မင်းသုံးပါးဘုရားကျောင်းမှသည် ကိုဗစ်ကုသရေးစင်တာ တဖြစ်လဲ

မင်းသုံးပါးဘုရားကျောင်းမှသည် ကိုဗစ်ကုသရေးစင်တာ တဖြစ်လဲ

မင်းသုံးပါးဘုရားကျောင်းမှသည် ကိုဗစ်ကုသရေးစင်တာ တဖြစ်လဲ
*************************************
(24.8.2021)RVA Myanmar

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ခဝဲခြံရှိ မင်းသုံးပါးဘုရားကျောင်း တွင် ကိုဗစ်လူနာများအား ကုသပေးနေလျှက်ရှိနေပါသည်။

နယ်သာလန် NGO အဖွဲ့နှင့်ပူးပေါင်း၍ လုပ်ဆောင်နေခြင်းလည်းဖြစ်ပါသည်။

စတင်လုပ်ဆောင်ဖြစ်ပုံ

“ ခု ကိုဗစ်တတိယလှိုင်းမှာက ကပ်ရောဂါရောနိုင်ငံရေးရော ဖြစ်နေတဲ့အခါမှာ ဘုရားကျောင်းတံခါးတွေကို ပိတ်ထားမယ့်အစား အကျိုးရှိတဲ့အရာ ဘာလုပ်မလဲဆိုပြီး စဥ်းစားရာက စတင်လုပ်ဆောင်ဖြစ်သွားတာပါ။ စစချင်းကတော့ မယ်တော့်ရင်ပြင်မှာ လူ(20) Quarantine အနေနဲ့ထားပေးရာကနေ ဆရာတော်ဂျွန်စောယောဟန်ရဲဲ့ အချိတ်အဆက်နဲ့ နယ်သာလန် NGO အဖွဲ့တစ်ခုနဲ့ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေကိုအောက်ဆီဂျင်ပေးပြီး ကိုဗစ် ကုသပေးတဲ့ စင်တာထိ ဖြစ်သွားခဲ့တယ်။ အောက်ဆီဂျင် မရလို့ သေဆုံးနေတဲ့ လူတွေများနေတဲ့အချိန်မှာ နယ်သာလန်အဖွဲ့ကနေ အောက်ဆီဂျင် အိုး (20)လုံး အချိန်မှီ ပို့ပေးခဲ့တယ်။ အဲ့ဒီအိုး (20) ထဲက တစ်အိုးဟာ ဖာသာရ့်အတွက် ဖြစ်လာခဲ့တယ်။ဖာသာရ်ကိုယ်တိုင်လည်း ကူးစက်ခံရပြီး အောက်ဆီဂျင် ရှူခဲ့ရတယ်။အဲ့ဒီမှာ ဆက်ပြီးအသက်ရှင်ခွင့်ရခဲ့တယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့အသက်ကို စွန့်တဲ့သူဟာ အသက်ကိုရတယ်။ ကိုယ့်ရဲ့အသက်ကို ဆုံးရှုံးမှာကြောက်တဲ့သူက ဆုံးရှုံးတတ်တယ်ဆိုတဲ့ တရားကို ရလိုက်တယ်။ ဘုရားကျောင်းမှာ ကွာရန်တင်းစင်တာလုပ်မယ်ဆိုတဲ့အခါမှာ လူတွေက စိုးရိမ်ကြတယ်။ဒါပေမဲ့ ကိုယ်သူတစ်ပါးကို ကယ်ဆယ်မယ် ကူညီမယ် လုပ်ပေးမယ်ဆိုတဲ့ စိတ်ထားက ကိုယ့်ရဲ့ အသက်ကို ဘုရားသခင်ကယ်ပေးတာတွေ့ရတယ်။ ရည်ရွယ်ချက်ကတော့ ဒို့တွေက ဘုရားကျောင်း တံခါးတွေကို ပိတ်ထားမယ့်အစား လူတွေအတွက် အချိန်အခါ ကာလံ၊ဒေသံ တစ်ခုမဟုတ်တစ်ခု လူအများသုံးစွဲလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ’’

