ဘဲလားရုစ်၏နိုင်ငံရေးတည်ငြိမ်စေရေး ဘာသာရေးခေါင်းဆောင်များစုပေါင်းဆုတောင်းခဲ့ကြ

ဘဲလားရုစ်၏နိုင်ငံရေးတည်ငြိမ်စေရေး ဘာသာရေးခေါင်းဆောင်များစုပေါင်းဆုတောင်းခဲ့ကြ

ဘဲလားရုစ်၏နိုင်ငံရေးတည်ငြိမ်စေရေး ဘာသာရေးခေါင်းဆောင်များစုပေါင်းဆုတောင်းခဲ့ကြ

ဘဲလားရုစ်နိုင်ငံ၌တစ်နေ့တခြားဆိုးရွားလာနေသော နိုင်ငံရေးမငြိမ်မသက်မူနှင့်ပတ်သက်၍ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့်လူ့ဂုဏ်သိက္ခာအရေးလှုပ်ရှားသောအဖွဲ့က အတိုက်အခံပါတီများအားထောက်ခံသူများအပေါ်ဖိနှိပ်လုပ် ဆောင်မူများအတွက်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အတူကက်သလစ်အဖွဲ့အစည်းမှလည်း ကက်သလစ် သာသနာတော်ကြီး၏လူမူရေးဆိုင်ရာသွန်သင်ချက်များကိုသတိပြုမိလာစေရန်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထိုအမိသာ သနာတော်ကြီးက ‘ဘဲလားရုစ်အစိုးရမှ အတိုက်အခံပါတီနှင့်အားပေးထောက်ခံသူများကို မည်သည့်ပုံစံနှင့်မဆိုမကြမ်း ဖက်ခြင်း၊ အထူးသဖြင့်ကိုယ်ထိလက်ရောက်နှိပ်စက်ညှဉ်းပန်းခြင်းများကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း’ ထုတ်ပြန် ကြေငြာခဲ့သည်။

ထိုကြေငြာချက်ကို ဆန္ဒပြသူပေါင်း (၇၀၀၀) ခန့်ဖမ်းဆီးထိန်းသိမ်းခံပြီးနောက်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ လက်ရှိအစိုးရအားကန့်ကွက်ဆန္ဒပြမူကို ဩဂုတ်လ (၉) နေ့အထွေထွေရွေးကောက်ပွဲကြီး၏ရလာဒ်နှင့်ပတ်သက် ၍စတင်ခဲ့ခြင်းဖြစ်သည်။ သက်တမ်းရှည်ကြာစွာအနိုင်ရခဲ့နေသောလက်ရှိသမ္မတ Alexander Lukashenko သည် တစ်နိုင်ငံ လုံးအတိုင်းအတာ၌ မဲ ၈၀ ရာခိုင်နှုန်းဖြင့်အနိုင်ရကြောင်းတရား၀င်ကြေငြာခဲ့ရာမှစတင်ခဲ့သည်။ ယခုဆန္ဒပြနေသူများမှာ ထိုရလာဒ်ကိုအယုံအကြည်မရှိကြပေ။ ထိုကြေငြာချက်ထဲ၌ ဥရောပသမဂတရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကော်မတီ၏ အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကိုချက်ချင်းလွှတ်ပေးရန်တောင်ဆိုချက်ကိုလည်းထည့်သွင်းဖော်ပြထားသည်။ 

လူ့အခွင့်အရေး

နိုင်ငံ၏အာဏာပိုင်များအားလည်း လူ့အခွင့်အရေးကိုပြည့်၀စွာလိုက်နာရန်၊ လူ့အသက်ကိုလည်းလေးစားရန်၊ ကိုယ်ထိလက်ရောက်ညှဉ်းပန်းနှိပ်စက်ခြင်းကိုမပြုရန်၊ လွှတ်လပ်စွာစီတန်းလှည့်လည်ခွင့်ပြုရန်၊ မီဒီယာများ၊ လွှတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ပြုရန်၊ ဒီမိုကရေစီ၏သတ်မှတ်ချက်များကိုလိုက်နာကြရန်တိုက်တွန်းထားသည်။ တရာမျှတခြင်း နှင့်ငြိမ်းချမ်းရေးလှုပ်ရှားသောဒေသန္တာရကက်သလစ်အဖွဲ့အစည်းသည် ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ယခုခဲ့သို့ကြေငြာ ချက်ထုတ်ရခြင်းမှာ လူ့အခွင့်အရေးကိုဆိုးရွားစွာကျူးလွန်ဖောက်ဖျက်နေကြသောပုဂ္ဂလိကနိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရနှင့်ပူးပေါင်း၍လုပ်ငန်းများလုပ်ဆောင်နေကြသောလုပ်ငန်းရှင်များအားစီးပွားရေးပိတ်ဆိုအရေးယူပေးရန်လည်း ဖြစ်သည်။

