မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာသာသနာပြုကလေးသူငယ်များ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာသာသနာပြုကလေးသူငယ်များ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာသာသနာပြုကလေးသူငယ်များ

သင်တန်းကျင်းပခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ သာသနာပြုကလေးသူငယ်များသင်တန်းကို

ဧပြီလ (၂မှ၆) ရက်နေ့ထိ ချမ်းသာကုန်းစိပ်ပုတီးမယ်တော်သခင်မကျောင်းဝင်းအတွင်းတွင် ပြုလုပ်လျှက်ရှိပါသည်။

ယခုနှစ်သင်တန်းခေါင်းစဉ်မှာ “ ငါတို့အချင်းချင်း ချစ်ကြကုန်စို့ ” ရှင်ယောဟန် (၄း၄) ဖြစ်ပါသည်။

သင်တန်းအတွင်းတွင် အခြေခံနီတိ၊ ခေါ်တော်မူခြင်းဆိုင်ရာ သိကောင်းစရာများ၊ သမ္မာကျမ်းစာတော်မြတ်၊

စက္ကရမင်တူး ဆိုင်ရာများ၊၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ မယ်တော်သခင်မ၏ဘဝအကြောင်းများကို  ပို့ချပေးခဲ့သည်ဟုသိရှိရပါသည်။

သင်တန်းသို့ မန္တလေးကက်သလစ်သာသနာအတွင်းရှိ ကလေးသူငယ်များ (၃၉၀)ယောက်ပါ ၀င်တက် ရောက်ခဲ့ကြပါသည်။

သာသနာပြု ကလေးသူငယ်များသင်တန်းကို Fr.Paul သက်ခိုင်မှ ဦးဆောင်ကာပြုလုပ်ခဲ့ပြီး ၊

မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာပြု ကလေးသူငယ်များအသင်း၏ ဒါရိုက်တာ Fr.B.Ne Ne ၊ Fr.Donald ,

သီလရှင်များ (၁၂)ပါး၊ ကိုရင်များ (၉)ပါးနှင့် ကလေးသူငယ်များအားကူညီစောင့်ရှောက်ပေးရန် လူငယ်

လုပ်အားပေး (၂၀) ယောက်တို့ပါ၀င်ပါသည်။

သင်တန်းအစအဆုံး စားသောက်ရေးအတွက် ချမ်းသာကုန်းမှ ဦးမြင့်ဝေ

မိသားစုမှ လှူဒါန်းခဲ့တယ်လို့လည်း သိရှိ်ရပါသည်။

News & Photos – Pinky

 

Zawgyi


သင်တန်းကျင်းပခြင်း



ယခုနှစ်သင်တန်းခေါင်းစဉ်မှာ “ ငါတို့အချင်းချင်း ချစ်ကြကုန်စို့ ” ရှင်ယောဟန် (၄း၎) ဖြစ်ပါသည်။









မိသားစုမှ လှူဒါန်းခဲ့တယ်လို့လည်း သိရှိရပါသည်။

News & Photos – Pinky

Add new comment

3 + 0 =