Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မက္ကဆီကို၌ကိုဗစ် အတွင်း သူတော်စင် အပါး ၃၀ အသက်ဆုံးရှုံး
မက္ကဆီကို၌ကိုဗစ် အတွင်း သူတော်စင် အပါး ၃၀ အသက်ဆုံးရှုံး
မက္ကဆီကိုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကက်သလစ် ရဟန်းတော် ၂၄ ပါး၊ ဉီးပဉ္စင်းကြီး ၄ ပါး နှင့် သီလရှင် ၂ ပါး ပျံလွန်သွားခြင်းအကြောင့် မက္ကဆီကို အသင်းတော်အတွက် စိတ်မကောင်းဖွယ် ဖြစ်ရပါတယ်။
ယခုအခါ အခြေအနေကိုကြည့်ပြီး တဖြည်းဖြည်း ပြန်လည်ဖွင့်ပေးရန် ကြိုးစားနေပေမဲ့ မက္ကဆီကိုဟာလည်း ဘုရားကျောင်းများ ပိတ်ထားခဲ့တာဟာ ၃ လနီးပါးရှိပြီဖြစ်ပြီး အရေးပေါ်အခြေအနေကို ခံခဲ့ရပါတယ်။
အထက်ပါ သေဆုံးသွားခဲ့တဲ့ သူတော်စင်များဟာဆိုရင် ပထမအကြိမ် ကိုဗစ် စဖြစ်ပွားစဉ် ဖေဖော်၀ါရီလ ၂၇ ကထဲက ရရှိခဲ့တဲ့စာရင်းများဖြစ်ကာ Catholic Multimedia Center ကနေ စာရင်းပြုစုထားခြင်းဖြစ်ကြောင်း
ဂျွန်လ ၁၈ ရက်နေ့အထိ မှတ်တမ်းအရ မက္ကဆီကိုမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ တနေ့လျင် ပျှမ်းမျှ ၃၅၀၀ ရှိပြီး စုစုပေါင်း ကူးစက်သူ ၁၅၉၇၉၃ နှင့် အပေါင်းလက္ခဏာပြ Positive case ၂၂၂၀၉ ရှိကာ သေဆုံးသူ ၂၂၂၀၉ ဉီးရှိကြောင်း၊ John Hopkins ဆေးတက္ကသိုလ်ကြီး မှစစ်တမ်းအရ ၊ မက္ကဆီကိုဟာ ကူးစက်မှုမှာ ကမ္ဘာ့ တဝှမ်း အနေနဲ့ နံပါတ် ၁၅ နေရာ၀င်ပြီး၊ သေဆုံးမှု ဉီးရေအရ ဆိုရင် တော့ ကမ္ဘာ့ နံပါတ် ၇ နေရာမှာ ချိပ်နေပါတယ်ဆိုတာကို Aleteia သတင်းအရ သိရှိရပါတယ်။
ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy: Shutterstock
Add new comment