မင်းသားကြီး ဖိလစ် နတ်ရွာစံခြင်းအတွက် ပုပ်ဖရန်စစ်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

မင်းသားကြီး ဖိလစ် နတ်ရွာစံခြင်းအတွက် ပုပ်ဖရန်စစ်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

မင်းသားကြီး ဖိလစ် နတ်ရွာစံခြင်းအတွက် ပုပ်ဖရန်စစ်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ဗာတီကန်နိုင်ငံခြားရေးဝန် ကြီး ကာဒီနယ် ပီယဲ့ထရိုပယ်ရိုလင်း ဟာ ပုပ်ဖရန်စစ်၏ ကိုယ်စားအဖြစ် ဗြိတိန် မင်း သားကြီး ဖိလစ် နတ်ရွာစံခြင်း အပေါ် ၀မ်းနည်းကြောင်း ကြေးနန်း သဝဏ်လွှာ ကို ဘုရင်မကြီး ဧလီဇဘက်ထံ ပေးပို့ခဲ့ပါတယ်။

ရုတ်တရက်ကြားသိလိုက်ရတဲ့သတင်းကြောင့် အရှင်သူမြတ်အနေဖြင့် လွန်စွာ စိတ်မကောင်းဖြစ်ရကာ ဘုရင်မကြီး နှင့် နှင့် တော်ဝင်မိသားစု အားလုံးနှင့်ထပ်တူ ခံစားရပါကြောင်းဆိုရင်း အများကောင်းကျိုးအတွက် မင်းသားကြီး၏ ဆက်ကပ်လုပ်ဆောင်မှုများအားလုံး၊ အထူးသဖြင့် အနာ ဂတ်မျိုးဆက်သစ်များအတွက် ပညာရေးလုပ်ဆောင်ချက်များစွာရှိခဲ့ကြောင်းဆိုကာ ကယ် တင်ရှင်ခရစ်တော်သခင်၏ သနားကြင်နာခြင်း သက် ရောက်ခံစားရစေရန်အရှင်သူမြတ်က ဆုတောင်းပေးကြောင်းကို ကာဒီနယ်ကြီး၏ ကြေးနန်းမှာ ရေးသားထားပါတယ်။

၀မ်းနည်းကြေကွဲနေကြမည်ဖြစ်သော ကျန်ရစ်သူ ဘုရင်မကြီးနှင့် မိသားစု သည် ရှင်ပြန်ထမြောက်သော ခရစ်တော်သခင်၌ မျှော်လင့်ခြင်းထားရှိနိုင်ပါစေရန်နှင့် မိသားစု အ ပေါ် ဘုရားရှင်၏ နှစ်သိမ့်ခြင်းနှင့် ငြိမ်သက်ခြင်းခံစားရပါစေဟုဆိုကာ ကောင်းကြီးမင်္ဂလာနဲ့ စာကိုအဆုံးသတ်ထားတာဖြစ်ပါတယ်။

ဗြိတိန်မင်းသားကြီးဖိလစ်ဟာ သက်တော် ၉၉ နှစ် ပြီးခဲ့တဲ့ သောကြာနေ့က နတ်ရွာစံခဲ့တာပါ။ တစ်လ တာ ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ နန်းတော်ထဲကို ပြန်ရောက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီမှာပဲ နတ်ရွာစံခဲ့ပါတယ်။ သူဟာ ဂရိနဲ့ ဒဲနစ်ရှ် တော်၀င်မိသားစုမှာ မွေးဖွားခဲ့ပြီး ၁၉၄၇ ခူနှစ်မှာ မင်းသမီး ဧလီဇဘက်နဲ့ ထိမ်းမြားခဲ့ပါတယ်။ သူမကတော့ ၁၉၅၃ ခုနှစ်မှာ ဗြိတိန်ဘုရင်မ သရဖူဆောင်းခဲ့သူပါ။

သူမဟာ ပုပ်ရဟန်းမင်းကြီးအဆက်ဆက်နဲ့ ရင်းနှီးမှုရှိခဲ့ပါတယ်။ ဘုရင်မဖြစ်အပြီး ဗာတီကန်ကို ပထမဆုံးအကြိမ်ကြွရောက်ခဲ့တာကတော့ ၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်ပြီး Pope John XXIII က သူမ နဲ့အတူ ကြင်ယာတော် ဖိလစ်တို့ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဘုရင်မ ဧလီဇဘက်ဟာ ပုပ်ဂျွန်ပေါလ် (၂) နဲ့ ၃ ကြိမ်တိုင်တွေ့ဆုံခဲ့သလို ပုပ်ဘယ်နဒစ်နဲ့ ၂၀၁၀ ခုနှစ်မှာ တွေ့ဆုံခဲ့ပြီး၊ ပုပ်ဖရန်စစ် ကိုတော့ ၂၀၁၄ ခုနှစ်မှာတွေ့ဆုံခဲ့ပါတယ်။

ကျန်တဲ့ ဗြိတိန် တော်ဝင်မိ သားစု ၀င်များကတော့ အခွင့်အခါသင့်ရင် သင့်သလို မကြာ ခဏ ဆိုသလို ဗာတီကန်ကို အလည်အပတ် ကြွရောက်တတ်ကြတယ်လို့ဆိုပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3fZ1FEB

Add new comment

2 + 6 =