မကြာမီကရဟန်းသိက္ခာထပ်ထားသော အိန္ဒိယမှဂျက်ဆွီစ်ဘုန်းတော်ကြီးတစ်ပါးပျံလွန်

မကြာမီကရဟန်းသိက္ခာထပ်ထားသော အိန္ဒိယမှဂျက်ဆွီစ်ဘုန်းတော်ကြီးတစ်ပါးပျံလွန်

ယခုလ ဇန္န၀ါရီ (၁၀) ရက်နေ့က မကြာသေးမီကရဟန်းသိက္ခာထပ်ထားသောအိန္ဒိယမှဂျက်ဆွီစ်ဘုန်းတော်ကြီးတစ်ပါးသည် Chhattisgarh's Jashpur ပြည်နယ်၌ စက်ဘီးစီးရင်မတော်တဆဖြစ်ကာပျံလွန်သွားခဲ့သည်။ ဘုန်းတော်ကြီး၏အမည်မှာ ဖာသာရ် Arun ဖြစ်ပြီး ထရပ်ကားတစ်စီးကသူစီးနေသောစက်ဘီးအား၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်မှာ ညနေစောင်း (၄) နာရီဖြစ်ပြီး Bandarchua ရွာနှင့်မလှမ်းမကမ်းတွင်ဖြစ်သည်။ အခင်းဖြစ်ဖြစ်ခြင်းအတွင်လူနာအဖြစ်အနီးအ နားရှိ ‘Holy Cross’ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ပျံလွန်သွားခဲ့သည်။

သူအား (နို၀င်ဘာ ၉၊ ၁၉၈၉) တွင်မွေးဖွားခဲ့သည်။ သူသည် ဂျက်ဆွီစ်အသင်းသို့ (ဇွန် ၂၉၊ ၂၀၀၉) ခုနှစ်က၀င်ရောက်ခဲ့ပြီး သူ၏ ရာသက်ပန်ကတိသစ္စာကို (ဇွန် ၂၁၊ ၂၀၂၁) တွင်ပြုခဲ့သည်။ သူ့အားထာ၀ရရဟန်းအဖြစ် (အောက်တိုဘာ ၂၆၊ ၂၀၂၂) တွင်သိ က္ခာထပ်ခဲ့သည်။

Madhya Pradesh ၏ဂျက်ဆွီစ်ဘုန်းတော်ကြီးများ၏တာ၀န်ခံဘုန်းတော်ကြီး၏ ပြောကြားချက်ရ သူသည် Jashpur ရှိ Shanti Bhavan တွင်အမှုတော်ထမ်းနေခဲ့သည်။ ဤဘုန်း တော်ကြီး၏ပျံလွန်ခြင်းသတင်းကိုစိတ်လေးလံစွာဖြင့်အသိပေးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းသိက္ခာထပ်ထားသည်မှာ လပိုင်းသာရှိသေးသည့် ရဟန်းပျိုအားဆုံးရခြင်းဖြစ် ကြောင်း၊ သူ၏အ သက်၀ိညာဉ်အား ဘုရားသခင်၏ဘုန်းတော်၌လက်ခံစေရန်ဆုတောင်းပေးကြပါဟုလည်းတောင်းခံထား သည်။

သူ၏စျာပနကို ဇန္န၀ါရီ (၁၁) ရက်နေ့ကကျင်းပခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HkdRNx
 

Add new comment

7 + 6 =