မင်းသား Mark Wahlberg ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအကြောင်း ရုပ်ရှင်ရိုက်ကူး

မင်းသား Mark Wahlberg ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအကြောင်း ရုပ်ရှင်ရိုက်ကူး

မင်းသား Mark Wahlberg ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအကြောင်း ရုပ်ရှင်ရိုက်ကူး

 

            Mark Wahlberg သည် မကြာမီ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၏ ‘ဘုရားသခင်နှင့် ရင်းနှီးထိတွေ့မှုရှိခြင်း’ နှင့်ပတ်သက်၍အလေးပေး ဆင်ခြင်သင့်လှသည့်အကြောင်းကို မီးမောင်းထိုးပြသောအကြောင်းသည့်ရုပ်ရှင်ဖြစ်ပါသည်။ Mark Wahlberg သည် အကယ်ဒမီဆုစာရင်းထားသော ဒါရိုက်တာလည်းဖြစ်သည်။ ယခုသူရိုက်ကူးမည့်ဘုန်းတော်ကြီးမှာ ဖာသာရ် Stuart Long ဟုခေါ်ပြီး၊ အများကချစ်စနိုးဖြင့် အဖျားဆွတ်၍ ဖာသာရ် Stu ဟုခေါ်ကြသည်။ သူသည် (၂၀၁၄) ခုနှစ်က ရှားပါးရောဂါတစ်မျိုးကြောင့်ပျံလွန်သွားခဲ့သည်။ သူသည် အသက်အရွယ်ရပြီးမှသာ ရဟန်းဘ၀ကို ရွေးချယ်ခဲ့သည်။ ရဟန်းဖြစ်မလာမီက သူသည် လက်ဝှေ့ထိုးခြင်း၊ သရုပ်ဆောင်ခြင်း၊ သင်ပြခြင်း၊ ပြတိုက်များကိုစီမံဆောင်ရွက်ခြင်း စသည့်အ လုပ်များကိုလုပ်ကိုင်ခဲ့သည်။ သူသည် Helena သာသနာ၏ ဘုန်းတော်ကြီးတစ်ပါးအဖြစ် (၂၀၀၇) ခုနှစ်က ရဟန်းသိက္ခာထပ်ခဲ့သည်။ Wahlberg သည် ဤရုပ်ရှင်ထဲ၌ဖာသာရ် Stu အဖြစ်သရုပ်ဆောင်ထားသည်။

