မင့်စ် ဂိုဏ်းချုပ်ဆရာတော်ကြီးလက်ရှိအမူတော်ထမ်းခြင်းမှအနားယူခွင့်ပြုရန်တောင်းခံလွှာကိုပုပ်ဖရန်စစ်လက်ခံ

မင့်စ် ဂိုဏ်းချုပ်ဆရာတော်ကြီးလက်ရှိအမူတော်ထမ်းခြင်းမှအနားယူခွင့်ပြုရန်တောင်းခံလွှာကိုပုပ်ဖရန်စစ်လက်ခံ

အမိသာသနာတော်ကြီး၏ ကာနွန်ဥပဒေ (၃၇၈၊ ၁၊၃) အရ ကက်သလစ်ဆရာတော်တစ်ပါးအဖြစ်ရွေးချယ်ခံနိုင် သောအသက်အရွယ်မှာ (၃၅) နှစ်ဖြစ်ပြီး၊ ရဟန်း၀ါတော်အနည်းဆုံး (၅) နှစ်ရှိရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

ကက်သလစ်ဆရာတော်တစ် ပါးအနေဖြင့် ကာနွန်ဥပဒေ (၄၀၁၊ ၁) အရ သက်တော် (၇၅) တွင်အမူတော်မှအနား ယူရန်ရ ဟန်းမင်းကြီး၏ရုံးတော်သို့လျှောက်တင်ရမည် ဖြစ်သည်။ အနားယူသည်ဆိုရာ၌ သာသနာပိုင်ဆရာတော်၊ သို့မဟုတ်ပေး အပ်ထားသောအမူတော်မှအနားယူခြင်းသာဖြစ်ပြီး၊ ဆရာတော်အဖြစ်မှအနားယူခြင်းမဟုတ်ပေ။ ထို့အတူကျန်းမာရေး ကြောင့်အသက်အရွယ်ရလာသောဘုန်းတော်ကြီးများလည်း အနားယူသောအခါ၄င်းတို့ ၏သိက္ခာကိုပြန်လည်ရုတ်သိမ်းခြင်း မဟုတ်။ ပေးအပ်ထား၍ထမ်းဆောင်နေခဲ့သောအမူတော်များမှသာအနားပေးလိုက်ခြင်းဖြစ်ပြီး၊ ရဟန်းသိက္ခာနှင့်ယှဉ်တွဲပါ လာသောစက္ကရာမင်တူးစီရင်ကျင်းပခြင်းအမူတော်များမှာမူ အခြားပြစ်ချက်များမရှိပါကသက်ဆုံးတိုင်ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းသိက္ခာသည်ထာ၀ရသိက္ခာတော်ဖြစ်သည်။

ရဟန်းမင်းကြီးသည်ယခုရက်ပိုင်းအတွင်း၌ သက်တော်ပြည့်သွားသောဘဲလားရူစ်နိုင်ငံမှဂိုဏ်းချုပ်ဆရာတော် Tadeusz Kondrusiewicz ၏အမူတော်မှအနားယူခွင့်လျှောက်လွှာကိုလက်ခံခဲ့သည်။

လတ်တလော၌ဆရာတော်ပလ္လင် လစ်လပ်နေသော ကြောင့် ယာယီသာသနာ့တာ၀န်ခံတစ်ပါးကိုခန့်အပ်ပေးထားသည်။ (၂၀၂၀၊ ဩဂုတ်လ) မှစ၍ဘဲလားရူစ် အစိုးရသည် ဂိုဏ်းချုပ်ဆရာတော် Tadeusz Kondrusiewicz အားပြည် ၀င်ခွင့်ပိတ်ပင်ခဲ့သည်။ ထိုစဉ်ကဆရာတော်သည် ပိုလန်နိုင်ငံ၌ရောက်ရှိနေစဉ်ဖြစ်ပွားခဲ့သည်။ ဤသို့ဖြင့်နိုင်ငံနှင့်သော်လည်းကောင်း၊ သူ၏ သာသနာနှင့်သော် လည်း ကောင်း ကင်းကွာနေခဲ့ရာမှ (၂၀၂၀၊ ဒီဇင်ဘာလ၊ ၂၂) ရက်နေ့၌ထိုမြစ်တားချက်ကို အစိုးရမှပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘဲလား ရူစ်နိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ်ကအသိပေးကြေငြာခဲ့ပါသည်။ သို့ဖြင့်ခရစ္စမတ်ကာလ၌ သူ၏သိုးများနှင့် ခရစ္စမတ်ပွဲတော်ကာလကိုဖြတ်သန်းခွင့်ရခဲ့သည်။

ထို့အတူရဟန်းမင်းကြီးသည် ကင်ညာနိုင်ငံမှကာဒီနယ် John Njue ၏အမူတော်မှနားရန်တင်လာသောလျှောက် လွှာကိုလည်းလက်ခံခဲ့သည်။ ကာဒီနယ်အား (၁၉၄၄) ခုနှစ်၌ကင်ညာနိုင်ငံ၌မွေးဖွားခဲ့ပြီး၊ (၂၀၀၇) တွင် နိုင်ရိုဘီ၏ဂိုဏ်း ချုပ်ဆရာတော်အဖြစ်အမူထမ်းခဲ့သည်။ သူ့အား (၁၉၇၃၊ ဇန္န၀ါရီလ၊ ၆) ရက်နေ့က ထိုစဉ်ကရဟန်းမင်းကြီးဖြစ်နေသော သူတော်မြတ် ပေါလ် (၆) မှရဟန်းသိက္ခာထပ်ပေးခဲ့သည်။ သူသည်ရောမ၌ပညာတော်သင်ကြားခဲ့ပြီး၊ ပညာရပ်ဒေါက် တာ ဘွဲ့ရရှိထားသူဖြစ်သည်။ သူသည်ရဟန်းသိက္ခာထပ်ပြီးနောက် စိန့်ဩဂုတ်စတင်းကက်သလစ်ဓမ္မတက္က သိုလ် ၌စာချအဖြစ် လည်းကောင်း၊ ‌နောက်ပိုင်း၌ ကျောင်းအုပ်အဖြစ် (၁၉၇၈ မှ ၁၉၈၂) အထိလည်းကောင်း၊ နိုင်ရိုဘီရှိစိန့်ဂျိုးဇက်ကက်သ လစ်ဓမ္မတ က္ကသိုလ်၏ကျောင်းအုပ်အဖြစ် (၁၉၈၂) မှသည် (၁၉၈၆၊ ဇွန် လ၊ ၉) ရက်နေ့ဆရာတော်အဖြစ်ရွေးချယ်ခံရသည့်အ ချိန်ထိကျောင်းအုပ်အဖြစ်အမူတော်ထမ်းဆောင်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2XcyYt9

https://bit.ly/3hOfX9T

Add new comment

1 + 12 =