မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း ခရစ္စမတ်ပွဲတော်နေ့ရက်များ၌ ပျော်ပွဲရွှင်ပွဲနှင့် အလှဆင်ခြင်းများမပြုလုပ်ရန်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း ခရစ္စမတ်ပွဲတော်နေ့ရက်များ၌ ပျော်ပွဲရွှင်ပွဲနှင့် အလှဆင်ခြင်းများမပြုလုပ်ရန်ထုတ်ပြန်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း ခရစ္စမတ်ပွဲတော်နေ့ရက်များ၌ ပျော်ပွဲရွှင်ပွဲနှင့် အလှဆင်ခြင်းများမပြုလုပ်ရန်ထုတ်ပြန်

*************************

26.11.2021(RVA Myanmar)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိဘာသာတူများအနေဖြင့် ခရစ္စမတ်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် အတွက် အမှာစာတစ်စောင်ကို ယနေ့ ၊ နိုဝင်ဘာလ (26) ရက်နေ့ ရက်စွဲပါ စာဖြင့် ဆရာတော်မာကုတင်ဝင်းမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်စာတွင် ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးမစ္ဆားတရားတော်မြတ် ကို သာသနာမှ ညွှန်ကြားထားသော ကိုဗစ်စည်းကမ်းများနှင့်အညီသာ ပူဇော်ကြရန် ပြောကြားထားပြီး မပြုလုပ်ရမည့်အချက်များမှာ ခရစ္စမတ်ကယ်ရယ်သီချင်းများသီဆိုခြင်း၊ ခရစ္စမတ် သီချင်းများကို ဆောင်းဘောက်စ်များဖြင့်ဖွင့်ခြင်း၊ လူစုလူဝေးဖြင့်ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ ၊ ဧည့်ခံပွဲများကျင်းပခြင်း၊ ဘုရားရှိခိုးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို ယခင်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာဆင်ခြင်းများဖြင့် ပြင်ဆင်ပူဇော်ခြင်း၊ ပွဲတော်မြတ်နှင့် ပတ်သက်၍ မိမိတို့၏ မိသားစုတို့၏ မည့်သည့်ပုံရိပ်မျိုးကိုမှ လူမှုကွန်ယက်များတွင် ဖော်ပြခြင်း) များအား မပြုလုပ်ကြရန် မန္တလေး ကက်သလစ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်းမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆက်လက်၍ ဆရာတော်က ပျော်ပွဲရွှင်ပွဲများအစား '' အာပတ်ဖြေခြင်း၊ မစ္ဆားနာယူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဒုက္ခရောက်နေသူများကို ကူညီခြင်း၊ အလှူဒါနပြုခြင်း၊ စသည့် မြင့်မြတ်ရာများပြုကြလျက် အမျှပြည်သူများနှင့် ထပ်တူထပ်မျှ ရှိနိုင်ကြပါစေ '' ဟုပြောကြားထားပါသည်။

News by - Pinky

#rvamyanmar #rvapastoralcare #Christmas #ArchdioceseofMandalay

Add new comment

6 + 13 =