မက်စီကို တွင် ရွေ့ပြောင်းနေထိုင်သူများတိုးပွာ လာနိုင်သည့်အခြေအနေ

ရွေ့ပြောင်းနေထိုင်သူများ

မက်စီကို တွင် ရွေ့ပြောင်းနေထိုင်သူများတိုးပွာ လာနိုင်သည့်အခြေအနေ
ဇွန်လ ၁၅၊ ၂၀၁၉

ယခုလက်ရှိအခြေအနေတွင် အမေရိကန် နိုင်ငံသားရရှိလျှောက်ထားသူ လေးသောင်းရှိနေပြီး ဒီနှစ်ကုန်ပိုင်းတွင် နှစ်ဆ တိုးပွားလာနိုင်ဖွယ်ရာရှိကြောင်း မက်စီကိုနိုင်ငံ လူအခွင့်​အရေးတာဝန်ခံအရာရှိ Alejandro Encinas ပြောကြားခဲ့ပါသည်။

သူနှင့် သူ၏ အတွင်းရေးမူး တို့မှ ရွှေ့ပြောင်း နေထိုင်သူများ၊ အမေရိကန် နိုင်ငံသားရရှိရေး ရှာဖွေသူများ နှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခက်အခဲပြသနာများကို လျှော့ကျစေရန် စီမန်ခန့်ခွဲ​ပေးခြင်း ထောက်ပံ့​ပေးခြင်း နှင့် ကူညီမူများ လုပ်ဆောင်ပေးနေကြပါသည်။

ယခု​တွေ့ကြုံနေရတဲ့အခက်အခဲ​တွေဟာ မနှစ်က ကျန်ခဲ့သော ဒုက္ခအမွေတွေဖြစ်သလို၊ အကြာသေးမှီကလည်း မက်စီကို ရွေ့ပြောင်းဒုက္ခသည်များအသင်း ဥက္ကဋ္ဌ Tonatiuh Guillen မှ နုတ်ထွက်သွားမူများ နှင့် ဆက်နွယ်နေကြောင်း၊ သို့သော်လည်း ဘယ်လိုအခက်အခဲဖြစ်နေပါစေ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကိုလည်း ဖော်ပြထားပါသည်။

မက်စီကို အစိုးရမှလည်း အလယ်ပိုင်းအမေရိက နိုင်ငံများမှ ဝင်ရောက်လာသည့် ရွေ့ပြောင်းနေထိုင်သူများကို တားဆီးထိန်း​ချုပ်ရန် မက်စီကို တောင်ပိုင်ဒေသလုံခြုံရေးအတွက် အင်းအားများဖြည့်တင်းပြီး ဖြေရှင်းပေးနေကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင်လျှင်လည်း အမေရိကနှင့် မက်စီကိုအကြား မလိုလားအပ်သည့်တင်မာမူများဖြစ်လာနိုင်ကြောင်း၊ တဆက်တည်းမှာပဲ မက်စီကိုနိုင်ငံသည် အမေရိက သို့ ရွေ့ပြောင်းဝင်ရောက်လာသောသူများ ကို ထိန်း​သိမ်းထားရာနေရာအဖြစ် အမေရိကမှ တောင်းဆိုထားကြောင်းကိုလည်း ဖော်ပြထားပါသည်။

https://www.vaticannews.va/en/world/news/2019-06/mexico-migrants-us-trade-tariffs-agreement.html

#migrants, #mexico, #us, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 3 =