            ‘ယခုရုပ်ရှင်သည် အဖြစ်အပျက်အမှန်ကိုအခြေခံရိုက်ကူးထားသည်။ သို့သော်လည်း ဇာတ်ညွှန်းရေးဖွဲ့ရာတွင်လည်း လွတ်လပ်မှုရှိရမည်ဖြစ် သကဲ့သို့ သူ၏ဘ၀မှလည်းစိတ်၀င်စားစရာရပေလိမ့်မည်။ ထိုသို့ရရှိခြင်းသည်ပင်လုံလောက်နေပေပြီ။ ယခုဇာတ်လမ်းသည် အလွန်ထူးခြားသည်’ ဟု ဖာသာရ် Stu ၏သူငယ်ချင်းသက်တမ်းလည်းကြာပြီး၊ သာသနာတစ်ခုတည်းမှ ဖာသာရ် Bart Tolleson ကရှင်းပြပါသည်။ ဖာသာရ် Stu သည်အားက စား၌အလွန်ပါရမီထူးသူဖြစ်သည်။ သူသည် Montana မှကက်သလစ်တက္ကသိုလ် Carroll ကောလ်လိပ်၌ဘောလုံးကန်သည်။ သို့သော် ထိအချိန်က သူသည်ကက်သလစ်တစ်ဦးမဟုတ်သေးပေ။ နောက်ပိုင်း၌ ဘောလုံးအားကစားမှသည်လက်ဝှေ့ကိုထပ်မံလိုက်စားပြန်ရာ (၁၉၈၅) ခုနှစ်၌ Montana ၏ရွှေလက်အိတ်ပိုင်ရှင်ဆုကိုရရှိခဲ့သည်။ သူသည် လော့စ်အိန်ဂျဘ်လစ်မြို့သို့လည်းပြောင်းရွေ့နေထိုင်ခဲ့ပြီး၊ သရုပ်အလုပ်ကိုလည်းလုပ် ကိုင်ခဲ့သည်။ ကလပ်တစ်ခု၌လူရွှင်အဖြစ်လည်းကောင်း၊ Pasadena ရှိအနုပညာပြခန်း၌လည်း နှစ်အတော်ကြာအလုပ်လုပ်ခဲ့သည်။ သူ၏သရုပ် ဆောင်ရမည့်အခန်းများရှိလျှင် သူ၏အလုပ်မှ ရိုက်ကွင်းသို့စက်ဘီးဖြင့်သွားလေ့ရှိသည်။ တစ်နေ့ သူသည်အလုပ်မှ စက်ဘီးဖြင့်ပြန်လာနေစဉ် ကား တိုက်ခံလိုက်ရပြီး၊ ထိုအရှိန်ဖြင့် တစ်ခြားတစ်လမ်းရှိကားအား သူ၏ခေါင်းဖြင့်သွားရိုက်မိလိုက်ကြောင်း၊ လမ်းပေါ်ပြန်ကျသွားစဉ် ကားတစ်စီးကာအ ပေါ်မှဖြတ်ကြိတ်သွားကြောင်းကို မျက်မြင်များကပြောပြကြောင်း၊ သို့သော်ကျွန်တော်သေကံမရောက်သက်မပျောက်ခဲ့ဘဲ ဤနေရာ၌ရှိနေပါသည်’ ဟု (၂၀၁၀) ‘Montana Catholic’ ၏မေးမြန်းချက်ကို ဖာသာရ် Stu ကအရွှန်းဖောက်၍ဖြေကြားခဲ့သည်။

            ဖာသာရ် Stu သည် ဆေးရုံတက်ရောက်ကုသမှုခံယူနေစဉ် သာသာရေးအတွေ့အကြုံတစ်ခုရှိသည်။ ဆေးရုံမှဆင်းသောအခါ ‘RCIA’ ဟု ခေါ်သော ‘သက်ကြီးကက်သလစ် ဘာသာ၀င်ဖြစ်ရန် သင်ကြားပေးသည့်အစီအစဉ်’ သို့စာရင်းပေးသွင်းခဲ့သည်။ သူဆေးကြောခြင်းခံယူသည့်နေ့ကပင် လျှင် သူသည်ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာလိမ့်မည်ဟုသိနေခဲ့သည်ဟုဆိုပါသည်။ (၂၀၀၃) ခုနှစ်၌ ရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်ခဲ့ သည်။  ပညာသင်ကြားနေစဉ်၌ မကျန်းမမာဖြစ်လာ၍ ဆေးစစ်ကြည့်လိုက်ရာ သူ၏လက်သီးအကြိတ်ဖြစ်နေသည်ကိုတွေ့ရှိခဲ့သည်။ တစ်ဆက် တည်း၌ပင် သူ၏ခန္ဓာကိုယ်ထဲရှိကြွက်သားများလည်း အရွယ်လွန်ကဲစွာကြီးထွားနေပြီး၊ အနာများဖြစ်နေ သည်ကိုတွေ့ရှိခဲ့သည်။ ဤရောဂါသည် ရှား ပါးပြီးကုသပျောက်ကင်းနိုင်သည့်‌အခြေအနေမရှိပေ။ သို့ဖြင့် (၂၀၁၄) ခုနှစ်၊ ရဟန်း၀ါတော် (၇) ၀ါတွင်ပျံလွန်သွားခဲ့သည်။ သူ၏ရောဂါကားတိုင် သည် လူသားများအားအစေခံရန်အတွက် အလွန်ပြင်းထန်သောအားဖြစ်စေခဲ့သည်။ သူသည် မနားမနေသူ၏အမှုတော်ကိုထမ်းဆောင်ခဲ့သည်။ ဘု ရားသခင်သည် သူ့အား ကောင်းကြီးများစွာပေးခဲ့သည်။ အကြံပေးနှစ်သိမ့်ဆွေးနွေးခြင်း၊ စက္ကရာမင်တူးခံယူလိုသူများအားကျင်းပပေးခဲ့သည်။ သူ၏ နေ့သည် ကန့်သတ်ရှင်သန်နေရသောလည်း သူသည်မကြောက်၊ မထိတ်လန့်ပေ။