အောက်ဆီဂျင် ကျတဲ့ လူနာများကို ဦးစားပေးလက်ခံကုသပေးပါသည်။ စရိတ်မျှပေး ကျန်းမာရေးစနစ်ဖြင့် လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။

“စရိတ်မျှပေးကျန်းမာရေးစနစ်ဆိုတဲ့နေရာမှာတော့ပထမပိုင်းမှာတော့ တော်တော်လေး အစအဆုံး လုပ်ပေးခဲ့တယ်။နောက်ပိုင်း ဆေးဝါးတွေခက်ခဲပြီး စျေးကြီးတာတွေဖြစ်လာတော့
ပထမ ငါးရက်ဆေးထိုးတာ၊ ပိုးသတ်ဆေးတွေလုပ်ပေးတယ်။နောက်ပိုင်းမှ လူမမာရှင်တွေ ကိုယ်ဟာကိုယ်ဝယ်ရတဲ့သဘောဖြစ်လာတယ်။ကောက်ခံအမှုအနေနဲ့ကတော့ တစ်ရက်ကို တစ်သောင်း ထမင်းစားရိတ်ကောက်ခံတယ်။ တစ်နေ့ကို လေးကြိမ်ကျွေးတယ်။”

အခက်အခဲ

“ ပထမပိုင်းမှာတော့ မီးအခက်အခဲရှိတယ်။ မီးပျက်တဲ့အခါ အောက်ဆီဂျင်ရှူနေရတဲ့သူတွေဟာ မီးပျက်သွားလို့သေဆုံးသွားခဲ့ရတဲ့အဖြစ်မျိုးတွေဖြစ်ခဲ့တယ်။နောက်ပိုင်းတော့ မီးအခက်အခဲကိုကျော်လွှားနိုင်ခဲ့တယ်။ကျန်တဲ့အခက်အခဲကတော့ လူကြပ်တာမျိုးရှိတယ်။ အဲ့ဒီအတွက် နောက်ထပ် Center တစ်ခု ထပ်မံတိုးချဲ့လုပ်ဆောင်နေတယ် ။ အယောက်(20) လောက်လက်ခံလို့ရမယ်။ ’’

လိုအပ်ချက်

“ အလှူရှင်တွေကတော့အဆင်ပြေသလို လာလှူပေးကြတယ်။ ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် လက်ရှိချိန်ထိ အဆင်ပြေနေတယ်။ကြီးကြီးမားမားလိုအပ်ချက်မရှိသေးဘူး။သေးငယ်သော်လည်းပဲ လူတွေရဲ့အသက်ကို တော်တော်လေး ကယ်နိုင်ခဲ့တာကိုတွေ့ရတယ်။ ’’

ခဝဲခြံ မင်းသုံးပါး ဘုရားကျောင်းသာသနာအနေဖြင့် ကိုဗစ်ကာလပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများက ဆန်၊ဆီ ဆား ထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့သည်ဟုသိရပါသည်။

ယခုတတိယလှိုင်းတွင်တော့ ဘုရားကျောင်းအား ကိုဗစ်ကုသရေးစင်တာအဖြစ် ဖွင့်လှစ်ကာ လူနာများအားလက်ခံကုသပေးနေသည်ကို တွေ့ရှိရပါသည်။
Covid Center အဖြစ် ဖွင့်လှစ်ခဲ့သည်မှာလည်း ယခု ဩဂုတ်လထဲတွင် တစ်လကျော် ရှိပြီဖြစ်ပါသည်။ ဆရာဝန်၊သူနာပြု နှင့် Volunteer အယောက်(30)ကျော်ဖြင့် ကုသပေးလျှက်ရှိပါသည်။ဆေးဝါးလည်းအစုံရှိ၍ ဆေးရုံတစ်ခုနီးပါးကုသပေးနိုင်သည့် ကိုဗစ်စင်တာ ဖြစ်သည်ဟု မင်းသုံးပါးသာသနာအုပ်စု ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Marcian Thet Kyaw ၏ပြောပြချက်များအရ သိရပါသည်။
News by - Pinky
Photos - Emmanuel
#rvamyanmar #rvapastoralcare #rvalocalnews #Covidcenter #ChurchfromCovidCenter
#ArchdioceseofYangon

Add new comment

1 + 10 =