ဘောစနီးယား-ဟာဇီဂိုဗီးနားရောက်ဒုက္ခသည်များအား လူ သားချင်းစာနာစိတ်ဖြင့်ကူ ညီကြရန် Caritas အီတလီ တိုက်တွန်း

ဘောစနီးယား-ဟာဇီဂိုဗီးနားရောက်ဒုက္ခသည်များအား လူ သားချင်းစာနာစိတ်ဖြင့်ကူ ညီကြရန် Caritas အီတလီ တိုက်တွန်း

Caritas အီတလီက ဘောစနီးယား-ဟာဇီဂိုဗီးနားရောက်ဒုက္ခသည်များအား လူသားချင်းစာနာစိတ်ဖြင့်ကူညီကြ ရန်တိုက်တွန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော်အရိုးကွဲမတတ်အောင်အေးခဲနေသောရာသီဥတု၌ အိုးမဲ့အိမ်မဲ့နေနေကြ ရသည်။ ဤဒုက္ခ သည်များ၏အခြေအနေသည်ဆိုးရွားနေပြီးဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော်ခိုနေရ သောခရိုအေးရှားနှင့် ထိစပ်နေသောနယ်နိမိတ်၌ဆောက်လုပ်ပေးထားသော ဒုက္ခသည်စခန်းသည်ဒီဇင်ဘာလ (၂၃) ရက်နေ့ကမီးလောင်ပြာကျ သွားခဲ့ရသည်။ ထိုနေရာရာဒုက္ခသည် (၁၀၀၀) ခန်ခိုလှုံနေကြသည်။ ဤဒုက္ခသည်အများပိုင်းသည်ဆီးရီးယားနှင့် အဖန်ကန် နီစတန်နိုင်ငံများ၌ ဖြစ်ပွားသောအကြမ်းဖက်မူကြောင့်ထွက်ပြေးလာပြီး၊ ဥရောပနိုင်ငံများသို့သွားရောက်ရန်ဖြစ်သည်။ ထို နေရာ၌ရေမရှိ။ မီးမရှိ။ မေးရိုက်ခိုက်ခိုက် တုန်နေအောင်အေးနေချိန်၊ အပူချိန်မှာသုံညဒီဂရီအောက်ရောက်နေချိန်၌ လူတစ် ဦးရှင် သန်ရန်အခြေခံလိုအပ်ချက်များပင်လျှင်မရှိဖြစ်နေပါ သည်။

(နိုင်ငံရေးဓားစာခံများ)

အစိုးရကြားညီညွှတ်မူမရှိခြင်းသည် ဆန္ဒပြသူများအားဆွပေးသကဲ့သို့ဖြစ်စေပြီး၊ ဒုက္ခသည်များမှာခိုနားရန်နေရာ အတည်တကျမရှိဘဲပြောင်းရရွေ့ရဗျာများနေရသည်။ နောက်ဆုံးချပေးသောနေရာမှာ ကြမ်းခင်းလည်းမရှိ၊ အိပ်ယာ လည်း မရှိ၊ ရေခဲပြင်ကြီးဖြစ်နေသောနေရာဖြစ်နေသည်။ လူမဆန်သောအ နေအထားမျိုးဖြင့်ထားရှိခြင်းကြောင့်ဖြစ်ပေါ်လာသော တင်းမာမူသည် အကြမ်းဖက်မည့်အခြေအနေသို့ရောက်ရှိသွားမည်ကိုစိုးရိမ်ရသည်။ အဘယ်ကြောင့်ဆိုသော်သေမထူးရှင်မ ထူးသောအခြေ အ နေ၌မည်သည့်ပြစ်မူကိုဖြစ်စေကျူးလွန်ရန်၀န်မလေးတော့ပေ။ ထိုအတောအတွင်းဓား ထိုးမူလည်းဖြစ်ပွား ခဲ့သေးသည်။ ဥရောပကော်မရှင်နှင့်လူသားချင်းစာနာသောအဖွဲ့အစည်းများကသက်ဆိုင်ရာဒေသအစိုးရအား အခြေခံလို အပ်ချက်များကိုထောက်ပံ့ပြီး အရေးပေါ်ကူညီပေးရန်တိုက်တွန်းထားသည်။ ကော်မရှင်က ဤဒုက္ခသည်များသည်လူမူကွန် ရက်၌ဓားစာခံအဖြစ်အသုံးချခံနေရကြောင်း၊ (၂၀၁၈) မှစ၍ဘောစနီးယားနှင့်ဟာဇီဂိုဗီးနားမှဒုက္ခသည် (၇၀၀၀၀) ခန့် ရောက်ရှိနေကြောင်း၊ အများစုမှာဥပရောပသို့၀င်ရောက်သွားကြပြီဖြစ် ကြောင်း၊ သို့သော် (၈၅၀၀) ခန့်ကျန်ရှိနေသေး ကြောင်းပြောကြားပါသည်။

