Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
"ဘ၀သည်လှပပါသည်' ရှပ်ရှင်၏ဒါရိုက်တာ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံ
"ဘ၀သည်လှပပါသည်' ရှပ်ရှင်၏ဒါရိုက်တာ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံ
'Life is Beautiful' ရုပ်ရှင်၏ဒါရိုက်တာသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခဲ့သည်။ ဤရုပ်ရှင်သည် အီတလီရုပ်ရှင်ဖြစ်သည်။ သူ၏မူရင်းရုပ်ရှင်အမည်မှာ 'La vita e bella' ဖြစ်သည်။ အဆိုပါဒါရိုက်တာကြီးသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံစဉ်၌ ဟာသနှော၍ရဟန်းမင်းကြီးအား
ဒါရိုက်တာ။ ။စိန့်ဖရန်စစ်ဟာ နွမ်းပါးခြင်းကိုလက်ထပ်ခဲ့တယ်။ အဲ့ဒီနွမ်းပါးခြင်းဟာယေဇူးသခင်ရဲ့ကြင်လျာတော်ဖြစ်တယ်။ ဒါကဖရန်စစ်ဖြစ်တယ်။ အဲ့ဒါလည်းဖရန်စစ်ပါဘဲ။ ဒီအချိန်ကအရမ်းကိုလှပပြီး အရမ်းကိုပျော်ဖို့ကောင်းတဲ့အချိန်ပါ။ အရမ်းတောက်ပတယ်။ ကြည့်ပါလားပရောင်ခြည်တော်ဖြာဆင်းနေတာ' ဟုပြောလိုက်၏။
ရဟန်းမင်းကြီးဖရန်စစ်။ ။ 'ချဲ့ကားမပြောစမ်းပါနဲ့။ လာပါ။ ချဲ့ကားပြောမနေနဲ့' ဟုသူ့အားချီးကျူးပြောဆိုသည်ကိုအဆုံးသတ်ရန်ကြိုးစားလိုက်သည်။ သို့သော် ရုပ်ရှင်ဒါရိုက်တာက
ရုပ်ရှင်ဒါရိုက်တာ။ ။ 'မချဲ့ကားဘဲဘယ်လိုနေနိုင်မလဲ' ဟုထပ်ပြောလိုက်သည်။ ဤသည်ကား ရဟန်း မင်းကြီးဖရန်စစ်အား လာရောက်တွေ့ဆုံသော အီတလီရုပ်ရှင်ဒါရိုက်တာ Roberto Benigni တို့၏ကြည်နူးစရာအပြန်အလှန်အရွန်းများဖြစ်သည်။
ရဟန်းမင်းကြီး။ ။ ခင်များလာလည်လို့ကျွန်တော်အရမ်းဂုဏ်ရှိတယ်။
ဒါရိုက်တာကြီး။ ။ ကိုယ်တော်တပည့်တော်ကိုမြင်နေရတာကိုက ကျွန်တော်ဂုဏ်ရှိလှပါပြီ။ ကျွန်တော် အမျိုးသမီး Nicoletta လည်း ကိုယ်တော့်ကိုနှုတ်ဆက်ခိုင်းတယ်။
အလွန်နာမည်ကြီးခဲ့သော တော်လှန်ရေးနောက်ခံထားသည့် 'Life is Beautiful' ရုပ်ရှင်၏ဒါရိုက်တာသည် သူရေးစပ်သီကုံးထားသော 'il Cantico' ဟုအမည်ပေးထားသည့်ကဗျာကို ရဟန်းမင်းကြီးအားလက်ဆောင်ပေးခဲ့သည်။
ဒါရိုက်တာကြီး။ ။ ကျွန်တော်နှိမ့်ချခြင်းမရှိတာကိုခွင့်လွှတ်နားလည်ပေးပါ။ ဒါကတော့ စိန့်ဖရန်စစ်အကြောင်း တပည့်တော်ရေးသားထားတာပါ။ အခုရေးသားသီကုံးထားတဲ့အကြောင်းအရာတွေကိုစေ့စေ့ပေါက်ပေါက်သိပါတယ်။ ကိုယ်တော်ကဂျက်ဆွီစ်ပါ။ ဒါပေမယ့်ကိုယ်တော့်နာမည်က ဖရန်စစ်ပါ။'
ရဟန်းမင်းကြီးနှင့်လူရွှင်တော်ဒါရိုက်တာကြီးတို့သည် စိန့်ဖရန်စစ်၏အသက်တာအကြောင်းကိုဆွေးနွေးခဲ့ကြသည်။
ဒါရိုက်တာကြီး။ ။ စိန့်ဖရန်စစ်ဟာ သူမတူအောင်ကို ယေဇူးသခင်လိုကျင့်ကြံကြိုးစားခဲ့တယ်လို့ပြောချင်တယ်။ ဟုတ်တယ်မဟုတ်လား။
ရဟန်းမင်းကြီး။ ။ ဟုတ်တယ်လို့ပြောပါ့မယ်။ စိန့်ဖရန်စစ်က ယေဇူးသခင်ရဲ့မုဆိုးမကြင်လျာဖြစ်တဲ့ နွမ်းပါးခြင်းကိုလက်ထပ်ခဲ့တယ်။ အဲ့ဒီယေဇူးသခင်ရဲ့ကြင်လျာတော်ဟာ နှစ်ပေါင်းတစ်ထောင်ကျော်မုဆိုးမဖြစ်နေခဲ့ရှာတယ်။ (ဆိုလိုသည်မှာ လက်ထပ်မည့်သူမရှိ၍ဖြစ်သည်။ လက်ထပ်သည်ဟုဆိုရာ၌ နွမ်းပါးခြင်းပါရမီကိုကျင့်ကြံအားထုတ်ချင်သူမဲ့နေခဲ့သည်။ စိန့်ဖရန်စစ်ပေါ်ထွက်လာချိန်မှသာလက် ထပ်မည့်သူပေါ်လာ၍ မုဆိုးမဘ၀မှလွတ်ကျွတ်သွားခဲ့သည်။)
ရဟန်းမင်းကြီးဖရန်စစ်သည် ဒါရိုက်တာကြီးအား သူရေးသားသောစာအုပ်တစ်အုပ်နှင့်သူ၏ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ခြင်း (၉) နှစ်မြောက်နှစ်ပတ်လည်၌ထုတ်သောဆွဲပြားတစ်ခုကိုလည်း လက်ဆောင်ပေးလိုက်သည်
ဒါရိုက်တာကြီး။ ။ 'အကောင်းဆုံးဖြစ်ပါစေ ကိုယ်တော်ဘုရား၊ ကိုယ်တော့်အတွက်ကျွန်တော်တို့ဆုတောင်းပေးနေပါတယ်' ဟုရင်းနှီးပွင့်လင်းစွာတွေ့ဆုံပြီးနောက် ပွေ့ဖက်နုတ်ဆက်၍လမ်းခွဲခဲ့ကြသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment