မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ မိသားစုရေးရာကော်မရှင် ဒုတိယအကြိမ်မြောက် မိသားစုများတွေ့ဆုံပွဲ ကျင်းပ

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ မိသားစုရေးရာကော်မရှင် ဒုတိယအကြိမ်မြောက် မိသားစုများတွေ့ဆုံပွဲ ကျင်းပ

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ၊ Pastoral care sector နှင့် မိသားစုရေးရာကော်မရှင် (Family Commission) တို့မှဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် မိသားစုများတွေ့ဆုံပွဲကို (၁၅.၁၀.၂၀၂၂) ရက်နေ့တွင် မန္တလေးမြို့ စိန်မိုင်ကယ် ဘုရားကျောင်းဝင်းတွင်ကျင်းပခဲ့သည်။ ထိုမိသားစုတွေ့ဆုံပွဲကို မန္တလေးသာသနာအတွင်းရှိ မြို့ပေါ်သာသနာအုပ်စုများ မှ သာသနာအုပ်စုတစ်ခုလျှင် မိသားစု ငါးစုပါဝင်ရန်ကြေညာထားသော်လည်း လက်တွေ့မှာ ဘာသာသူမိသားစုအများ အပြားလာရောက် ပါဝင်ပေးကြလို့ အတိုင်းမသိဝမ်းသာပါတယ်လို့ အစီအစဉ်ဦးဆောင်ကျင်းပတဲ့ Fr. Paul Thet Khaing (Sector Head Pastoral Care sector) ကပြောကြားခဲ့သည်။

ထိုမိသားစုတွေ့ဆုံပွဲအစီအစဉ်ကို နံနက် (၈း၀၀)နာရီအချိန်တွင် Fr. Paul Thet Kaing မှ အဖွင့်မစ္ဆားတရားဦးဆောင် ပူဇော်ပေးပြီး ဘုရားကျောင်းအပြီးတွင် စိန်မိုင်ကယ်သာသနာအုပ်စုမှ ဘာသာသူများက မုန့်နှင့် လက်ဘက်ရည်များဖြင့် တည်ခင်းဧည့်ခံပြီး နံနက်( ၉း၃၀) မှ နေ့လည် (၁၂း၀၀) နာရီထိ စိန်မိုင်ကယ်ဘုရားကျောင်း(သံဝင်း) ခန်းမ တွင် မိသားစုနှင့်ဆိုင်တဲ့အကြောင်း အရာများ၊ မိသားစုရဲ့အရေးပါပုံ မိသားစုအတွင်းတစ်ယောက်နှင့်တစ်ယောက် ဘယ်လိုရိုင်းပင်းကူညီနေထိုင်ရမယ် ဆိုတဲ့ အကြောင်းအရာများကို စိန်မိုင်ကယ်ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Augustine Win Myint နှင့် Fr. Paul Thet Khaing (Sector Head Pastoral Care sector) တို့မှ သင်ကြား ပို့ချပေးသည်။

ဆုတောင်းတဲ့မိသားစုဟာ ရေရှည်ဘုရားကောင်း ချီး မင်္ဂလာနဲ့အသက်ရှင်တယ်။ မိသားစုဆိုတာမှားပိုင်ခွင့်ရှိ တယ်။ ဒါပေမဲ့ဆက်လက်ပြီးအဲ့လူကို လက်ခံထားတဲ့နေရာက မိသားစုဖြစ်တယ် မိသားစုထဲမှာ ယောင်္ကျားကမှားသွားလို့ မိန်းမကမှားသွားလို့ ဂုဏ်သိက္ခာကျဆင်းစေရတယ်ဆိုတာ မိသားစုထဲမှာမရှိစေရဘူး။ မိသားစုထဲမှာ ယောင်္ကျားရော မိန်းမရောဆက်ပြီးဂုဏ်သိက္ခာရှိနေရမယ်။ မိသားစုဆိုတာ အမြဲတမ်းဘုရားကောင်း မြတ်ကြောင်း ဝန်ခံကြွေးကြော်တဲ့ နေရာဖြစ်ရမယ်။ မိသားစုအတူတကွ ဆုတောင်းသလို မိသားစုတွေအတူတကွ အချိန်ပေးပါ အတူတူစားပါ၊ အတူတူ လမ်းလျှောက်ထွက်ပါ အတူတူဆုတောင်းပါ အဲ့ဒါ မိသားစုလို့ခေါ်တယ်။ မိသားစုဆိုတာကလေးတွေ မနက်ဖြန်အတွက် လုံခြုံတဲ့နေရာဖြစ်ပါစေ။အချို့မိသားစုတွေဟာ ကလေးတွေအတွက် မနက်ဖြန်တွေမလုံခြုံပါဘူး။ တစ်ချို့မိဘတွေက တကိုယ်ကောင်းဆန်တယ် အဲဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ မိဘတွေရဲ့အောက်မှာ ကလေးတွေအတွက် မနက်ဖြန်က လုံခြုံမှုမရှိဘူး။ ဟု စိန်မိုင်ကယ်ဘုရားကျောင်း (သံဝင်း) ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Augustine Win Myint မှ ပြောကြားခဲ့သည်။

