မကြာမီကြွရောက်လာတော့မည့် ပုပ်ဖရန်စစ်အားကြိုဆိုရန် ဆိုင်းပရပ်စ်နိုင်ငံအပြီးသတ်ပြင်ဆင်

မကြာမီကြွရောက်လာတော့မည့် ပုပ်ဖရန်စစ်အားကြိုဆိုရန် ဆိုင်းပရပ်စ်နိုင်ငံအပြီးသတ်ပြင်ဆင်

မကြာမီကြွရောက်လာတော့မည့် ပုပ်ဖရန်စစ်အားကြိုဆိုရန် ဆိုင်းပရပ်စ်နိုင်ငံအပြီးသတ်ပြင်ဆင်

လာမည့်ဒီဇင်ဘာ (၂) ရက်နေ့၊ ကြာသပတေးနေ့၌ တမန်တော်ခရီးကြွရောက်လာမည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား ကြိုဆိုနိုင်ရန်အတွက် ဆိုင်းပရပ်စ်နိုင်ငံ၏ မြို့တော် Nicosia ၌အပြီးသတ်ပြင်ဆင်ပြီးဖြစ်သည်။

ယခုတစ်ကြိမ် ရဟန်းမင်းကြီး၏ ကြွရောက်ခြင်းသည် ဆိုင်းပရပ်စ်အစိုးရအတွက် သမိုင်း၀င်သော တမန်တော်ခရီးဖြစ်သည်။ ဆိုင်းပ ရပ်စ်အစိုးရ၏ပြောရေး ဆိုခွင့်ရှိသူ၏ပြောကြားချက်အရ ရဟန်းမင်းကြီးနှင့်အတူ သတင်းထောက် (၇၇) ဦးလိုက်ပါ လာမည်ဖြစ်ကြောင်း၊ ရဟန်းမင်း ကြီး၏ တမန်တော်ခရီးစဉ်တစ်လျှောက်၌ သတင်းသမား (၂၀၀) ကျော်သတင်းများ ရယူကြမည်ဖြစ်ကြောင်း၊ တမန်တော်ခရီးစဉ်သည် ရက်တိုသာဖြစ်သော်လည်း ဆိုင်းပရပ်စ်၌ရှိနေမည့်နောက်ဆုံးနေ့ အစီအစဉ်များသည် ကြပ်သိပ်နေကြောင်း၊ ထိုနေ့၌ပင် မစ္ဆားတရားကိုလည်း နိုင်ငံတော်၏အားကစားရုံ၌ဦး ဆောင်ပူ ဇော်မည်ဖြစ်ကြောင်း၊ ရာနှင့်ချီသောကက်သလစ်ဘာ သာတူများလည်း ရဟန်းမင်းကြီးနှင့်အတူ မစ္ဆားတရားပူဇော် ကြမည်ဖြစ်ကြောင်း၊ ၄င်းတို့အများပိုင်းသည် ပြေထဲပင်လယ်ဒေသမှရဟန်းမင်းကြီးနှင့်အတူတစ်ကွမစ္ဆားတရားပူဇော် ရန်ရှည်လျားသောခရီးကိုပြုကြမည်ဖြစ် ကြောင်း၊ ရဟန်းမင်းကြီးသည် ဒုက္ခသည်များ၊ ရွေ့ပြောင်းများနှင့်လည်းတွေ့ ဆုံမည်ဖြစ် ကြောင်း၊ ထို့နောက် အခြားသောခရစ်ယာန်အသင်းတော်များနှင့်ကက်သလစ်ဘုရားရှိခိုးကျောင်းဖြစ်သော ‘သန့်ရှင်းသောလက်၀ါးကပ်တိုင်’ ဘုရားကျောင်း၌ အတူတကွဆုတောင်းကြမည်ဖြစ်ကြောင်း၊ အဆိုပါဘုရား ကျောင်း၌ မတူညီသောဘာသာစကား (၈) မျိုးဖြင့်မစ္ဆားပူဇော်လေ့ရှိသောဘုရားကျောင်းဖြစ်ကြောင်းဆိုသည်။

ဤခရီးစဉ်အ တွင်း၌ ရဟန်းမင်း ကြီးသည် ဆိုင်းပရပ်စ်သမ္မတ၏ အိမ်တော်သို့ကြွရောက်လည်ပတ်မည်ဖြစ်ပြီး သမ္မတကြီးအားလည်းနှုတ် မည်ဖြစ်ကြောင်း၊ ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ သက်၀င်ယုံကြည်မှုမတူသော ဘာသာအချင်းချင်းအတူတကွဆုတောင်းခြင်း၊ ဘာသာမတူသူများယှဉ်တွဲနေထိုင်နိုင်ရေးတွေ့ဆုံဆွေးနွေးမြှင့်တင် လုပ်ဆောင်ရန်၊ ‘ဆိုင်းပရပ်စ်’ နိုင်ငံအတွင်း၌ ဆက်လက်ကြုံတွေ့နေရသောပြဿနာဖြစ်သည့်၊ ပြောင်းရွေ့သူများ၏ အရေး၊ ဒုက္ခ သည်များအရေးနှင့်လူ့အခွင့်အရေးများအ‌ကြောင်း၊ ကမ္ဘာကြီးအားခြိမ်းခြောက်နေ သောကပ်ဆိုးကြီးကိုးဗစ် (၁၉) အကြောင်းကိုလည်းဆွေးနွေးမည်ဟုမျှော်လင့်နေကြသည်။

ရဟန်းမင်းကြီးသည် ဆိုင်းပရပ်စ်မှ ဩသောဒေါ့စ်အသင်းတော်၏ခေါင်းဆောင်ဖြစ်သော ဂိုဏ်းချုပ်ဆရာ တော် Chrysostomos II အားလည်းသွားရောက်တွေ့ဆုံနှုတ်ဆက်မည်ဖြစ်သည်။ ထို့နောက် ကက်သလစ်သာသနာ တော်ကြီး၏ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ကက်သလစ်သာသနာတော်ကြီးနှင့် ဩသောဒေါ့စ်ခရစ်ယာန်အသင်းတော်ကြားပိုမိုခိုင်မာသောစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ ယခုတစ်ကြိမ် ရဟန်းမင်း ကြီးဖရန်စစ် ဆိုင်းပရပ်စ်နိုင်ငံသို့ကြွရောက်ခြင်းသည် (၂၀၁၀) ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ကြွရောက် ပြီးနောက် ဒုတိယတစ်ကြိမ်ကြွရောက်ခြင်းဖြစ်သည်ဟုဆိုသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဆိုင်းပရပ်စ်နိုင်ငံမှ ဒီဇင်ဘာလ (၄) နေ့၌ထွက်ခွာပြီး ဂရိနိုင်ငံ၏ မြို့တော် ‘အေသင်’ သို့ဆက် လက်၍ တမန်တော်ခရီးကြွရောက်မည်ဖြစ်ပါသည်။
 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3I71AKQ

 

Add new comment

20 + 0 =