မစ္ဆားတရားပူဇော်ရာ၌လူဦးရေကန့်သတ်ထားသော်လည်းသတိဖြင့်ပါ၀င်ကြရန်အင်္ဂလန်နိုင်ငံမှကက် သလစ်ဘာသာတူများအားတိုက်တွန်းထား

မစ္ဆားတရားပူဇော်ရာ၌လူဦးရေကန့်သတ်ထားသော်လည်းသတိဖြင့်ပါ၀င်ကြရန်အင်္ဂလန်နိုင်ငံမှကက် သလစ်ဘာသာတူများအားတိုက်တွန်းထား

မစ္ဆားတရားပူဇော်ရာ၌လူဦးရေကန့်သတ်ထားသော်လည်းသတိဖြင့်ပါ၀င်ကြရန်အင်္ဂလန်နိုင်ငံမှကက် သလစ်ဘာသာတူများအားတိုက်တွန်းထား

ကမ္ဘာ့နိုင်ငံအချို့၌ကိုဗစ် (၁၉) အလွန်ကာလကို ကြေငြာ၍လူစုလူဝေးပြုလုပ်ခြင်းများကိုအ ကန့်အသတ်များဖြင့်လည်းကောင်း၊ နိုင် ငံတော်၏လမ်းညွှန်ချက်အတိုင်းလိုက်နာလုပ်ဆောင်ကာခွင့်ပြုလာနေကြသည်။ အင်္ဂလန်နိုင်ငံသည်လည်းလာမည့်ဇူလိုင်လ (၄) ရက်နေ့၌မစ္ဆား တရားကိုဘာသာတူ ဦးရေကန့်သတ်၍ကျင်းပခွင့်ပြုတော့မည်ဖြစ်သည်။ သို့သော်အင်္ဂ လန်၏ဂိုဏ်းချုပ်ဆရာတော်ကပြီးခဲ့ သောကြာသပတေး နေ့ကသတိပေးထားသည်မှာမစ္ဆားတရားပူဇော်ခြင်းကိုဘာသာတူများနှင့်ပြန်လည် ကျင်းပနိုင်ပြီဖြစ်သော်လည်းတနင်္ဂနွေနေ့၌သာ စုပြုန်ပူဇော် ခြင်းမှရှောင်ကာရုံးတက်ရက်များ ၌ လည်းရွေး ချယ်ပါ၀င်ပူဇော်ကြရန်တိုက်တွန်းထားသည်။

ဇွန်လ (၂၅) ရက်နေ့ကအင်္ဂလန်နိုင်ငံအတွင်းရှိကက် သလစ်ဘာသာတူများအားပေးပို့သောသတင်း စကား၌ကိုဗစ် (၁၉) ရောဂါကြောင့်ရက်ပေါင်း (၁၀၆) ရက် ကြာဘာသာတူများနှင့်မစ္ဆားပူဇော်ခြင်း ကိုခေတ္တပိတ်ပင်ထားခဲ့ရာမကြာမီလူဦးရေအကန့်အသတ်နှင့်ပြန်လည်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ ယခုကာလ၌တနင်္ဂနွေနေ့၀တ္တရားဟုဆို သော်လည်းတနင်္ဂနွေ နေ့၌သာမဟုတ်ဘဲရုံးတက်ရက်များ၌လည်းမစ္ဆားပူဇော်ခြင်း၌ပါ၀င်ကျင်းပနိုင်ကြောင်း၊ ဤသို့ဖြင့်မစ္ဆား တရားပူဇော်ခြင်း ၌ဘာသာတူများကိုတစ်စတစ်စပုံမှန်အတိုင်းပြန်လည်ဖြစ်လာစေလိုကြောင်း၊ ၀တ်ပြု ရာနေရာများကိုပိတ်ထားခဲ့ရ၍အတော်များ များစိတ်မချမ်း မသာဖြစ်ခဲ့ရသည်ကိုနားလည်ကြောင်း၊ ယခု နှစ်အီစတာ (ခရစ်ယာန်များအတွက်)၊ ပါစကား (ဂျူးဘာသာ၀င်များနှင့်ခရစ်ယာန်များ)၊ အစ်ဒ် (မွတ်စလင်ဘာသာ၀င်များ) စသောဘာသာရေးပွဲရက်ခါကြီးများသည် Lockdown (အိမ်အောင်း) ကာလအတွင်းကျရောက်ခဲ့ကြောင်း၊ မကြာမီ ထို၀တ်ပြုဆုတောင်းသည့်နေရာများကိုပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်၍အလွန်ပျော်ရွှင်ရပါကြောင်း၊ ယခုဖွင့်လှစ်ခြင်းနှင့်အတူလက်ထပ်ထိမ်း မြားခြင်းအခမ်းအနားကို လည်းပါ၀င်သူ (၃၀) ဦးခန့်ဖြင့်ကျင်းပခွင့်ပြုထားကြောင်း၊ လူစုလူဝေးပြုရာ၌ (၃၀) ဦးဟုသတ်မှတ် ရာတွင်မစ္ဆားတ ရားပူဇော်ခြင်းလည်းအကျုံး၀င်ခြင်းမ၀င်ခြင်းကိုမူမိမိတို့ဒေသန္တရဆရာတော်များမှ ဆုံးဖြတ်ရန်ဖြစ်ပါသည်။

