မနီလာဂိုဏ်းချုပ်သာသနာတွင် ကိုဗစ် (၁၉) ရောဂါအရေးပေါ်အခြေအနေ၌အွန်လိုင်းမှအာပတ် ဖြေခြင်းလုံး၀ခွင့်မပြု

မနီလာဂိုဏ်းချုပ်သာသနာတွင် ကိုဗစ် (၁၉) ရောဂါအရေးပေါ်အခြေအနေ၌အွန်လိုင်းမှအာပတ် ဖြေခြင်းလုံး၀ခွင့်မပြု

မနီလာဂိုဏ်းချုပ်သာသနာတွင် ကိုဗစ် (၁၉) ရောဂါအရေးပေါ်အခြေအနေ၌အွန်လိုင်းမှအာပတ် ဖြေခြင်းလုံး၀ခွင့်မပြု

အမိကက်သလစ်သာသနာတော်ကြီး၏ဘာသာရေးကျင့်၀တ်များတွင်အခြေအနေပေါ်အတင်းအ လျော့လုပ်၍ရသောကိစ္စများရှိသကဲ့သို့၊ သတ်မှတ်ထားသောဘောင်မ၀င်လျှင်မည်သည့်အခြေအနေ၌ ဖြစ်စေဖြေလျော့ပေး၍မရသည်များလည်းရှိသည်။ ၄င်းတို့အနက်အွန်လိုင်းမှ အာ ပတ်ဖြေခြင်းဖြစ်သည်။ ကိုဗစ် (၁၉) စတင်ဖြစ်ပွားသည့်အချိန်မှစ၍ပုပ်ရဟန်းမင်းကြီးသည်မပြတ်ညွှန်ကြားလာခဲ့သည်မှာအာပတ် ဖြေခြင်းကိုလူ ကိုယ်တိုင်လာရောက်ဖြေဆိုခြင်းမှလွှဲ၍အခြားသောနည်းလမ်းဖြင့်ခွင့်မပြုဟုဖြစ်သည်။

မနီလာဂိုဏ်းချုပ်ဆရာတော်က အွန်လိုင်းအာပတ်ဖြေခြင်း ကိုခွင့်မပြုကြောင်းဗုဒွဟူးနေ့ကထပ်မံကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်စက္ကရာမင်းတူဆိုင်ရာ နှုတ်စည်းစောင့်ခြင်းနှင့်အာ ပတ်ဖြေဆိုသူ၏ ရိုးသားသောနောင်တနှင့်နှိမ့်ချခြင်းကိုစောင့် ထိန်းရန်ဖြစ်သည်။ စက္ကရာမင်းတူကိုခံယူလိုသူသည် တောင်းခံရမည်။ ဘုန်းတော် ကြီးနှင့်စကားပြောဆိုမေးမြန်းဆွေးနွေးရသည်။ အွန်လိုင်း၊ ဖုန်းလိုင်းဖြင့်ဆို လျင်ဝိညာဉ်ရေးရာနှစ်သိမ့်ဆွေးနွေးအကြံပေး များကိုသာဆောင် ရွက်ခွင့်ရှိသည်။ နှစ်သိမ့်ဆွေးနွေးအ ကြံပေးခြင်းမှအာပတ်ဖြေဆိုလိုသူအားစုံလင်သောနောင်တ၊ ကောင်းမွန်သောအာပတ်ဖြေခြင်းကိုပြုနိုင် ရန် ကူညီပြင်ဆင်ပေးရန်သာဖြစ်ရမည်။

စုံလင်သောနာကြင်ခြင်း၌လူတစ်ဦး၏ယုံကြည်ခြင်း၊ ချစ် ခြင်းကိုဖော်ပြသည်။ ထို့အတူအာပတ်ဖြေဆို လိုသည့်စိတ်ကိုလည်းမွေးဖွားလာစေသည်။ အာပတ်ဖြေ ပေးစဉ်၌ဘုန်းတော်ကြီးဖြစ်စေ၊ အာပတ်ဖြေသောဘာသာတူဖြစ်စေနှာခေါင်း စည်းဖြင့် အုပ်ထားရမည်။ အာ ပတ်ဖြေသော စင်သည်လည်းလိုအပ်ပါကပြန်လည်ပြင်ဆင်ရမည်။ သို့မဟုတ်ဘုန်းတော်ကြီးနှင့်အာပတ် ဖြေသူအကြားအနည်း ဆုံးသုံးပေခွာသည့်အနေအထားရှိရမည်။ အကယ်၍လိုအပ်ချက်ရှိလာပါကလူအများ အားတစ်ပြိုင်နက်တည်းအပြစ်ခွင့်လွှတ်ခြင်း ကိုလည်းကျင်း ပပေးရန်မှန်းထားသည်။ ထိုနည်းကိုအထွေ ထွေအပြစ်ခွင့်လွှတ်ခြင်းဟုခေါ်သည်။ ထိုနည်းဖြင့်အပြစ်ခွင့်လွှတ်ခြင်းကိုခံခဲ့သော်လည်းနောင်ပိုင်း၌ရ ဟန်းတော်ထံသေချာစေ့စပ်စွာအာပတ်ပြန်လည်လျှောက်တင်ရမည်ဖြစ်သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fwil3H

Add new comment

16 + 2 =