မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သီလရှင်ကျောင်းများ၊ ဘရယ်သာရ်ကျောင်းများ၊ ဓမ္မဆရာ၊ ဓမ္မဆရာမများအား စားသောက်ကုန်များလှူဒါန်းခြင်း

(18.1.2021)

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်း၏ အကူအညီတောင်းခံမှုအရ Church in need ကက်သလစ်အဖွဲ့အစည်းမှ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ သီလရှင်ကျောင်းများနှင့် ဘရယ်သာရ်ကျောင်း (56)ကျောင်း အား ဆန်(24)ပြည်အိတ် (2)အိတ် ၊ ဆီ (15) ပိဿနှင့် ငွေသား သုံးသိန်းသုံးသောင်းအားလည်းကောင်း၊ ဓမ္မဆရာ၊ ဓမ္မဆရာမ (35)ဦးအား ဆန် (24)ပြည်အိတ် (1)အိတ် ၊ ဆီ (15)ပိဿ နှင့် ငွေသား နှစ်သိန်းခွဲ အားလည်းကောင်း၊ ဘာသာပေါင်းစုံမှ အခက်အခဲရှိသော မိသားစု (250) ဦးအား ဆန် (24)ပြည် တစ်အိတ်၊ ဆီ (5)ပိဿ စသည်တို့အား (18.1.2021) ရက်နေ့ ညနေ (3:00)နာရီအချိန်က မန္တလေးကက်သလစ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းကိုယ်တိုင် သွားရောက်ပေးလှူခဲ့ပြီး ဆရာတော်ကြီးမှ ၎င်းတို့အား အားပေးနှစ်သိမ့်စကားများကိုလည်း မြွတ်ကြားခဲ့ပါသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အမှန်တကယ် အခက်အခဲနှင့်ရင်ဆိုင်နေကြရသည့်အတွက် ဆရာတော်ကြီး၏ တောင်းဆိုမှုကို Church in need ကက်သလစ် အဖွဲ့အစည်းက ယခုလို လက်ခံကူညီပေးခဲ့ခြင်းဖြစ်တယ်ဟု ဦးဆောင်၍ လှုပ်ရှားဆောင်ရွက်ပေးခဲ့သည့် Rev. Fr. Augustin Wint Myint ၏ ပြောပြချက်အရ သိရှိရပါသည်။

Photos News By- Pinky

Add new comment

11 + 1 =