မိသားစုများတွေ့ဆုံပွဲပြုလုပ်ရခြင်း၏ အကြောင်းနဲ့ပတ်သက်ပြီး Fr.Paul Thet Khaing ကအခုလိုပြောပြသည်။

“ပုပ်ရဟန်းမင်းကြီးရဲ့ ညွန်ကြားချက်အတိုင်း မိသားစုများအတူတကွ တွေ့ဆုံခြင်း အခမ်း အနားလေးကို ဒီကနေ့ပြုလုပ်ခြင်းဖြစ်တယ်။ ဒီနေ့ ဒီစိန်မိုင်ကယ်(သံဝင်း) ဘုရားကျောင်းမှာ ပြုလုပ်တာ ဒုတိယအကြိမ်မြောက်ဖြစ် ပါတယ်။ ဒီပွဲတော်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က မိသားစုတွေ အတူတကွ စုရုံးပြီးမှ ဆုတောင်းခြင်းနှင့် အသက်ရှင် သန်ဖို့ ယုံကြည်ခြင်းတွေ အတူပူပေါင်းပြီးမှ ဘုရားသခင်ဆီကိုအတူတကွ လျှောက်လှမ်းဖို့ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံပွဲ တွေလုပ်ပေးခြင်း မိသားစုတွေ တစ်စုနှင့် တစ်စု မတူညီကြဘူး သူတို့တွေ ကွဲပြားကြတယ်။ အဲတော့ကွဲပြားတဲ့မိသားစု တွေကနေမှ သူတို့ရဲ့ မတူညီတဲ့အတွေ့အကြုံလေးတွေကို သိရှိခြင်းအားဖြင့်ဒုက္ခအခက်အခဲတွေ ရောက်နေလဲ အော် ငါတို့မိသားစုပဲ ဒုက္ခရောက်နေတာမဟုတ် သူတို့မိသားစုမှာလည်း ဒီအခက်အခဲတွေရှိနေတယ်။ သာယာတဲ့ အချိန်လေးတွေ ရှိတယ် ဘုရားရဲ့ ကျေးဇူးတော်ခံစားတဲ့ အချိန်လေးတွေရှိတယ်။ ဒါလေးတွေကိုပြန်ပြီး တစ်ဦးနှင့် တစ်ဦးဝေမျှုခြင်းအားဖြင့် ဘုရားသခင်ဆီကရရှိတဲ့ ဒီကျေးဇူးတော်တွေကို ပိုပြီးသိရှိစေတယ်။ နောက်အခက်အခဲလေး တွေကိုသိခြင်းအားဖြင့်လည်း တစ်ယောက်နှင့် တစ်ယောက်နည်းလမ်းလေးတွေယူပြီးတော့ ဖြေရှင်းဖို့ရန်အတွက် ဒါတွေက ပုံသက်ကောင်းတွေ အခွင့်အရေးကောင်းလေးတွေ ဖြစ်သွားစေတယ်လို့ မျှော်လင်မိပါတယ်။ ဒီမိသားစုတွေ့ ဆုံပွဲကိုတော့ နေရာအခက်အခဲသော်လည်းကောင်း သူတို့ကိုပြင်ဆင်ပေးဖို့ အတိုင်းအတာလေးပေါ်မှာ ကြည့်ပြီးတော့ တစ်နိုင်တစ်ပိုင်လေးအနေနဲ့ ပထမဆုံးကြိုးစားခြင်းဖြစ်ပါတယ်။ သာသနာစုတစ်ခုကို မိသားစု ၅စု ဆိုပေမဲ့ စိတ်ဝင်စားတဲ့သူတွေလည်း ပါဝင်လို့ရပါတယ်။ ချုံပြီးပြေားမယ်ဆိုရင် ခုလောလောဆယ်တော့ အကန့်သတ် လေးပုံစံတော့ ရှိတာပေါ့နော နောင်တစ်ချိန်ကြရင်တော့ မည်သူမဆိုတက်လို့ရနိုင်အေား လုပ်ဆောင်ဖို့ အစီအစဉ်လေး တော့ ရှိပါတယ်။ အခုလောလောဆယ်တော့ မန္တလေးမြို့ပေါ် အတိုင်းအတာနဲ့ အရင်ကျင်းပနေတဲ့အချိန်မှာ ကျွန်တော် တို့ကတော့ ဘာသာတူတွေ အားလုံးသိအောင်လို့ ကျောင်းထိုင်ဘုန်းတော်ကြီးတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတာ တွေရှိပါတယ်။ နောက်ထပ်လစ်ဟာမှုတွေမရှိအောင် လည်းပဲ အခြားသောမိသားစုဝင်တွေ ပါဝင်နိုင်ဖို့ အလှည့်ကျလေး တွေနဲ့တော့ဖိတ်ခေါ်ပါတယ်လို့ဆိုပါတယ်။

