မည်သည့်ကပ်ရောဂါဆိုးကြီးကမျှ ခရစ္စမတ်လင်း ရောင် ခြည်ကိုမှိတ်အောင်မပြုလုပ်နိုင်’ ဟုရဟန်း မင်းကြီးဖရန် စစ်မိန့်ကြား

မည်သည့်ကပ်ရောဂါဆိုးကြီးကမျှ ခရစ္စမတ်လင်း ရောင် ခြည်ကိုမှိတ်အောင်မပြုလုပ်နိုင်’ ဟုရဟန်း မင်းကြီးဖရန် စစ်မိန့်ကြား

မည်သည့်အကြပ်တည်း၊ မည်သည့်ကပ်ရောဂါဆိုးကမျှ ခရ စ္စမတ်လင်းရောင်ခြည်ကိုမှိတ်အောင်မပြုလုပ်နိုင်ပါ’ ဟု ပြီးခဲ့သောတနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူးများအားအန်ဂျေလူးမေတ္တာရွတ်ဆိုပူဇော်ခြင်း၌ နှုတ်ဆက်ရင်းမိန့်ကြားခဲ့ကြသည်။

ဗာတီကန်ရင်ပြင်၌မကြာမီ ခရစ္စ မတ်သစ်ပင်နှင့်သူငယ်တော်အိမ်များတည်ဆောက်၍ ခရစ္စ မတ်သူငယ်တော်မွေးဖွားသည့်မြင်ကွင်းများကိုမကြာမှီမြင်တွေ့ရတော့မည်ဖြစ်သည်။ ဗာတီကန်၌သူငယ်တော်အိမ်ကို ယနေ့ဒီဇင်ဘာလ (၁၁) ရက်နေ့ ၌စတင်တည်ဆောက်နေပြီဖြစ်ပါသည်။ အိမ်များ၌က လေးများပျော်အောင်ဤမြင် ကွင်း များကိုပြင်ဆင်ကြတော့မည်ဖြစ်သည်။ ဤမြင်ကွင်းသည်ကလေးများကိုသာပျော်ရွှင်မူပေးသည်မဟုတ်ဘဲ ကလေးမဟုတ် တော့သည့်သူများအားလည်းပျော်ရွှင်စေပါသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်ကဲ့သို့ကိုဗစ် (၁၉) ၏ ခြိမ်းခြောက်မူ၊ ပြည်တွင်း စစ် ၏ဆိုးကျိုးများဘယ် တော့ပြီးဆုံးငြိမ်းသတ်မည်မသိ သော ခက်ခဲသည့်ကာလမျိုး၌ ဤမြင်ကွင်းများသည် အထူး သဖြင့် မျှော်လင်းခြင်း၏ အ မှတ်သင်ကေတများဖြစ်ကြသည်။ သို့သော်ရဟန်းမင်းကကြီးကဆက်လက်၍မိန့်ကြား သည်မှာခရစ္စမတ်၏ပျော်ရွှင်ဖွယ်တရားကိုအပေါ်ယံအမှတ်သင်င်္ကေတများဖြင့်သာမပြီး ဆုံးစေဘဲ နက် နက်နဲနဲဆင် ခြင်၍ အဓိပ္ပာယ်ကိုနားလည်အောင်ကြိုးစားရန်၊ ဘုရားသ ခင်၏ချစ်ခြင်းဖြစ်သော ယေဇူးသခင်သည် ကျွန်ုပ်တို့အားဖော်ပြခဲ့ပြီ။ ဤသို့ဖော်ပြခြင်းမှာထိုသတင်းကောင်းကိုကမ္ဘာကြီးအားလည်းကြားသိပြည့် လျှံသွားစေရန်ဖြစ်သည်။

ထိုသတင်းကောင်း ၏အလင်းတော်ကို မည်သည့်အခြေအနေဆိုးကမျှမှိတ်အောင်မဖန်တီးနိုင်ပါ။ ထိုအလင်းတော်ကို ကျွန်ုပ်တို့၏နှလုံးသား ထဲ၊ မိ သားစုထဲ၊ ဤအလင်းကိုအ ထူးလိုအပ်နေသောသူများဆီသို့ထွန်းလင်းရောက်ရှိရန်ဖွင့်ထားကြပါစို့။ ဤသို့ဖြင့်ဘုရား သခင်သည် ကျွန်ုပ်တို့အလယ် ၌နောက်တစ်ဖန်ပြန် လည်မွေးဖွားလာတော့မည်ဖြစ်သည်ဟုမိန့်ကြားခဲ့ပါ သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3m7ZdeC

Add new comment

18 + 0 =