မစ္ဆားတရားများ ပုံမှန် တက်ခွင့် မရသေးသော သိုးစုအား ဆရာတော် မာကုတင်ဝင်း မှ အားပေးစကားပြောကြားခြင်း ။

ဘုရားကျောင်းသို့ သွားကာ မစ္ဆားတရားများ ပုံမှန် တက်ခွင့် မရသေး၍ အားမလို အားမရဖြစ်နေကြသော ဘာသာဝင် သားသမီးများအား ဆရာတော်ကြီးမာကုတင်ဝင်းမှ သာသနာပိုင် ဆရာတော်တရားအနေဖြင့် မိမိ၏သိုးစုအား အားပေးလမ်းညွှန်စကားပြောကြားခြင်း ။
(၂၈.၆.၂၀၂၀)
 
အစိုးရမှ ဇူလိုင်လ (၁၅) ထိ တိုးမြှင့်သတ်မှတ်လိုက်သော Covid 19 ကာကွယ်ထိန်းချုပ်ရေး အသိပေးကြေညာချက်ကြောင့် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမှ ဘာသာတူ သားသမီးများ စိတ်ဓာတ်မကျဘဲ အသစ်သော ဘဝနေထိုင်မှု ပုံစံဖြင့် ပြောင်းလဲနေထိုင်တတ်ကြဖို့ရန်နှင့် မိမိတို့ရဲ့ တယ်လီဖုန်းဖြင့် အခြားသော အကျိုးမရှိတဲ့ အရာတွေကို ကြည့်ခြင်းအားဖြင့် အချိန်တွေကို အလဟသ မဖြုန်းတီးပဲ ဘာသာရေး သွန်သင်ချက်များကို ရှာဖွေ ကြည့်ရှုကြကာ ကိုယ်စီ၏ တနေ့တာအား ဘုရားသခင်ကို ထိတွေ့ပြီး ဘုရားသခင်နှင့် စကားပြောနိုင်အောင် အချိန်ယူ ကြိုးစားအားထုတ်ကြဖို့ရန် အတွက် ဆရာတော်မှ ယခုလို အားပေး တိုက်တွန်းနှိုးဆော် ထားပါတယ် ။
 
