မတရားမှုများ၊ မဖွယ်မရာပြုမူခံရမှုများကို ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောရန် ရဟန်း ပုပ်ဖရန်စစ်ကတိုက်တွန်း

မတရားမှုများ၊ မဖွယ်မရာပြုမူခံရမှုများကို ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောရန် ရဟန်း ပုပ်ဖရန်စစ်ကတိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သော ဇူလိုင်လ (၁၄ ၊ ၂၀၂၂) ယူကရိန်းမှအစောဆုံးသော ကက်သလစ်သူတော်စင်အဖွဲ့ တစ်ဖွဲ့နှင့်ဗာတီကန်၌တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်၌ မတရားပြုမူခံရမှုများ၊ မဖွယ်မရာပြုမူခံရမှုများရှိက မရှက်မ ကြောက်ပွင့်လင်းစွာထုတ်ဖော်ပြောဆိုရန်နှင့်ဤသို့သောပြစ်မှုကိုကျူးလွန်သောမည်သူ့ကိုမဆို ဤနေရာမှဟိုနေရာ၊ ဤ တိုက်မှဟိုတိုက်သို့ပြောင်းရွေ့ပေးရုံမပြီး။ ဤလုပ်ရပ်မျိုးသည်မှန်ကန်သောကိုင်တွယ်ဖြေရှင်းနည်းမဟုတ်ဟုဆိုသည်။

ထို့အတူရဟန်းမင်းကြီးက ယူကရိန်းနိုင်ငံ၌ဖြစ်ပွားနေသောစစ်နှင့်ပတ်သက်၍လည်း စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း မိန့်ကြားခဲ့သည်။ ဤတွေ့ဆုံခြင်းသည် ခြွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးဖရန်စစ်သည် ဇူလိုင် လအတွင်းအခြားသောအစီအစဉ်များကိုရပ်နားထားသည်။ ယူကရိန်းစစ်ပွဲကြီးကိုလည်း ကမ္ဘာကြီးကမေ့လျော့နေမည်ကို လည်းစိုးကြောင်းမိန့်ကြားခဲ့သည်။

ယခုကဲ့သို့ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံသော သူတော်စင်သီလရှင်အသင်းများကား ‘Mother of God’ (ဘုရားမယ်တော်) သီလရှင်အသင်း၊ ‘Basilian Order of St. Josaphat’ ‘သာသနာပြုအသင်း’ တို့ဖြစ်ကြသည်။ ရဟန်းမင်းကြီးသည် ၄င်းတို့အားပြင်ဆင်ထားသောဩ၀ါဒကိုမိန့် ကြားနေရာမှ သာသနာအတွင်းဖြစ်ပွားနေသော မတရားမှုနှင့်မဖွယ်မရာသောပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်သောအ ကြောင်းအရာများကိုဦးစားပေးပြောသွား၍ ပြင်ဆင်ထားသောဩ၀ါဒကိုမဟောဖြစ်တော့ကြောင်း၊

အထူးသဖြင့် အသက်အ ရွယ်မရောက်သေးသူများ၊ မိမိကိုယ်ကိုမကာကွယ်နိုင်သောအခြေအနေ၌ရှိသူများအား မဖွယ်မရာသောလွိင်မှုကိစ္စကျူး လွန်မှုနှင့်စပ်လျင်းသောအရှုပ်တော်ပုံအကြောင်းကို မိန့်ကြားခဲ့သည်။ ဤအမှုများနှင့်ပတ်သက်၍ ရဟန်းမင်းကြီးက ဤ ပြစ်မှုများကိုကျူးလွန်ပါက ‘လုံး၀’ (လုံး၀) သီးခံနားလည်ပေးမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ကျေးဇူးပြု၍ ဤပြစ်မှုမျိုး ကျူးလွန်မှုရှိက အဖြစ်အမှန်ကိုထိန်ချန်ဖုံးဖိမထားကြရန်နှင့်ထုတ်ဖော်ပြောဆိုရန်လည်းရှက်ကြောက်မနေရန်၊ ထုတ်ပြောရန်၊ ဤသို့ကျူးလွန်သောသူများအား နေရာ၊ သာသနာ၊ တိုက်ကြီးများပြောင်းပေးလိုက်ခြင်းသည် မှန်ကန်သောဖြေရှင်းနည်းမဟုတ်ဟုဆိုသည်။

ကျွန်ုပ်တို့သည် သာသနာအမှုထမ်းများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုန်းတော်ကြီးများဖြစ်ကြပြီး၊ လူသားတို့အား ယေဇူးသခင်ထံသို့ပို့ဆောင်ပေးရမည့်သူများဖြစ်သည်။ အထက်ကဖော်ပြခဲ့သောပြစ်မှုမျိုးကျူးလွန်သူများ သည် လူသားတို့အား ယေဇူးသခင်ထံသို့ပို့ဆောင်သူမဟုတ်။ ဖျက်ဆီးနေသူများဖြစ်ကြသည်။ ဤပြစ်မှုမျိုးကိုကျူးလွန် သူတို့အား နားလည်ဖေးမရုံဖြင့်မလုံလောက်ပေ။ အခြားသူများအားလည်း ဤသို့သောသူတို့၏သားကောင်းအဖြစ်မ ရောက်သွားစေရန်ကာကွယ်ရမည်။

ယူကရိန်းကိုမေ့မထားကြပါနှင့်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းနိုင်ငံ၏လက်ရှိအခြေအနေပေါ်စစ်ဖြစ်နေသည်မှာကြာမြင့်လာ၍ အနိဌာရုံ များအား မေ့မေ့ပျောက်ပျောက်ပေါ့ပေါ့တန်တန်သဘောထားသွားမည်ကိုလည်းစိုးရိမ်ကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့် လက်ရှိအခြေအနေမျိုး၌ ယူကရိန်းနိုင်ငံမှ Basilian ညီအစ်ကိုများနှင့်လည်းအနေနီးကပ်စွာရှိနေကြောင်း၊ ထို့အတူ တစ် ကမ္ဘာလုံးမှသာသနာတော်ကြီးသည်လည်း နီးကပ်စွာရှိနေကြကြောင်း၊ ယူကရိန်းပြည်သူတို့၏နာကျင်မှုကိုလည်းဖေးမကူ လျှက်ရှိကြောင်းမိန့်ကြားခဲ့သည်။

‘Basilian Order of St. Josaphat’ (ဘာစီးလီယန်မှစိန့်ဂျိုးဇက်ဖက်အသင်း) သည် ယူကရိန်းကက်သလစ် ဘာသာရေးအမှုထမ်းအသင်းများအနက် ရှေးအကျဆုံးအသင်းလည်းဖြစ်သည်။ ၄င်းအသင်းအား (၁၇) ရာစုကစိန့်ဂျိုးဇက်ဖက်၏အမည်ကိုခံယူထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3IMudxF

Add new comment

1 + 0 =