မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၌ အထူးအစီအစဉ်အနေဖြင့် ကလေးများအား နွေရာသီ ဘုရားစကားသင်ကြားခြင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၌ အထူးအစီအစဉ်အနေဖြင့် ကလေးများအား နွေရာသီ ဘုရားစကားသင်ကြားခြင်း လုပ်ဆောင်နေမှုများကို ဆရာတော်ကြီး မာကုတင်ဝင်းကိုယ်တိုင် လှည့်လည်အားပေးကြည့်ရှု့ခဲ့ခြင်း။
(၁၀.၃.၂၀၂၀) ။
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း၏ လမ်းညွှန်ချက်အတိုင်း နွေရာသီ ဘုရားစကားသင်တန်းများကို မတ်လ(9) ရက်နေ့မှစတင်၍ မန္တလေးသာသနာအတွင်းရှိ သာသနာအုပ်စု အသီးသီး၌ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် အတူ သီလရှင်များ ၊ ဓမ္မဆရာ/မ များ နှင့် လူငယ်များမှ တတ်ကြွစွာဖြင့် ဝိညာဉ်ရေးနှင့် အထွေထွေ ဗဟုသုတဆိုင်ရာများကို သင်ကြားလျှက်ရှိနေပါတယ်။ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းသည် ၎င်း၏ နွေရာသီဘုရားစကားသင်ကြားရေး အထူးအာပေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေကြသည့် မန္တလေးမြို့ပေါ်ရှိ (ရွှေနှလုံးတော် ကက်သီဒြယ်၊ စိန်ဂျိုးဇက်-လဖုန်း ၊ စိန်မိုက်ကယ်-သံဝင်း၊ စိန်ဇေးဗီးယား၊) စသည့် ဘုရားကျောင်းများသို့ ( ၁၀.၃.၂၀၂၀) နံနက်ပိုင်းက ဘုရားစကားသင်ကြားပေးသူများနှင့် ဘုရားစကား သင်ကြားနေသည့်ကလေးများဆီသို့ သွားရောက် အားပေးကြည့်ရှုခဲ့ပါသည်။
စိန်ဂျိုးဇက်နှင့် စိန်မိုက်ကယ်သာသနာအုပ်စု၌ ကလေးငယ်ပေါင်းအယာက် (၇၀) ကျော် ပါဝင်တက်ရောက်ကြပြီး ၊ ကက်သီဒြယ် ၌ ကလေးငယ်ပေါင်း အယောက် ( ၄၀) ကျော် ၊ စိန်ဇေးဗီးယား၌ ကလေးငယ်ပေါင်း အယောက် ( ၃၀) ကျော်လာရောက်တက်ရောက်လျှက်ရှိသည်ကိုတွေ့ရှိခဲ့ရပါသည်။
အဆိုပါ ဘုရားစကားသင်ကြားခြင်း၌ စက္ကရမင်တူးဆိုင်ရာများ၊ သမ္မာကျမ်းစာဆိုင်ရာများ ၊ ကက်သလစ်အသင်းတော်၏ သမိုင်းကြောင်းများနှင့် ဘုရားသီချင်းများကို သင်ကြားပို့ချပေးတယ်လို့လည်းသိရှိခဲ့ရပြီး စိန်ဇေးဗီးယား ဘုရားကျောင်း၌ကလေးငယ်များအားဝိညာဉ်ရေးဆိုင်ရာဘုရားစကားသင်ကြားပေးခြင်းအပြင် အင်္ဂလိပ်စကားပြောသင်ကြားပေးခြင်းလည်းပါဝင်တယ်လို့ သိရှိရပါသည်။သာသနာအုပ်စုအသီးသီး၌ ဘုရားစကားသင်ကြားခြင်းကို နံနက်(၈း၃၀)မှ နေ့လည် (၁၂း၀၀)ထိ သင်ကြားပေးလျှက်ရှိပြီး၊ စိန်မိုက်ကယ်သံဝင်း သာသနာအုပ်စု၌ နံနက် ( ၈း၃၀ ) မှ ညနေ (၃း၀၀) နာရီထိ သင်ကြားပေးသွားမည်ဟုလည်းသိရှိရပါသည်။
အဆိုပါ နွေရာသီ ဘုရားစကားသင်ကြားခြင်းအား ကလေးငယ်များ ဘာသာတရားရေးဆိုငိရာ အသိအမြင်များ ပိုမို သိရှိနားလည်လာရေးအတွက် တစ်လတာ အထူးသင်ကြားခြင်းဖြစ်တယ်လို့သိရှိရပါသည်။
Photos News by - Pinky

Add new comment

15 + 5 =