‘’ နိုင်ငံတော် အစိုးရမှ ကျွန်ုပ်တို့ ကျန်းမာရေး လုံခြုံဖို့အတွက် Covid 19 ကာကွယ်ထိန်းချုပ်ရေး ကို သတင်းနှစ်ပတ် ( ၁၅ ) ရက် ထပ်မံပြီး တိုးမြှင့် သတ်မှတ် လိုက်တယ်လို့ ကြားသိရပါတယ် ။ ဘာသာဝင်များအတွက် သာနာပိုင်တစ်ပါးအနေနဲ့ စိတ်ပူပါတယ် ။ကိုယ်ချင်းလည်း စာပါတယ် ။ ဘုရားကို မြင်လို ၊ တွေ့လို ၊ ဖူးလို တယ် ။ ကိုယ်တော် မြတ်ကို ပင့်လိုကြမယ် အာပတ် ဖြေလိုကြမယ် သို့ပင်သော်လည်း ညီအစ်ကိုမောင်နှမတွေ ကျွန်ုပ်တို့ကိုးကွယ်တဲ့ ခရစ်တော် ဘုရားဟာ ကျောင်းတော် ထဲမှာသာ စံပယ်တာ မဟုတ်ပါဘူး ။ ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့ ယုံကြည်ပါတယ် ဆိုရင် မိမိတို့ အိမ် ၊ မိမိတို့ အလုပ် ၊ မိမိတို့ သွားရာ ခရီးမှာလည်း ကိုယ်တော်ရှင်အား ထိတွေ့ပြီး ခံစားနိုင်ပါတယ် ။ဒါ့ကြောင့် ယုံကြည်မြတ်နိုးစွာ ဒီ တရားတော်မြတ်၌ သခင်ခရစ်တော် ငါ့နှင့်ရှိတယ် ။ ငါ့ မိသားစုနဲ့ ရှိတယ် လို့ အမြဲသတိရပြီး ကျမ်းစာတော်ြမတ်များကို တတ်နိုင်သမျှ ဖတ်ကြပါ ။ ဆုတောင်း ပဌာနာများကို မိမိသိမှတ်သည့်အတိုင်း ရွတ်ဆို ဆုတောင်းကြပါ ။ ကုသိုလ်ကောင်းမှုများကို ပြုကြပါ ။ မိမိတို့ နားမလည်သေးတဲ့ ဘုရားစာ စာအုပ်များကို ဖတ်ကြားကြပါ ။ ဩဝါဒများကို နာယူကြပါ ။ မိမိတို့ရဲ့ တယ်လီဖုန်းနဲ့ အသုံးပြုပြီး ကြည့်နိုင်တဲ့ ဒီ ဘာသာရေး သွန်သင်ချက်တွေ အများကြီး ရှိပါတယ် ။ ဟောကြားချက်တွေလဲ အများကြီး ရှိပါတယ် ။ ဒါလေးတွေကို ကြည့်ပြီး မိမိရဲ့ တနေ့တာ အချိန်တွေမှာ ဘုရားနဲ့ ထိတွေ့ရအောင် ဘုရားနဲ့ အတူ ရှိနိုင်ရအောင် ကြိုးစား အားထုတ်ကြဖို့အတွက် တိုက်တွန်း သတိပေးလိုပါတယ် ။ ကျွန်ုပ်တို့ ဘုန်းတော်ကြီးများနဲ့ ဆရာတော်ကြီးများ အားလုံးကလည်းပဲ သင်တို့အတွက် စိတ်ပူ ပါတယ် ။ ဆုတောင်းပေးနေပါတယ် ။ အမှန်တကယ်တော့ ဘုရားကျောင်းတတ်ရမှ ကျွန်ုပ်တို့ ခရစ်ယာန် ပီသတာ မဟုတ်ဘဲနဲ့ မိမိအိမ်မှာဘဲ နေရင်းနဲ့ မိမိကိုးကွယ်တဲ့ ဘုရားနဲ့အတူတူ ရှိနိင်ပြီး ၊ မိမိယုံကြည်တဲ့ တရားများကို ဆောက်တည်ခြင်းအားဖြင့် မိမိတို့ဟာ တကယ်ပဲ ဘုရားနဲ့အတူရှိနေတယ် ဆိုတာကို ကျင့်ကြံနိုင်ပါတယ် ။ နေထိုင် နိုင်ပါတယ် ။ အဲ့ဒီလိုမျိုး နေထိုင်ကြဖို့အတွက် ကျွန်ုပ်တို့ အားပေးလိုပါတယ် ။ သတိပေးလိုပါတယ် ။ ကျွန်ုပ်တို့ အားလုံးအတွက် ဆုတောင်းကြရအောင် အထူးသဖြင့် ကမ္ဘာကြီးပေါ်က ရောဂါသည် တွေအတွက် ၊ ဒီရောဂါသည်တွေကို ကြည့်ရှုနေကြတဲ့ ၊ ကာကွယ်ပေးနေကြတဲ့ အစိုးရ အသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ ၊ ကြာလာလို့ မေ့မေ့လျော့လျော့ ဖြစ်မသွားပဲနဲ့ တကယ် အန္တရာယ် ကြီးပြီး ၊ တကယ် ကိုယ်ကျိုးစွန့် လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ် ။ ဆုတောင်းပေးကြပါ ။ အလုပ်လက်မဲ့ ပြဿနာတွေ ဖြစ်နေကြရတဲ့ သူတွေအတွက် ဆုတောင်းကြရအောင် ။ မိမိတို့ကိုယ်ဆီကလည်းပဲ ချိုးခြံပြီး အသုံးတွေ ၊ အဖြုန်းတွေ လျော့ကြပြီး မိမိတို့ မိသားစုဝင်တွေ ကစပြီး ပြင်ဆင်ဖို့ လိုပါတယ် ။ ပြောင်းရတော့မယ် ။ နဂိုကအတိုင်း Normal ဆိုတဲ့ နဂိုပုံစံအတိုင်း ဘယ်တော့မှ ပြန်မဖြစ်လာတော့ဘူး ။ သမိုင်းမှာ ကျန်ရစ်ခဲ့ပြီ ။ ဘယ်လိုပြောင်းမလဲ ၊ ဘယ်လိုနေမလဲ ၊ ပြောင်းရတော့မယ် ။ ကိုယ်တိုင်၌က ပြောင်းပြီးတွေးရမယ် ၊ ပြောင်းပြီးနေရမယ် ။ ပြောင်းပြီး စောင့်ကြည့် စဉ်းစားဆင်ခြင်ကြရတော့မှာြဖစ်တယ် ။ အဲ့ဒီလိုမျိုး နေထိုင်ကြဖို့ သတိပေးလိုပါတယ် ။ ကျွန်ုပ်တို့လည်း သင်တို့အတွက် အမြဲတမ်းဆုတောင်းပေးနေပါတယ် ။
ဆရာတော်ကြီး မာကုတင်ဝင်း
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ
၂၈.၆.၂၀၂၀
 
News by #Pinky

Add new comment

1 + 1 =