မင်းပညာရှိသုံးပါး ကက်သလစ်ဘုရားကျောင်းမှ ရောင်းချသော ၅၀၀ ကျပ်တန်ထမင်း

မင်းပညာရှိသုံးပါး ကက်သလစ်ဘုရားကျောင်းမှ ရောင်းချသော ၅၀၀ ကျပ်တန်ထမင်း
***********************************
15.12.2021(RVA Myanmar) -Mandalay 

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ ၊ မင်းပညာရှိသုံးပါးဘုရားကျောင်းမှ ကျောင်းထိုင် ဘုန်းတော် ကြီး မာဆီအန်သက်ကျော်၏

ဦးဆောင် လမ်းညွှန်မှုဖြင့် ၅၀၀ ကျပ်တန် ထမင်းဆိုင်အား ဒီဇင်ဘာလ (၁၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။ 
အဆိုပါ ငါးရာတန် ကရုဏာထမင်းဆိုင် တွင်   အသားတစ်မျိုး ၊ ဟင်းရည်တစ်မျိုး ၊ ငပိရည်နှင့် တို့စရာ တို့ပါဝင် သည်ဟု သိရပါသည်။

 တစ်ရက်လျှင် လူဦးရေ (၂၀၀) စာ ရောင်းချပါသည်။ ထိုင်စား သည့်သူများအား  ပိုဦးစားပေးရောင်းချပေးသည်ဟုသိရပါသည်။

(၅၀၀) ကျပ်တန် ကရုဏာ ထမင်းကို တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် (၁၀း၃၀)နာရီမှ (၁း၃၀) နာရီထိ ၊ စက်မှုတက္ကသိုလ်အနီး ၊

ကြို့ကုန်း ၊ အင်းစိန်လမ်းမ တွင် ဖွင့်လှစ်ထားပါသည်။ ကရုဏာထမင်းရောင်းချပေးနေသည့်  မင်းသုံးပါးကျောင်းထိုင်ဘုန်းတော်ကြီး

နှင့် ဆက်သွယ် မေးမြန်း ကြည့်ရာ ဖာသာရ်က   ‘’ လူမျိုးဘာသာမရွေး အခြေခံလူတန်းစားများ  အတွက် ရည်ရွယ်တာပေါ့ ။

လူတွေအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ တို့တွေက ဘယ်လိုပါဝင် ရမလဲ ဆိုပြီးတွေးမိတယ် ။ နောက် ရဟန်းမင်းကြီးကလည်း

ဒီ ခရစ္စမတ်ကာလကို တို့တွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ခရစ္စမတ်အနေနဲ့  ကျင်းပဖို့ ပြောထားတယ်။

ဒါက လူသားတွေကို ဘယ်လိုမျိုးစာနာမလဲပေါ့နော်။ လူသားတွေကို စာနာတယ်ဆိုတဲ့အခါမှာသူတို့ အတွက် အနည်းဆုံး

ဘာလုပ်ပေးနိုင်မလဲ။  နောက်တစ် ခုက  Synod မှာလည်းပဲ ကိုယ့် အသင်းတော်ကို တည်ထောင် ပြီးတဲ့နောက်

ဒီ အသင်း တော်ကြီးသည် လူအဖွဲ့အစည်းကိုလည်း အကျိုးပြုတဲ့ အသင်းတော်ြဖစ်ရမယ်  လို့ပြောထားတဲ့အတွက်

ကိုယ့်သာသနာအတွင်းမှာလဲပဲ ကိုယ့်မိသားစုအချင်းချင်း အကျိုးပြုတဲ့ အဖွဲ့အစည်းဖြစ်သလို လူသားတွေကိုလည်း အကျိုးပြုနိုင်တဲ့

အဖွဲ့အစည်းဖြစ်ဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ် ။ နောက် တစ်ခါ  အခုချိန်က ခရစ္စမတ်ကာလလည်းဖြစ်တယ်။

 ဘုန်းကြီးအနေနဲ့က ခေါင်းဆောင် လဲဖြစ်တယ်။ကိုယ်ဘာသာတူတွေကုသိုလ်ရမယ့် အလုပ်တွေကို ဘုန်းတော်ကြီး တွေက ဖန်တီးပေး ရတယ်။

မင်းသုံးပါးသာသနာမှာဆိုလည်း တစ်လကို အစီအစဉ် သုံးလေးခုလောက်ရှိတယ် ။ လုပ်ရတဲ့ အကြောင်းကလည်း လူတွေဟာ တစ်ခုမဟုတ်