ဒီမိသားစုတွေဆုံပွဲကိုတက်ရောက်လာတဲ့ ဘာသာတူတစ်ချို့ ကလည်းသူတို့၏ ခံစားချက်တွေကို အခုလိုပြောပြပါတယ်။

Francisca Daw Ma Kai
(စိန်ဂျွန်းသာသနာအုပ်စု)

"ဒီလိုတွေဆုံပွဲတွေကနေ အကျိုးတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ မိသားစုတွေမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီလိုပွဲတွေမှာ ဟောပြောပို့ချပေးတဲ့အရာတွေ က တစ်ထပ်တည်းဖြစ်နေတဲ့ အခါကျတော့ ကိုယ့်ရဲ့မိသားစုတွေမှာ ဒိလိုဟာကွက်တွေ အများကြီးရှိနေတယ်ဆိုတာကို မြင်ရတယ်။ ဒါဆိုရင်ဘုန်းကြီးတွေ ပြောတဲ့အတိုင်းကိုယ်က လုပ်နိုင်မလားဆိုတာကိုလည်း ကိုယ်ကခံစားမိတယ်။ ဒါမဲ့လူဆိုတာမလုပ်နိုင်စရာ အကြောင်း မရှိဘူးဆိုတဲ့ခံစားချက်ရှိတော့ ဒီတွေ့ဆုံပွဲက သိလာရတဲ့ရလာဒ်ကိုလည်း ကိုယ့်ရဲ့ မိသားစုမှာ အကုန်လုံးမဟုတ်ရင်တောင် အနည်းငယ်လောက်တော့ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွား မယ်လို့ဆုံးဖြတ်ထားတယ်"။

Lucia Seng Nu Pan( လဖုန်းသာသနာအုပ်စု)

ဒီမိသားစုတွေ့ဆုံပွဲကို ဒါပထမဆုံးတက် ရောက်ခြင်းဖြစ်ပါတယ်။ ဒီအချိန်ကမိသားစုတိုင်းအတွက် အကျိုးရှိတယ် သိလည်းသိသင့်တယ် အချိန်ပေးသင့်တယ်။ ဒီလိုတွေ့ဆုံပွဲလုပ်ပေးတာကလည်း အင်မတန်မှ ကောင်းတယ်လို့မြင်ပါတယ်။ မသိသေးတာတွေသိလိုက်ရတယ်၊ မိသား စုကဘယ်လောက်ထိ တန်ဖိုးရှိတယ် နောက်ပြီးတော့ ရှေ့ဆက်ပြီးမိသားစုနဲ့ အတူတကွဘယ်လိုလျှောက်လှမ်းရမယ် စတဲ့အသိပညာတွေကို ကိုယ့်မိသားစုဝင်တွေကို ပြန်လည်ဝေမျှခြင်းဖြင့်ပျော်ရွှင်တဲ့ မိသားစု ဖြစ်လာမယ်လို့ ခံစားမိပါတယ်"။

Gegory U Thin Swe (လဖုန်းသာသနာအုပ်စု)

"တစ်ချို့ ဆိုလို့ရှိရင် မိသားစုကွဲနေတယ်။ ကွဲရတဲ့ အကြောင်းရင်းကို ပြန်ကြည့်ရင် လင်နှင့်မယား နားလည်မှု မရှိကြလို့ တရားဟောကျမ်းထဲမှာပါတာတွေကို နားမလည်ကြဘူး မသိကြဘူး ဒီနေ့မှ လင်မယား နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် မာနမထားရဘူး တစ်ယောက်နှင့် တစ်ယောက်နားလည်မှုရှိရမယ်ဒါတွေကို သိခွင့်ရတယ်"။

Scholastica (စိန်မိုင်ကယ်သာသနာအုပ်စု)

