Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မနီလာဂိုဏ်းချုပ်ဆရာတော် ကိုဗစ်(၁၉)ကူးစက်ခံရ
မနီလာဂိုဏ်းချုပ်ဆရာတော် ကိုဗစ်(၁၉)ကူးစက်ခံရ
ဖိလစ်ပိုင်နိုင်ငံ၊မနီလာကက်သလစ်ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင်ဆရာတော်ကြီး Bishop Broderick Pabillo သည် ကိုဗစ်၁၉ ကူးစက်ခံထားရကြောင်းသိရသည်။ကြာသပတေးနေ့က မနီလာသာသနာရှိဘုန်းတော်ကြီးများအား လိပ်မူ၍ ပေးပို့သော စာတွင် ဆရာတော်ကြီးသည် ရောဂါလက္ခဏာများမခံစားရသော်လည်း ကွာရန်တင်းဝင်နေပြီဖြစ်ကြောင်း အသိပေးခဲ့သည်။
ဆရာတော်ကြီးသည် ကိုဗစ်၁၉ကူးစက်ခံရသော ပထမဆုံး ဖိလစ်ပိုင်ဆရာတော်ကြီး ဖြစ်ပြီး ထိတွေ့မှုရှိသူပေါင်း ၇၀၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုသည်။ဆရာတော်ကြီးသည် လော့ဒေါင်းချသည့် အချိန်မှ စ၍ မနီလာမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ မရှိဆင်းရဲသားများထံ သွားရောက်လည်ပတ်ခဲ့သည်။ထို့အပြင် မနီလာ၊တွန်ဒိုရှိ မီးဘေးသင့်ပြည်သူများကိုလည်း သွားရောက်ကူညီခဲ့သေးသည်။
ဆရာတော်၏ရုံးမှ ဝန်ထမ်းမှာ ရောဂါပိုးမရှိကြောင်းသိရှိရပြီး ဆရာတော်က တစ်ပတ်အတွင်း ထိတွေ့သူများကို ကွာရန်တင်းဝင်၍ဆေးကုသမှုကိုခံယူကြရန် တိုက်တွန်းတော်မူလိုက်သည်။ထို့အပြင် သူသည် သာမန်အခြအနေတွင်ရှိနေပြီး မိမိအတွက် စိုးရိမ်ပူပန်စရာမလိုကြောင်း၊သို့သော် ဘာသာတူသားသမီးများ၏ဆုတောင်း မေတ္တာကို အလှူခံပါကြောင်း ဖော်ပြထားသည်။
ဆရာတော်ကြီးက ဤရောဂါသည်ပြီးဆုံးသွားမည်ဖြစ်ပြီး သူသည် ဘုရားသခင်၏စောင်မမှုကြောင့် ရောဂါဝေဒနာများကို မခံစားရဘဲ ဆေးကုသမှုခံယူနေကြောင်းပြောကြားသည်။စီစဥ်ထားသော လုပ်ငန်းများနှင့် အွန်လိုင်းတွေ့ဆုံပွဲများကို မူလအစီအစဥ်အတိုင်း လုပ်ဆောင်မည်ဖြစ်သည်။
မနီလာကက်သီဒြယ်တွင် ကျင်းပနေသော နေ့စဥ်မစ္ဆားတရားတော်မြတ်များနှင့်၁၀နာရီ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်များကို ဘုန်းတော်ကြီးတစ်ပါးမှ ဆက်လက်ပူဇော်သွားမည်ဖြစ်ပြီး ဆရာတော်ကြီးပြင်ဆင်ထားသော သြဝါဒကို ဘုန်းကြီးတစ်ပါးမှ အစားထိုးဟောကြားသွားမည်ဟုလည်း ကြေညာထားသည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of : RENZ RESSURECTION/CBCPNEWS
Add new comment