တစ်ခုမှာ ပါဝင်ဆက်ကပ်လို့ရအောင် လုပ်ပေးတယ်။ ဒီလိုလေး တွေ လုပ်ပေးမှ ဘာသာသူတွေဟာ ပါဝင်ရကောင်းမှန်းသိလာတယ်။

ကျနော်တို့တွေဟာ ခေတ်ကာလ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်ပျက်နေတဲ့အရာတွေကို  လစ်လျူမရှု့ဘဲနဲ့ တို့တွေဟာ ပါဝင်ကြရတယ်။

ကိုဗစ် ရောဂါတွေ ပျံ့နှံ့နေစဉ်ကလည်း ကိုဗစ်ကာကွယ်ကုသရေးစင်တာကို ဖွင့်လှစ်ပေးခဲ့တယ်။ အခုလည်း လူတွေဟာ ရောဂါနဲ့ နိုင်ငံရေး

အခြေအနေတွေကြားမှာ လုပ်ကိုင်းစား သောက်ရတာခက်ခဲတဲ့အတွက် စားသောက်ရေးနဲ့ဆိုင်တဲ့အရာ ။ ဝိညာဉ်ရေးနဲ့ ပတ်သက်ရင်လည်

း ဝိညာဉ်ရေးနဲ့ ပတ်သက်တဲ့အရာ တွေ ကို လုပ်ဆောင်ပေးရတယ်။ အဲ့ဒါမှလည်း သာသနာဟာ အသက်ဝင်နေတာပေါ့ ။ဒါကြောင့်မို့လို့

 သာသနာအတွင်းက ဘာသာတူတွေလည်းကုသိုလ်ယူလို့ရပြီး ခက်ခဲနေတဲ့ပြည်သူတွေလည်း အဆင်ပြေအောင်ဆိုတဲ့ စိတ်နဲ့ ဒီ (၅၀၀) တန် ထမင်းကို

ရောင်းချခဲ့ကြတာဖြစ်တယ်။ ရေရှည်သွားနိုင်ဖို့ရာအတွက်လည်း မျှော်မှန်းထားတယ်။ အလှူရှင်တွေ အနေနဲ့လည်း ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ “

ဟု မင်းပညာရှိ သုံးပါးဘုရားကျောင်း  ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ် မာစီအန်သက်ကျော်က ထမင်းဆိုင် ဖွင့်ရခြင်းအကြောင်းကို အာဗီအေသို့ ပြောပြခဲ့ပါသည်။ 
၅၀၀ တန် ထမင်း ရောင်းချနိုင်ရေးအတွက် ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာအုပ်စု အသီး သီး မှ ဘာသာသူများက   ငွေအားဖြင့် သော်လည်းကောင်း၊

 ချက်ပြုတ်ရေးပိုင်းတွင် လူအား ဆက် ကပ်ခြင်း အားဖြင့်သော်လည်းကောင်း  ပါဝင်ကူညီပေးကြခြင်းဖြင့် ကရုဏာထမင်းဆိုင်အား ဖွင့်လှစ် နေခြင်းဖြစ်ပါသည်။ 

မင်းသုံးပါးသာသနာအနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ် စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဆန် ၊ ဆီ စသည့်အခြေခံစားသောက်ကုန်များအား ခက်ခဲသည့် ဘာသာတူများအား

ဝေငှခဲ့ပြီး ၊ ကိုဗစ် တတိယလှိုင်းကာလဖြစ်ပွားသည့်အချိန်၌လည်း ဘုရားကျောင်းအတွင်း ကိုဗစ် ကုသရေးစင်တာကို ဖွင့်လှစ်ကာ လူမျိုး ၊ ဘာသာမရွေး

တက်ရောက်ကုသနိုင်သည့် ကိုဗစ် ကုသရေး စင်တာကို ဖွင့်လှစ် ပေးခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ အနှံ့ (၅၀၀) ကျပ်တန် ထမင်းများ  ရောင်းချနေ သည့်

အချိန်တွင်လည်းမင်းသုံးပါး သာသနာအနေဖြင့် အခက်အခဲရှိသော သူများအားလုံး အဆင်ပြေစေရန်အတွက်ရည်ရွယ်၍ (၅၀၀)ကျပ်တန် ကရုဏာထမင်းဆိုင်ကို

ဖွင့်လှစ်ရောင်းချလျှက်ရှိနေပါသည်။ 
News by – Pinky 
#rvamyanmar #rvapastoralcare #500 #ArchdioceseofYangon #FoodForThePoor #၅၀၀တန်ထမင်း

Add new comment

4 + 3 =