            ယခုအစီအစဉ်သည် Wahlberg အတွက်လည်း မယုံကြည်နိုင်လောက်အောင် ကိုယ်ရေးကိုယ် တာမျှအရေးကြီးနေသည်။ သူသည် ဖာသာရ် Stu အကြောင်းကို (၂၀၁၆) မှ ကက်သလစ်ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ညစာလက်ဆုံစားစဉ်ကြားသိလိုက်ရသည်။ အဆိုပါဘုန်းတော်ကြီး၏ ဝေဒနာကိုခံထမ်းပုံသည် သူ့အားစိတ်၀င်စားသွားနိုင်ခဲ့သည်။ ဖာသာရ် Stu ၏ဘ၀သည် သူ့အား မျှော်လင့်ချက်များစွာပေးခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သေခြင်း၊ နေထိုင်မကောင်းခြင်း စသည်တို့သည် ရှောက်လွှဲ မမရသော အခြေအနေများဖြစ်သည်။ ကျွန်ုပ်တို့ကြုံတွေရပေမည်။ တစ်ခုရှိသည် မှာ အဘယ်သို့ရင်ဆိုင်မည်နည်း။ ဖာသာရ် Stu သည် အဘယ်ကြောင့် ဤအခြေအနေများကို ခံထမ်းနိုင်ခဲ့သနည်း။ သူ၏ခန္ဓာကိုယ်တည်ဆောက်မှု သည် တစ်နေ့တစ်ခြားယှိုင်နှဲပြိုဆင်းလာသော်လည်း သူ၏၀ိညာဉ်ရေးသိုက်မြှုံမှာထိုးတက်မြင့်မားလာနေခဲ့သည်။ ခံစားနေရသော ‌ေ၀ဒနာ သည် သူ့အားဘုရားသခင်နှင့်ပိုမိုနီးကပ်စွာနေထိုင်ရန်အကြောင်းဖြစ်လာစေခဲ့သည်။ ထိုအတွေ့အကြုံသည် အခြားသူများနှင့်‌ေ၀မျှခဲ့ကြောင်း၊ ဝေ မျှသည်ဆိုရာ၌ ကြောက်ရွံ့စိုးထိတ်ဖွယ် ခံစားချက်မျိုးမဟုတ်။ ‌ေ၀ဒနာကိုအဘယ်သို့လက်ခံကျော်ဖြတ်သင့်သည့်နည်းလမ်းကို ‌ေ၀မျှခဲ့ခြင်းဖြစ် သည်။

