ဘော်လုံးမှော်ဆရာ မာရာဒိုနာကွယ်လွန်

ဘော်လုံးမှော်ဆရာ မာရာဒိုနာကြွေလွင့်သွားရှာပြီ

ဘော်လုံးအားကစားကိုလိုက် စားသူ၊ စိတ်၀င်စားသူ၊ အားက စားဂျာနယ်ကိုဗဟုသုတအဖြစ်ဖြင့်ဖတ်ရူသူတိုင်း သည်အာရ်မာန်ဒိုမာရာဒိုနာကိုမသိသူမရှိပေ။ တစ်ချိန်ကဘော်လုံးလောကတွင်သူ့ခေတ်သူ့အခါ၊ သူ့ကန်ချက်များဖြင့်ပျို တိုင်းကြိုက်သောနှင်းဆီးခိုင်မဟုတ်။ လူတိုင်းနီးပါးကြိုက်ခဲ့ကြသောဘော်လုံးသမားတစ်ဦးဖြစ်ခဲ့သည်။

သူသည်နို၀င်ဘာလ (၂၅) ရက်နေ့ကကွယ်လွန်သွားရှာပြီဖြစ်သည်။ သူသည်ပြည်တွင်း ၌သာမဟုတ်ဘဲ နိုင်ငံတ ကာအဆင့်ထိကျော်ကြားထိုးဖောက်ကစားနိုင်ခဲ့သူဖြစ်သည်။ သူသည် (၂၀၁၅) ခုနှစ်ကရဟန်းမင်းကြီးမှဦးစီးတည် ထောင်သောဘော်လုံးအသင်းဖောင်ဒေးရှင်းနှင့်ချိပ်ဆက်ပါ ၀င်လုပ်ဆောင်ခဲ့သည်။ ရဟန်း မင်းကြီးဖရန်စစ်နှင့်လည်းတွေ့ ဆုံခွင့်ရခဲ့သူဖြစ်သည်။

ကျွန်ုပ်တို့သည်စကားစမြည်ပြောဆိုရာ၌ပြောမဆုံးပေါင်တောသုံး တောင်ဟုဆိုရမည်ဖြစ်သည်။ ပြောစရာမရှား၊ ပြောစရာများစွာရှိသည်။ ပညာရှင်များအကြောင်းပြောကြသည်။ ကလေးသူငယ်များပညာရေးကိုအဘယ် သို့ဆာ ငတ် တမ်းတနေကြသည့်အ ကြောင်းများကိုပြောသည်။ အားကစားသမားများစုဖွဲ့၍ထိုကလေးများအတွက် တစ်စုံ တစ်ခုပြု လုပ်ပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီး၏အစိပ်အပိုင်းများစွာ၌ ကလေးသူငယ်များစားစရာမဖူလုံမူ၊ စားစ ရာပြတ်လပ်မူများနှင့်ကြုံတွေ့နေရသည်။ ဤသို့ပြုလုပ်ရန်ကိုလည်းကျွန်ုပ်တို့အားလုံးသဘောတူကြသည်။ သင်တို့အား ကျွန်ုပ်ရိုးသားစွာထုတ်ဖော်ပြောရလျှင် ကျွန်ုပ်သည်ရဟန်း မင်း ကြီးဖရန်စစ်ကိုအားပေးထောက် ခံသူဖြစ်သည်။ ကြီးကြီးကျယ်ကျယ်အားပေးထောက်ခံသူဖြစ်သည်။

ထိုနှစ်ကရောမမြို့ရှိအိုလံပစ်အားကစားရုံ၌ (၁၁) ကြိမ်မြောက်ငြိမ်းချမ်းရေးဘော် လုံးပွဲကို စီစဉ်၍ကစားစေကာ ရံပုံငွေရှာဖွေခဲ့သည်။ ထိုရံပုံငွေကိုကမ္ဘာတစ်၀ှမ်းကျောင်းများ၊ အလုပ်အကိုင်ရှာဖွေပေးသောအသင်းအဖွဲ့များ၊ လူမူရေး ပညာပေးသောရှိအသင်းအဖွဲ့များအားပံ့ပိုးကူညီပေးခဲ့သည်။ ထိုအစီအစဉ်၌ပါ၀င်သောမာရာဒိုနာသည်ရဟန်း မင်းကြီးနှင့် လည်းတွေ့ဆုံနိုင်ရန်အခြေအနေကိုဖန်တီးယူခဲ့သကဲ့သို့ဆုံဆည်းနိုင်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်မာရာဒိုနာ တို့ သည်ဘောလုံးကိုစိတ်၀င်စားပုံခြင်းတူနေကြသည်။ ထိုဆုံဆည်းမူ၌ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြသည်။

ရဟန်းမင်းကြီးဖရန် စစ်သည်မာရာဒိုနာအားလေးစားအားကျမူကိုဟန်ဆောင်ဖုံးဖိမနေဘဲရိုးသားစွာဖော်ပြခဲ့သည်။ ရဟန်းမင်းကြီးသည် ဘရာဇီးလ်ဘောလုံးသမား Ronaldinho ၏ပုံကို လည်းသူ၏အခန်းနံရံ၌ကပ်ထားသည်။ ထို့အတူအာဂျင်တီးနားမှမာရာဒိုနာ၊ ဘရာဇီးလ်မှပီလီတို့အနက်အဘယ်သူသည် အကောင်းဆုံးအားကစားသမားဖြစ်သည် ကိုလည်းသွေးထိုးစမ်း၍မေး မြန်းခဲ့သေးသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of; The Straits Times

https://bit.ly/3q1oBWp

https://bit.ly/2JfKuAP

Add new comment

6 + 11 =