"ဒါပထမဆုံးတက်တာဆိုတော့ ဘယ်လိုခံစားရလဲဆိုရင် ညီမမှာ မိဘတွေကိုအကောင်းမမြင်တဲ့စိတ်တွေ များနေတယ်။ ဒီတွေ့ဆုံပွဲ လာတက်ခြင်းကြောင့် မိဘတွေက ကိုယ့်ပေါ်ဘယ်လောက်ကောင်းပါတယ်။ ဘယ်လိုသူတို့ ကကိုယ့်ကို ပြုစုပျိုးထောင်ခဲ့တာလဲ သားသမီးပေါ်ထားတဲ့မိဘတွေရဲ့ မေတ္တာတရားတွေကို ပိုသိနားလည်လာတယ်။ ​ေနာက်ဆိုအမေကို မကောင်းမြင်စိတ်တွေ မထားတော့ဘူး မိဘတွေနဲ့ချစ်ချစ်ခင်ခင်ပဲနေတော့မယ်"။

U Soe Naing (Family Commission Director)
စိန်မိုင်ကယ်သာသနာအုပ်စု

"ဒီနေ့လိုမိသားစုပွဲမှာတက်ရောက်ရခြင်းတွက် ပထမဆုံးအနေနဲ့က မိသားစု အတူတကွ ဒီပွဲကို ပါဝင်ခွင့်ရတယ်။ နောက်ခါ မိသားစုအတူတကွ ဆုတောင်းနိုင်တယ်။ ဓမ္မာကျမ်းစာထဲက သွန်သင်ချင်တွေကိုဘုန်းတော်ကြီးတွေပို့ချတဲ့ ကြောင့်မို့ ဖခင်တစ်ယောက်အနေနဲ့ လုပ်ရမဲ့အရာ၊ မိခင်တစ်ယောက်အနေနဲ့လုပ်ရမဲ့အရာ၊ သားသမီးတွေလုပ်ရမဲ့အရာ၊ ဘုရားသခင်ရဲ့အလိုတော်တွေကိုကြားနာရတယ်။ဒါကြောင့် ဒီလိုတက်ရောက်ခဲ့တဲ့အရာတွေအားဖြင့် မိသားစုအတွင်း မှာ လိုက်နာရမဲ့အရာ၊ လုပ်ဆောင်ရမဲ့အရာ၊ ကျင့်ကြံရမဲ့အရာ ဒါတွေကိုသိရှိပြီးတော့ လိုက်နာကျင့်ကြံလုပ်ဆောင်မယ်"။