            Wahlberg ၏ဖခင်သည်လည်း ကင်ဆာနှင့်လုံးထွေးရုန်းကန်နေရသောကြောင့် ယခုဖာသာရ် Stu ၏ဝေဒနာကိုကောင်းစွာနားလည် ကြောင်း၊ သူ၏ဖခင်သည် သူတွေ့ဖူးခဲ့သမျှအမျိုးသားများအနက် အလွန်စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သည်။ သူ၏ဖခင်သည် ဘီးတပ်ကုလာထိုင်ဖြင့် သွား လာနေရသူဖြစ်သည်။ လမ်းလည်း မလျှောက်ပါ။ သူ့ကိုပြုစုစောင့်ရှောက်ပေးရကြောင်း ထို့ကြောင့် အဘယ် မျှနာ ကျင်ခက်ဲသည်ကိုနားလည်သည်။ သူမိခင်သည်လည်း ဖာသာရ် Stu ၏ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် နေစဉ်ဆုံးပါးသွားခဲ့သည်။ ထို့ကြောင့် ရုပ်ရှင်ဇာတ်၀င်ခန်း၌ ခံစားချက်ဓာတ်ခံကြောင့် သရုပ်ဆောင်ပို၍စိတ်နစ်ထားနိုင်ခဲ့ကြောင်း၊၄င်းအပြင် သူ၏ကက်သလစ်ဘာသာတူတစ်ဦး၏ယုံကြည်ခြင်းသည်လည်း သူအားထိန်းကျောင်းပေးနိုင် ခဲ့ကြောင်း၊ သူသည် ဘုရားသခင်ထံမှခံစားရရှိသော ကောင်းကြီးများကိုအဘယ်သို့ပြန်ဆပ်ရမည်ကို အစဉ်တွေးနေတတ်သူဖြစ်ကြောင်း၊ ဘုရားသ ခင်သူ့အား ဤအခက်အခဲအကြပ်အတည်းများနှင့်ကြုံတွေ့စေခြင်းသည် သူအဘယ်ကလာသည်ကိုမမေ့စေရန်၊ ကျွန်ုပ်၏တာ၀န်၊ ကျွန်ုပ်၏ဦးတည် ချက်ကား မည်သည့်အရာနည်းဟုလည်းအစဉ်မေးမြန်းလေ့ရှိကြောင်း၊ မျိုးစေ့ချပြီး၊ အပင်ပေါက်လာစေကာ အပွင့်၊ အသီးများသီးလာစေသည်။ ထို့ အတူ ဘုရားသခင်၏နှုတ်တော်ထွက်စကားများကို ပြန်လည်‌ေ၀မျှရမည်ဖြစ်သည်။

            ဤရုပ်ရှင်ရိုက်ကူးပြီးရန် (၆) နှစ်ကြာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်ညွှန်းရေးဆရာကောင်းကို အချိန်ယူလိုက်ရှာနေခဲ့သောကြောင့် ဖြစ်သည်။ သူ့အနေဖြင့် အနုပညာအလုပ်ဟုဆိုသော်လည်း သူ၏အနုပညာလုပ်ငန်းတိုင်းကို ဘုရားသခင်ထံအပ်နှံထားပြီး၊ အောင်မြင်မှုရရှိစေရန် လည်း ဆုတောင်းလေ့ရှိကြောင်း၊ ဇာတ်ညွှန်းရေးဆရာအဖြစ် Rosalind Ross ကိုရွေးချယ်ဖြစ်ခဲ့သည်။ ယခုရုပ်ရှင်ကို ဘာသာစကား (၄) မျိုးဖြင့်ပြန် ဆိုထားသည်။ ဘာသာစကားများစွာဖြင့်ဖန်တီးရခြင်းမှာ နိုင်ငံတကာစျေးကွက်သို့လည်းထိုးဖောက်၀င်ရောက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိုက်ရူး ရဲစွာရိုးသားလိုသည်။ ယခုရုပ်ရှင်သည် ဘာသာရေးအခြေခံသော်လည်း ကက်သလစ်ဘာသာ၀င်များအတွက်သာမဟုတ်။ သို့သော် မည်သည့်ဘာ သာဖြစ်စေ ‌ေ၀ဒနာများကို ဘာသာရေးအထောက်အမများဖြင့်ကျော်လွှားနိုင်သည်ကို တင်ပြထားခြင်းဖြစ်ကြောင်း၊ Father Stu ရုပ်ရှင်ကို (၂၀၂၂၊ ဧပြီ၊ ၁၅) ရက်နေ့တွင်ဖြန်ချီတော့မည်ဖြစ်သည်။ ပရိသတ်များကိုကြည့်စေချင်လှသည်။ ဤရှပ်ရှင်၏စျေးကွက်မြင့်‌ တင်ရေးအတွက် တစ်မြို့ပြီးတစ်မြို့၊ ပြည်နယ်တစ်ခုပြီးတစ်ခုသွား၍ ပြသပြောချင်လွန်းလှကြောင်းဖြေကြားခဲ့သည်။                

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/359EUKO

Add new comment

4 + 5 =