မစ္ဆားပူဇော်ခြင်းကိုဇူလိုင် (၄) ရက်နေ့၌ပြန်လည်ခွင့်ပြုမည်ဟုဆိုသော်လည်းဘုရားကျောင်းအတော်များများသည်ပိတ်နေမည်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော်ကျန်းမာရေး၀န်ကြီးဌာန၏တောင်း ဆိုချက်ကိုဖြည့်ဆည်းရန်အတွက်အခက်အခဲရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ် (၁၉) ကာလမတိုင်မီ အခြေအနေသို့ချက်ချင်းပြန်ရောက်ရန်မှာမဖြစ်နိုင်သေးပေ။ ဘာသာရေးခေါင်းဆောင်များအားလုံးကမိမိ တို့ဘာသာ ရေး၀တ်ပြုခြင်းကိုဇွန်လ (၁၅) ရက်နေ့ကပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်းကြေငြာခဲ့သော် လည်းပုံမှန်၀တ်ပြုခြင်းသို့ဦးတည်လုပ်ဆောင်သွားရ ဦးမည်။

အင်္ဂလန်နိုင်ငံ၌ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့်မစ္ဆားပူဇော်ခြင်းကိုမတ်လ (၂၀) မှစ၍ရပ် ထားခဲ့ပြီး၊ ဘုရားကျောင်းကိုမူ မတ်လ (၂၃) ရက်နေ့တွင်ပိတ်လိုက်သည်။ နိုင်ငံတော်မှစျာပနကျင်းပခြင်းများကိုတင်းကြပ်သောအခြေအနေ၌ခွင့်ပြုထားသည်။ ကျန်သော၀တ်ပြုခြင်း အခမ်းအနားများကိုမူ လိုင်းမှထုတ်လွှင့်ခဲ့သည်။ သို့သော်ဆေးကြောခြင်းနှင့်လက် ထပ် ထိမ်းမြှားခြင်းအခမ်းအနားကိုမူခွင့်မပြုထားခဲ့ပေ။ အဘယ် ကြောင့်ဆိုသော်ဇွန်လထုတ်ပြန်သည့် Johns Hopkins ကိုရိုနာဗိုင်းရပ်စ်ရောဂါရှာ ဖွေရေးသတင်းဌာန၏ထုတ်ပြန်ချက်အရအင်္ဂလန်နိုင်ငံ၌ဤ ကူးစက်ရောဂါကြောင့်လူပေါင်း (၄၃၀၀၀) ကျော်သေဆုံးခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့်ဘရာဇီးနိုင်ငံပြီးလျင်အင်္ဂလန်နိုင်ငံသည်တတိယအသေအပျောက်အများဆုံးနိုင်ငံဖြစ်သည်။ ယခုအခါရောဂါကူးစက်မှု၊ အသေအပျောက်စာရင်းလျော့ကျ လာသောကြောင့်နိုင်ငံတော်မှ အနည်းငယ်ဖြေလျော့ပေးသည့်အနေဖြင့်ဇူလိုင် (၄) ရက်နေ့မှစ၍တစ်ဦး နှင့်တစ်ဦးအကွာအ​ေဝေးကို (၆) ပေမှ (၃) ပေသို့လျော့ပေးခဲ့သည်။ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင် များများကိုတင်းကြပ်သောညွှန်ကြားချက်များဖြင့်ပြန်လည်ဖွင့်လှစ်ခွင့်ပြုလာသည်။ မည်သို့ပင်ခွင့်ပြု ထားစေကာ မူအင်္ဂလန်နိုင်ငံအတွင်းရှိဂိုဏ်းချုပ်သာသနာများအနေဖြင့်ရောဂါကူးစက်ပျံ့ပွားမူမရှိစေရန် အတွက်လက်သန့်ဆေးရည်၊ တစ်ဦးနှင့်တစ်ဦးအကွာ အ​ေဝေး တိကျသောလမ်းညွှန်ချက်များကိုမူ စေ့ စပ်စွာလိုက်နာလုပ်ဆောင်နေဦးမည်ဖြစ်သည်။