“မိသားစုဆိုတဲ့အရာ မှာလည်းပဲ မိခင်၊ ဖခင်၊ သားသမီးတွေ ကြားမှာအမြဲတမ်းချိတ်ဆက် နေဖို့လိုအပ်ပါတယ်။ မိသားစုမှာ အမြဲတမ်းအဆင်ပြေနေမယ်လို့ ပဲမျော်လင့်တွေးတောနေမယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ငါယောင်္ကျား ယူလိုက်ရင်၊ ငါမိန်းမယူလိုက်ရင် အမြဲတမ်းပျော်လိမ့်မယ်လို့ တွေးထားရင်တွေးထားရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုအရာတွေထဲမှာ ဒုက္ခတွေရှိနေတတ်တယ်။ ကျွန်တော်တို့လူသားတွေရဲ့ မိသားစုတွေထဲမှာ ဒုက္ခတွေ ရှိတယ်။ ဒါဆို ယေဇူး၊ မာရီးယား၊ ဇူဇယ် သူတို့ဆီမှာဘုှရားရှိတယ် သခင်ယေဇူးက ဘုရားပဲ သူတို့ဆီမှာ ဒုက္ခတွေရှိလား။ တွေးစရာတွေ ရှိလာတယ်။ ရှိပါတယ်သခင်ယေဇူးမမွေးခင်ကတည်းက မယ်တော်မာရီးယား ဒုက္ခတွေနှင့် ရင်ဆိုင်ရတယ် ကိုယ်ဝန်ဆောင်ရင်းပြေးရလွှားရတယ်။ မီးဖွားပြီးတဲ့အချိန်လည်း သခင်ယေဇူးကို လိုက်သတ်လို့ ထပ်ပြေးရတဲ့ ဒုက္ခတွေ ရှိတယ်။ အဲ့လိုပဲ မိသားစုတွေထဲမှာ အခက်အခဲတွေ ပြသနာတွေ အများကြီးရှိပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမယူလိုက်တယ်ဆိုတာက ခိုင်းစားဖို့ အစေခံတစ်ယောက်ကို သိမ်းပိုက်လိုက်တာမဟုတ်ဘူး။ ယောင်္ကျားယူလိုက်တယ်ဆိုတာကလဲ ခိုင်းစားဖို့မဟုတ်ဘူး။ မေတ္တာတရားနှင့် ဘဝကိုတည်ဆောက်ဖို့ ရန်အတွက် ပေါင်းစပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မောင်တစ်ထမ်း မယ်တစ်ရွတ် ဆိုသလို အမြဲတမ်းပဲညိညိနှိုင်းနှိုင်း နှင့် တာဝန်ထမ်းဆောင်ဖို့ဖြစ်တယ်။ မိသားစုတွေထဲမှာ အခက်အခဲတွေ ပြသနာတွေရှိနေတဲ့ အချိန်မှာ တစ်ချို့သောအရာတွေ မသိချင်ယောင်ပေးရတဲ့အရာတွေရှိတယ်။ အမြဲတမ်းအပြစ်လိုက်ရှာနေလို့ မရဘူး ပြင်လို့မရတော့တဲ့ အရာတွေကို ဥပက္ခာပြုရတယ်။ ဒါကြောင့် အိမ်ထောင်ပြုပြီးသွားရင် လက်ထပ်ထိမ်းမြားခြင်းစက္ကရာမင်းတူးခံယူပြီးသွားရင် တစ်ချိုု့သော အရာတွေ မျက်လုံးနှဖက်ရှိပေမဲ့ တစ်ဖက်ပဲဖွင့်ထားရတယ် တစ်ဖက်ပိတ်ထားရတယ်။ အပြစ်ဖြစ်စေမဲ့ အရာတွေဆိုရင် သည်းခံခြင်း၊ စာနာခြင်းနှင့် ထိုအရာတွေကိုပိတ်ပေးရတယ်။ ဒါမှသာ မိသားစုက ပိုပြီးအရှ့ဘဝကို ဆက်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မိသားစုထဲမှာ မေတ္တာနှောင်ကြိုးနှင့်ပဲ ချီနှောင်ရမှာဖြစ်တယ်။ တစ်ခါတလေ အဆင်မပြေမှုတွေရှိလာတဲ့အခါတွေလည်း ကိုယ်ဘက်ကအလျော့ပေးရတဲ့အချိန်တွေရှိတယ်။ သားသမီးပေါ်မှာ မိဘပေါ်မှာ ယောက္ခမပေါ်မှာ မိမိလက်တွဲဖော်ပေါ်မှာ စသည်ဖြင့် ထိုသူတွေပေါ်မှာအကန့်လေးတွေ နဲ့ချစ်ရမယ်။ တစ်ကယ်တမ်းဆိုကျွန်ုပ်တို့တွေ က ဆောလမွန်မင်းကြီးရဲ့ သီချင်းမှာပါတဲ့အတိုင်း မိန်းမသည်၊ ယောင်္ကျားသည် သင်သည်သင့်ချစ်သူအတွက်အရာခပ်သိမ်းဖြစ်ရမည်။ ဆိုတော့ချစ်သူကို တစ်ဝက်ပဲချစ်မယ်၊ မေတ္တာတစ်ဝက်ပဲပေးမယ်လုပ်လို့မရဘူး။ မိသားစုအတွင်းမှာ ဆိုးအတူကောင်းဖက်အမြဲတမ်းပဲတိုင်ပင်ရမယ်။ လင်နဲ့မယားဆိုရင်လည်း တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်က နားလည်လက်ခံပေးနိုင်ရမယ်။ ပြသနာဆိုတာက လူတိုင်းမှာရှိတတ်တယ် ဒါပေမဲ့ မှားတာကိုမှားမှန်းသိတဲ့အချိန်မှာ ချေစုံရပ် ပြန်လှည့်နိုင်အောင် ကြိုးစားရမယ်။ ရန်တော့ဖြစ်ကြမှာပဲ လင်နှင့်မယား လျှာနှင့်သွားဆိုသလို မတော်တဆဖြစ်တတ်တယ် ဒါပေမဲ့ပြန်လှည့်နိုင်အောင်ကြိုးစားရမယ်။ ပြန်မလှည့်ပဲအရှေ့ကို မှားမှန်းသိသိနဲ့ မာနကြီးစွားဆက်သွားနေရင်တော့ သာယာတဲ့မိသားစု ဖြစ်လာဖို့ ပိုပြီးတော့ အလှမ်းဝေးပါလိမ့်မယ်"။

သတင်းနှင့်ဓာတ်ပုံ - ပေါလ်ဂျုန်းခေါင် ၊ အာဗီအေမြန်မာ

Add new comment

5 + 12 =