတ်ဖိစီးမှုများတယ် ၊ စိတ်တိုစရာတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာတော့ အမှန်ပါ ဒါပေမဲ့လည်း ဘုရားတရားကိုပိုအားစိုက်ထုတ်တဲ့အခါ ကောင်းချီးမင်္ဂလာက ရှိနေမှာပါ ဟုဆိုကာ သူ့ရဲ့ ယုံကြည်ခြင်းပိုမိုခိုင်မြဲလာပုံကို RVA သို့ ပြောပြခဲ့ပါသည်။ 

ဆက်လက်ပြီး သင်တန်းတွင်ပါဝင်ခဲ့သူ အသက်အလတ်ပိုင်းအရွယ် ဒေါ်မောနီကားထိုက်ထိုက်မှလည်း ကိုဗစ်အလွန်ကာလမှာအခုလိုပါဝင်တက်ရောက်ခွင့်ရတဲ့အတွင်ဝမ်းမြောက်မိပါတယ်လို့ဆိုပါတယ်။ ကျမ်းစာသင်တန်းတက်ခြင်းအားဖြင့် အကျိုးကျေးဇူး များစွာရရှိခဲ့ပုံက်ူလည်းပြောပြခဲ့ပါတယ်။
 "ကျမ်းစာသင်တန်းမှာပါဝင်ခဲ့ခြင်းအားဖြင့် ဝိညာဥ်အတွက်သာမက ကိုယ်ကာယအတွက်ပါခွန်အားတွေရခဲ့တယ်။ 

ဆက်လက်ပြီးသူမက ယခုသင်တန်းမှာ သူမရရှိခဲ့တဲ့အရာများကို ညနေတိုင်းအမေ့ကိုပြန်လည်ဝေမျှဖြစ်ခဲ့ပုံကိုလည်းပြောပြခဲ့ပါတယ်။ 

''အမေက အဝေးမှာဆိုတော့ သင်တန်းပြီးလို့ညနေရောက်တိုင်း ဖုန်းဆက်ပြီး သင်တန်းမှာကိုယ်ရခဲ့အရာတွေကို ပြန်ဝေမျှပေးဖြစ်တယ် ။ Fr. ပြောသွားတဲ့အထဲက မစ္ဆားတရားအတွင်းမှာ စိပ်ပုတီး စိပ်ခြင်းမပြုလုပ်ရဘူးဆိုတဲ့အရာကိုသိခဲ့ရတယ်။ မစ္ဆားတရားဆိုတာ ကိုယ်တော်မြတ်နဲ့ပေါင်းစပ်တာ ဘုရားနဲ့ပေါင်းစပ်တဲ့အချိန် အဲ့ချိန်မှာ စိပ်ပုတီးမစိပ်နဲ့ စိပ်ပုတီးကို ဘုရားကျောင်းပြီးမှ စိပ်ရမယ်။ အမေဆို အသက်ကြီးတော့ ထိုင်တာထတာ ဒူးထောက်တာတွေမလုပ်နိုင်တော့ စိပ်ပုတီးလေးပဲထိုင်ထိုင်စိပ်နေတယ်။အမေ အဲ့ဒါမျိုးတွေမလုပ်နဲ့တော့နော်ဆိုပြီး အမေ့ကိုပြန်ပြောပြနိုင်တယ်။ ''
ဆက်လက်ပြီးသူမက သူ့ရဲ့အသက်တာမှာလဲပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ဆန္ဒတွေရှိလာခဲ့တယ်လို့လည်းဆိုပါတယ်။ 
'' အပြစ်ထဲမှာဘယ်လောက်ပဲကျရောက်ရောက် ရအောင်ရုန်းထွက်မယ်။အန်တီတို့လုပ်နေတဲ့စီးပွားရေးလုပ်ငန်းဟာဆိုရင်လဲဘုရားမကြိုက်တဲ့အရာတွေပါကောင်းပါနိုင်တယ်။အဲ့ဒါကအစ ရအောင်ရုန်းထွက်မယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ကိုယ်တိုင်လဲကြိုးစားမယ်။ ဘုရားရဲ့လက်ထဲကိုလဲအပ်ထားတယ်။အခုလိုအခက်အခဲကာလ၊ မျှော်လင့်ချက်တွေ ကင်းမဲ့နေတဒီလို
ကာလကြီးမှာ ဘုရားရှိတဲ့အတွက် မျှော်လင့်ခြင်းဟာအမြဲတမ်းရှိနေတယ်။ ဘုရားရှိတဲ့အတွက်အန်တီတို့မှာ ခွန်အားတွေရှိနေတယ်။ ဘေးနားမှာ ဘုရားရှိနေတယ်လို့ခံစားရတယ် ။အရင်ကဆိုရင် ဘုန်းကြီးတွေကဆုတောင်းပေးမှ၊ ဘုန်းကြီးတွေပဲအနာရောဂါပျောက်တာ လုပ်လို့ရမယ်လို့ထင်ထားခဲ့တာ အခုတော့ အန်တီတို့မှာလဲတန်ခိုးရှိတယ်။ အန်တီတို့ကလဲအဲ့ဒီတန်ခိုးကိုသုံးနိုင်ရမယ်ဆိုတာကို ဒီသင်တန်းအားဖြင့်ရှင်းရှင်းလင်းလင်းသိခဲ့ရတယ်။ ခုဆိုရင် နေမကောင်းတဲ့လူတစ်ယောက်ကို ဆုတောင်းပေးမယ်နော်ဆိုပြီး လက်ကိုင်ပြီးဆုတောင်းပေးတတ်လာပြီ။မနေ့ကစပြီးလုပ်ဖြစ်တယ်။ " ဟု ကျမ်းစာသင်တန်းတတ်ခဲ့ခြင်းအားဖြင့် သူမရဲ့အသက်တာပြောင်းလဲလာပုံကို RVA သို့ပြောပြပေးခဲ့ပါသည်။ 

နှစ်စဥ် သင်္ကြန်ကာလရောက်တိုင်း လူငယ်သင်တန်းများ၊ ဝတ်စောင့်ပွဲများနှင့်ကျမ်းစာသင်တန်းများကို သာသနာလုံးဆိုင်ရာအလိုက် လုပ်ဆောင်လေ့ရှိကြသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်တာ မလုပ်ဆောင်နိုင်ခဲ့ရာမှာယခုအခါ မန္တလေး မြို့ အတိုင်းအတာအနေနဲ့ ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။  သံုးရက်တာသင်တန်းအတွင်း Rev. Fr. Augustine Win Myint နှင့် ဆရာဦးဂျိုးဇက်တို့က ဦးဆောင်ကာ ဝေမျှပို့ချပေးခဲ့ပြီး ၊နံနက် (9:00) နာရီမှ ညနေ  (3:00) နာရီထိ  ပို့ချပေးခဲ့တာလည်းဖြစ်ပါတယ်။ သင်တန်းတွင် မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စုအသီးသီးမှ ဘာသာသူ (100) ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Add new comment

8 + 2 =