မက္ကဆီကို၌ ကက်သလစ် ဘုရားဖူးခရီးသည် (၁၃) ဦး ကားမှောက်သေဆုံး

မက္ကဆီကို၌ ကက်သလစ် ဘုရားဖူးခရီးသည် (၁၃) ဦး ကားမှောက်သေဆုံး

မက္ကဆီကို၌ ကက်သလစ် ဘုရားဖူးခရီးသည် (၁၃) ဦး ကားမှောက်သေဆုံး

မက္ကဆီကိုနိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက်တွင် ကက်သလစ်ဘုရားဖူးခရီးသည်ကား တိမ်းမှောက်ခဲ့ရာ လူ (၁၃ )ဦး သေဆုံးခဲ့ကြောင်း ကက်သလစ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဘုရားဖူးများသ၆ည် မက္ကဆီကိုနိုင်ငံ Jalisco ပြည်နယ်၊San Juan de los Lagos ရှိ Virgin of La Candelaria ရုပ်တုကို လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း အဆိုပါ မတော်တဆမှုတွင် လူ ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

၁၆၂၃ ခုနှစ်တွင် တန်ခိုးအာနုဘော်ပြသည့်အချိန်မာ ဖြစ်ပျက်ခဲ့သော တန်ခိုးအာနုဘော်ပြသည့်အချိန်မှာအပြစ်မဲ့သန္ဓေယူခြင်းဆင်းတုဆီ မက္ကဆီကိုနိုင်ငံသို့ နှစ်စဥ်ဘုရားဖူးတစ်သန်းကျော် လာရောက်ဖူးမျော်ကြတယ်လို့ဆိုပါတယ်။

ထူးခြားအံ့ဖွယ်ဖြစ်စဥ်

ထုံးတမ်းစဉ်လာအရကာယကံ ရှင်၏သမီးဖြစ်သူသည် သူမ၏လုပ်ဆောင်မှုအတွင်း မတော်တဆသေဆုံးသွားတဲ့အခါ မှာ မိဘများက ဝမ်းနည်းပူဆွေးကာ သူတို့၏သမီးဖြစ်သူကို San Juan ၏ ဘုရားကျောင်းဆောင်သို့ ခေါ်ဆောင်လာကြသည်။ ဘုရားကျောင်းတော် စောင့်ရဲ့ဇနီးက သူတို့အား ကညာစင်မာရိထံ ဆုတောင်းရန် တိုက်တွန်းခဲ့ကြောင်း ၊ သူမကို အဝတ်ဖြင့် ပတ်ထားပြီး အလောင်းကို ဆင်းတုဘေးတွင် ထားလိုက်သောအခါတွင် သူမသည်လှုပ်လာပြီး ပြန်ထလာခဲ့ကြောင်း။
ဒီအဖြစ်အပျက်ဟာနေရာအနှံ့ ပြန့်နှံ့ခဲ့ပြီး မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စု ဒေသတချို့လည်း ပျံ့နှံ့ခဲ့ကြောင်း ရုပ်တုကို San Juan de los Lagos ၏ Basilica Minor တွင် တည်ထားကြောင်း၊ ဇန်နဝါရီလကုန်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသည် သီတင်းတစ်ပတ်ကြာ မီးရှူးမီးပန်းများ၊ တေးဂီတများနှင့် လာရောက်ပြီး သဒါ ကြည်ညိုခဲ့ကြကြောင်း

မက္ကဆီကန်ဆရာတော်များညီလာခံတွင် "မက္ကဆီကိုပြည်နယ် Toluca မှ ဘုရားဖူးများနှင့်အတူ ခရီးသည်တင်ကားတစ်စီး မှောက်ကျမှုကြောင့် သေဆုံးသူများ၏ ဆွေမျိုးများနှင့်အတူ စုပေါင်း ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားတာပါ။

"ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင်နှင့် ဂွါဒါလုပယ် နေရာမှာရှိတဲ့ မယ်တော် မာရိယာ၏ ကောင်းကြီး များသွန်းလောင်းပြီး သင့်အား ကာကွယ်စောင့်ရှောက်ပါစေ'ဟု ဆရာတော်၏ ထုတ်ပြန်ချက်မှာ နိဂုံးချုပ်ဆိုထားပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3rCKbDv

 

Add new comment

1 + 0 =