(တောင်ပိုင်းလမ်းကြောင်း)

Caritas အီတလီအနေဖြင့်ဂရိမှအီတလီသို့မဟုတ် ဩစတေးလျားသို့ဂိန်ဆုံးမည့်ဒုက္ခသည်များကိုဦးစားပေးရမည် ဖြစ် ကြောင်း၊ ဤလမ်းကြောင်းသည်ဒုက္ခသည်ထောင်သောင်းများစွာကိုသောင်တင်ကျန်ရစ်စေတတ်သည်။ အချို့သည်လုံ လောက်သောအခြေခံလိုအပ် ချက်များပင်မရရှိကြသည့်အခြေအနေမျိုးလည်းကြုံရတတ်သည်။ အထူးသဖြင့် ကိုးဗစ် (၁၉) စတင်ဖြစ်ပွားချိန်မှစ၍ အိုးအိမ်ကောင်းစွာဆောက်လုပ်ထားခြင်းမရှိသည့်မိသားစုများအားပိုမိုကူးစက်ခဲ့ကြောင်း၊ (၂၀၁၅) ခုနှစ်မှစ၍ Caritas အီတလီအ နေဖြင့်ဤလမ်းကြောင်းမှရောက် လာသောဒုက္ခသည်များအားဒုက္ခသည်များ၏မိခင်နိုင်ငံ၏ Caritas အဖွဲ့များနှင့်ချိပ်ဆက် ၍ကူညီပေးခဲ့ကြောင်း၊ ၄င်းတို့လည်းတတ်နိုင်သည့်ဖက်မှကူ ညီပေးလျှက်ရှိသည်။

(ရဟန်းမင်းကြီးဖရန်စစ်၏ ရက်ရောသောအလှူ)

ဒုက္ခသည်များအရေးနှင့်ပတ် သက်လာလျင် ရဟန်းမင်းကြီးလည်းမနေသာပေ။ ဆု တောင်းမေတ္တာအားဖြင့်လည်း ကောင်း၊ အလှူရှင်များအားတိုက်တွန်းခြင်း၊ ကိုယ်တိုင်ကရုဏာရေးရံပုံငွေမှလည်း ကောင်းအလှူငွေများလှူဒါန်းကူညီ လျှက်ရှိသည်။ ယခုအရေး၌လည်းရဟန်း မင်း ကြီး ၏အလှူလက်ခံရရှိ၍

အီတလီကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်မှ ရဟန်းမင်းကြီးအားကျေးဇူး တင်ကြောင်း၊ ဤအကူအညီဖြင့် Caritas အီတလီနှင့်ဘောစနီးယား-ဟာဇီဂိုဗီးနားတို့ သည် တစ်ထောက်နားစခန်း ၌လိုအပ်မည့်အကူအညီအ ထောက်အပံ့ပစ္စည်းများကိုဒုက္ခသည်များအားကူညီမူများကိုထပ်မံလုပ် ဆောင်နေပြီဖြစ်ကြောင်း၊ ထို့အတူဆောင်း တွင်းအသုံးအဆောင်များကို ဒုက္ခသည် (၁၅၀၀) ဦးအဖို့ပံ့ပိုးပေးခဲ့ကြောင်း၊ သို့ သောနယ်စပ်ဖြတ်သန်းရန်မှာဒေသအဖွဲ့အစည်း၏ကူညီမူလိုအပ်နေ၍ဖိအားများရှိနေကြောင်းပြောကြားခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/2Luhx4G

Add new comment

4 + 5 =