ဤကြေငြာချက်သည် ဘဲလာရုစ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏တောင်းဆိုချက်ကိုလည်း ထောက်ခံရာရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်းလက်ရှိအခြေအနေကို ကိုင်တွယ်ရာ၌ငြိမ်းချမ်းပြီး၊ ပါ၀င်သင့်သောနိုင်ငံရေးခေါင်းဆောင်များ၊ လူမူအသင်းအဖွဲ့ကြီးများအားလုံးပါ၀င်၍အကြမ်း ဖက်ခြင်းမျိုးမဖြစ်ပွားစေဘဲ တွေ့ဆုံဆွေးနွေးမူကိုပြုလုပ်ရန်တောင်းဆိုထားသည်။ ထိုတွေ့ဆုံဆွေးနွေးမူတွင်အတိုက်အ ခံပါတီ၏သမ္မတလောင်းဖြစ်ခဲ့ပြီး၊ ယခုအခါလီသူးနီးယားနိုင်ငံ၌နိုင်ငံရေးခိုလှုံနေရသော Svetlana Tikhanovskaya ကို လည်းဤဆွေးနွေးမူ၌ပါ၀င်စေလိုကြသည်။ ဗွီဒီယိုသတင်းမှပြောကြားရာ၌သူသည်ယာယီသမ္မတအဖြစ်ခံယူရန်ပြင်ဆင် လျှက်ရှိကြောင်း၊ နိုင်ငံ၏ဖြစ်ပျက်နေသည့်အခြေအနေကိုအကြမ်းမဖက်ဘဲငြိမ်းချမ်းစွာကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများကိုလည်းပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အခြေခံ၌ဥပဒေ၏ကျောရိုး ကိုလည်းပြင်ဆင်ထားကြောင်း၊ သမ္မတအသစ်ရွေးချယ်တင်မြောက်ရန်လည်းလိုအပ်ကြောင်းဖြင့်ပြောကြားထားသည်။ 

ရာဇ၀တ်မူမြောက်သောအမိန့်

အဖွဲ့အစည်းများအားလည်းရာဇ၀တ်မူမြောက်သောအမိန်ကိုနာခံရန်မလိုကြောင်း၊ ပြည်သူများနှင့်ပူပေါင်းရန်၊ အ ကယ်၍ပြည်သူများနှင့်ပူးပေါင်းလျှင်ပြည်သူများကခွင့်လွှတ်ပြီး၊ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဤသို့မတည်ငြိမ်သောအနေအ ထား၌ဥရောပသမဂ္ဂ၏တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကော်မတီက ဘဲလားရုစ်ပြည်သူများအတွက်ရည်ရွယ်၍ကောင်း ကင်ဘုံဆုတောင်းမေတ္တာကိုအတူတကွတစ်ပြိုင်တည်း၊ တစ်ချိန်တည်း၌ရွတ်ဆိုပူဇော်ရန် (ဩဂုတ်လ၊ ၁၈၊ ၂၀၂၀) အဂ်ါ နေ့၊ ဒေသစံတော်ချိန် (၈) နာရီကိုသတ်မှတ်ကာ ခရစ်ယာန်များအားတိုက်တွန်းထားသည်။

ဆုတောင်းမေတ္တာအားဖြင့်အ မှန်တရား၊ တရားမျှခြင်းနှင့်ငြိမ်းချမ်းခြင်းကြီးစိုးလွှမ်းမိုးရန်ဖြစ်သည်။ ရုရှားဩသောဒေါ့စ်၏ဘာသာရေးခေါင်းဆောင် Kirill လည်းနိုင်ငံတော်အတွက်ဆုတောင်းပေးခဲ့ပြီး၊ ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခာများရပ်တန်ကြရန်တောင်းဆိုခဲ့ သည်။ ဖမ်းဆီးမူ၊ ပစ်ခတ်မူများပြုလုပ်နေသော်လည်း ပြည်သူများသည်သမ္မတအားဆန်ကျင့်မူပိုမိုပြင်းထန်လာခြင်း၊ ဖမ်း ဆီးထားသောအကျဉ်းသားများကိုခြွင်းချက်မရှိလွှတ်ပေးရေးကိုဆက်လက်တောင်းခံနေကြသည်။ ပြီးခဲ့သောတနလ်ာနေ့ က Lukashenko ထွန်စက်ထုတ်လုပ်သောစက်ရုံ၌စိန်ခေါ်ခံခဲ့ရသည်။ ရေးဆွဲထားသောအခြေခံဥပဒေသစ်ကို ပြည်သူများ အားချပြပြီးထောက်ခံမူရယူပြီးလျှင် ရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်ကြောင်း၊ ဥရောပလုံခြုံရေးသမ္မဂကကြား၀င်ဖြန်ဖြေ ပေးရန်တောင်းဆိုသော်လည်း၊ ဥရောပနိုင်ငံခြားရေး၀န်ကြီးများကညှိနှိုင်းဆွေးနေ၍အချိန်ကြံ့ကြာနေသောကြောင့်အခြေ အနေသည်ပို၍တင်းမာလာနေကြောင်းလည်းသုံးသပ်ကြသည်။

 

ဘာသာပြန် - ဖာသာရ် ကလဲမင့်အားတယ်

Photo courtesy of ANSA

https://bit.ly/2YeG01u

Add new comment

13 + 3 =