မက္ကဆီကိုကားတိမ်းမှောက်ခြင်းတွင် အသက်ဆုံးရှံးသူ ၅၄ ဉီးတို့အတွက် ကက်သလစ် ခေါင်း ဆောင် များဆုတောင်းပေး

မက္ကဆီကိုကားတိမ်းမှောက်ခြင်းတွင် အသက်ဆုံးရှံးသူ ၅၄ ဉီးတို့အတွက် ကက်သလစ် ခေါင်း ဆောင် များဆုတောင်းပေး

မက္ကဆီကိုကားတိမ်းမှောက်ခြင်းတွင် အသက်ဆုံးရှံးသူ ၅၄ ဉီးတို့အတွက် ကက်သလစ် ခေါင်း ဆောင် များဆုတောင်းပေး

 

ဒီဇင်ဘာ ၉ ရက်၊ ကြာသပတေးနေ့ က မက္ကဆီကို ချီယားပါတ်စ် ပြည်နယ် မှာ ယာဉ်တိမ်း မှောက် ခြင်း တွင် ၅၄ ဉီးသေဆုံးခဲ့ရသလို လူများစွာ ဒဏ်ရာ ရရှိခဲ့ကြသည့်အပေါ် ၎င်း၏ ဆုတောင်းမေတ္တာနှင့် နီး ကပ်စွာရှိနေကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဖော်ပြလိုက်ပါတယ်။

လူပေါင်း ၁၅၀ တင်ဆောင်လာတဲ့ ထရပ် ကားဟာ အဝေးပြေးလမ်း၊ မြို့နဲ့ မိုင် ၁၀၀ အကွာအဝေးမှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်သည့်အထဲပါဝင်သူ အများစုမှာ ဂွာတာမာလာမှ ရွှေ့ပြောင်းအချေချ သူများဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အမေရိကားမှဖြစ်တယ်လို့ ဂွာတာမာလာ သံအမတ် မာရီးယိုဘူကားရိုက အတည်ပြုပြောဆိုပါတယ်။

ယာဉ်တိမ်းမှောင်ရာတွင် ဆုံးပါးသွားသူများ အတွက် ထိခိုက်ခံစားရကြောင်း နှင့်ကျန်ရစ်သူမိသားစုများအတွက် အထူးဆုတောင်းပေးပါကြောင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ  ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က  Tuxtla Gutiérrez မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Fabio Martínez Castilla ဆီကို Telegram သတင်းပေးပို့ခဲ့တာပါ။  

ဒေသခံ ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် အခြားသောဆရာတော်ကြီးများကလည်း ဝမ်းနည်းခြင်းစကားနှင့် အတူ ၎င်းတို့ ဆုတောင်းမေတ္တာပြုပေးနေကြောင်းကို ထုတ်ဖော် ရေးသားခဲ့ကြပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3dJIDQe

Add new comment

15 + 5 =