မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ခြင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ခြင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ခြင်း
၇-၈၊ ၃၊ ၂၀၂၀။
အပြစ်မဲ့သန္ဓေယူသောမယ်တော်သခင်မဘုရားကျောင်း၊ မြင်းခြံမြို့။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ပွဲ အား အပြစ်မဲ့သန္ဓေယူသောမယ်တော်သခင်မဘုရားကျောင်း၊ မြင်းခြံမြို့ တွင် မတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဝတ်စောင့်ပွဲ ပထမနေ့တွင် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်သြဂတ်စတင်း ဝင်းရွှေမှ လူငယ်ခေါင်းဆောင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် ယခုကဲ့သို့ နယ်များတွင် လာရောက် ပြုလုပ်သည့်အတွက်လည်း အလွန်ပင်ပျော်ရွှင်ဝမ်းမြောက်မိပါကြောင်းကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဝတ်စောင့် အဖွင့်ရက်တွင် လူငယ်ခေါင်းဆောင်များသည် တစ်နာရီ ကိုယ်တော်မြတ် ကိုးကွယ်ခြင်းဖြင့်စတင်ခဲ့ပါသည်။ ကိုယ်တော်မြတ်ကိုးကွယ်ခြင်းတွင် လူငယ်များသည် မိမိတို့ဘဝတွင် ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ ကို သမ္မာကျမ်းစာဖြင့် ထောက်ရှု စဉ်းစားခွန်အားယူခဲ့ကြပါသည်။ ထို့နောက် လူငယ်နှင့် သမ္မာကျမ်းစာနောက်ခံသမိုင်း ဟူသောခေါင်းစဉ်ဖြင့် – ကိုစည်သူဝင်း (အတွင်းရေးမှူး၊ မန္တလေးကက်သလစ်လူငယ်ကော်မရှင်) မှ လည်းကောင်း၊ မစ္ဆားတရား၏ လေးနက်သောအနှစ်သာရများ ဟူသော ခေါင်းစဉ်ဖြင့် ဦးစိုးနိုင် (မိသားစုရေးရာ ဒါရိုက်တာ၊ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ) မှ လည်းကောင်း အသီးသီး ဝေမျှပို့ချခဲ့ကြပါသည်။ ဆက်လက်၍ ဖာသာရ် သြဂတ်စတင်းတင်ထွန်းနှင့် ဖာသာရ်နေကျော်လွင် (လူငယ်ဒါရိုက်တာဘုန်းတော်ကြီး၊ မန္တလေးကက်သလစ်သာသနာ) တို့မှ လူငယ့်အသံအစီအစဉ်တစ်ခု အနေဖြင့် အုပ်စုအသီးသီးရှိ လူငယ်များတွေ့ကြုံနေရသော ဝိညာဉ်ရေးရာအခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပတ်သတ်၍ စကားဝိုင်းပြုလုပ်၍ ဆွေးနွေးခဲ့ကြပါသည်။ (၂)ရက်တာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ပွဲအပြီးတွင် ပုပ္ပါးတောင်နှင့် ကမ္ဘာ့အမွေနှစ်စာရင်းဝင် ပုဂံညောင်ဦး သို့ လေ့လာခရီး သွားရောက်ခဲ့ကြပါသည်။ ယခု မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ပွဲတွင် လူငယ်ခေါင်းဆောင်များ ဝတ်စောင့်ပွဲတွင် သာသနာအတွင်းရှိ အုပ်စုအသီးသီးမှ လူငယ်ခေါင်းဆောင် (၄၂)ဦး တက်ရောက်ခဲ့ပြီး လူငယ်ခေါင်းဆောင်များ အနေဖြင့် မစ္ဆားတရားနာယူခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ သမ္မာကျမ်းစာဝေမျှထောက်ရှုခြင်းများ၊ လူငယ်ခေါင်းဆောင်များ၏ ကျင့်ဝတ်များအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နှီးနှောဖလှယ်ခြင်း စသည်ဖြင့် မိမိတို့၏ ဝိညာဉ်ရေးရာကို ခွန်အားရယူခဲ့ကြပါသည်။

Add new comment

4 + 15 =