လူစုလူဝေးဖြင့်၀တ်ပြုခြင်းကိုပြန်လည်ခွင့်ပြုလိုက်ပြီဆိုသော် လည်းအတော်များများသည်မစ္ဆား တရားကိုလွှတ်လပ်စွာပါ၀င်ပူဇော်နိုင်ဦးမည်မဟုတ်။ ထို့ကြောင့်ယခုလိုအချိန်၌မစ္ဆားတရားကိုလူကိုယ် တိုင်ထက်လိုင်းမှတဆင့်ပါ၀င်ကြရန်၊ အခြေအနေသည်လုံး၀ တည် ငြိမ်သေးသည်မဟုတ်ဘဲ၊ အချို့မှာအ သက်အရွယ်ကြောင့်၊ အခြားသောရောဂါအခံများကြောင့်မသွားနိုင်၊ မလာနိုင်ကြသောသူများရှိကြောင်း ဂိုဏ်းချုပ်ဆရာတော်ကရှင်းပြပါသည်။

ကြာသပတေးနေ့ကရေးသားထုတ်ပြန်ခဲ့သောကြေငြာချက် သည်ကိုဗစ် (၁၉) ကာလအတွင်းကက်သလစ်ဘာသာတူများထံသို့အသိပေးကြေငြာချက်ဒုတိယအ ကြိမ်ဖြစ်သည်။ မေလကလည်းအသိပေးကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ စာကို ‘ခရစွတူးသ ခင်၌မျှော်နေကြသောလူသားများသို့’ ဟုလိပ်မူထားပြီး၊ အခြေအနေကြောင့်လိုင်းမှထုတ်လွှင့်သောမစ္ဆားပူ ဇော်ခြင်းသည်ကိုယ်တိုင်ကိုယ်ကျပါ၀င်ပူဇော်ခြင်းကဲ့သို့အကျိုးအာနိသင်နှင့်အစားထိုး၍မရကြောင်း၊ ကိုယ်တော်မြတ်ကိုဆာလောင်မွတ်သိပ်နေသောဘာသာတူများတောင့်တမှုကိုလည်းများစွာ စာနာနား လည်ပါကြောင်း၊ ကိုယ်တော်မြတ်စက္ကရာမင်တူးတွင်ကိန်း၀ပ်နေသောယေဇူးသခင်ကိုယခုကဲ့သို့စိတ်နှလုံး အကြွင်းမဲ့ချစ်သောကြောင့်လည်းသင်တို့ကိုကျေးဇူးတင်ပါကြောင်း၊ ယခုထက်ပို၍မစ္ဆားပူဇော်ခြင်း၌မူ ယေဇူးသခင်ကိုယ်တော်တိုင်ကြွရောက်ပူဇော်နေသည်ဖြစ်ကြောင်း၊ သာသနာတိုင်းမှဆရာတော်များ၊ ဘုန်းတော်ကြီးများသည်ဘာသာတူတစ်ဦးစီအားလည်းကောင်း၊ သင်တို့၏ချစ်သူခင်သူများအတွက် ကျန်းမာချမ်းသာစေကြောင်း မစ္ဆားပူဇော်တိုင်းသတိရဆု‌တောင်းပေးနေကြကြောင်း၊ မိမိတို့၏ဆက်ကပ် ခြင်းအသက်တာကိုသစွာမပျက်ဘဲဖြည့်ဆည်းပေးသောကြောင့်လည်းကျေးဇူးတင်ပါကြောင်းပြောကြား ၍ ကာဒီနယ် Vincent Nichols
မှလက်မှတ်ရေးထိုးထားပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: Mazur/cbcew.org.uk

https://bit.ly/31lhGgR

Add new comment

9 + 1 =