ဘေရွတ်၌ (၂၀၂၀) ကဖောက်ခွဲဖျက်ဆီးခံလိုက်ရသောဘုရားကျောင်းပြန်လည်ဖွင့်လှစ်မည်။

ဘေရွတ်၌ (၂၀၂၀) ကဖောက်ခွဲဖျက်ဆီးခံလိုက်ရသောဘုရားကျောင်းပြန်လည်ဖွင့်လှစ်မည်။

ဘေရွတ်၌ (၂၀၂၀) ကဖောက်ခွဲဖျက်ဆီးခံလိုက်ရသောဘုရားကျောင်းပြန်လည်ဖွင့်လှစ်မည်။

            ဖောက်ခွဲခံခဲ့ရသည်မှာတစ်နှစ်ခန့်ကြာပြီဖြစ်သော ဘေရွတ်နိုင်ငံ၊ Lebanese မြို့မှဘုရား‌ကျောင်းပြန်လည်ဖွင့်လှစ် မည်ဖြစ်၍ပျော်ရွှင်စရာအကြောင်းဖြစ်ပါသည်။ အဆိုပါဘုရားကျောင်းကို ဂျက်ဆွီစ်ဘုန်းတော်ကြီးများကတာ၀န်ယူထား သည်။ ဘုရားကျောင်းဘွဲ့တော်မှာ စိန့်ဂျိုးဇက်ဘုရားကျောင်းဖြစ်သည်။ (၂၀၂၀) ကဆိုးရွားစွာဖောက်ခွဲဖျက်ဆီးခံခဲ့ရ သောဘုရားကျောင်းကို ရှေ့လ၌ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

            ပျက်ဆီးသွားခဲ့သောဘုရားကျောင်းကို ကက်သလစ်ကရုဏာအဖွဲ့အစည်းဖြစ်သော Aid to the Church in Need (ACN) အကူအညီလိုအပ်သောသာသနာနယ်များသို့ကူညီပေးသောအဖွဲ့အစည်း) ၏အကူအညီဖြင့်ပြန်လည်မွမ်းမံနိုင်ခဲ့သည်။ ဘုရားကျောင်း၏တံခါးမကြီးမှာမူလက်ရှိအချိန်ထိလက်စမသတ်ရသေးသော် လည်းယခုလအကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်း၊ ဘုရားကျောင်းအတွင်းအပြင်ပုံတော်များရေးဆွဲခြင်း၊ ဆေးသုတ်ခြင်းနှင့် မီးကြိုးများတပ်ဆင်ခြင်းများသည် ပြီးစီးသလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ မျက်နှာကျက်ကိုလည်းမကြာမီတပ်ဆင်တော့ မည်ဖြစ်ကြောင်း၊ ယခင်နှစ် ဗုံးပေါက်စဉ်က လူ (၂၀၀) သေဆုံးခဲ့ပြီး၊ ထောင်နှင့်ချီ၍ထိခိုက်ဒဏ်ရာရခဲ့ကြောင်းတာ၀န်ခံ ဘုန်းတော်ကြီးကရှင်းပြသည်။

                 ပြန်လည်မွမ်းမံခြင်းလုပ်ငန်းစဉ်ကို အင်ဂျင်နီယာတစ်ဦးဖြစ်သော Farid Hakimé အားတာ၀န်ပေးထားသည်။ ပေါက်ကွဲမူဖြစ်စဉ်၌ သစ်သားဖြင့်ပြုလုပ်ထားသော တံခါးများ၊ ပြူတင်းပေါက်များအားလုံးပျက်စီးသွားခဲ့သကဲ့သို့ခေါင်မိုး သည်ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်။ ဤဘုရားကျောင်းသည် (၁၈၇၅) ခုနှစ်ကတည်ဆောက်ခဲ့သည်။ ဤဘုရား ကျောင်းသို့ဘာသာတူများစွာအတွက် ဘာသာရေး၀တ္တရားဖြည့်ဆည်းနိုင်ခွင့်ကိုပေးနိုင်သည်။ တနဂ်နွေနေ့ညနေပိုင်း၌ ပြင်သစ်ဘာသာဖြင့်လည်းမစ္ဆားပူဇော်ပေးခြင်း၊ နံနက်ပိုင်း၌မူ အဂ်လိပ်နှင့်အာရာဘီဘာသာဖြင့်မစ္ဆားကို ‘မိုရိုနိုက်’ (Maronite) ၀ိနည်းဖြင့်ပူဇော်ပေးသည်။ ဒေသငွေကြေးဖောင်းပွမူကြောင့် ယခုပြင်ဆင်မွမ်းမံသောစရိတ်မှာ အမေရိကန် ဒေါ်လာ (၄၀၀၀၀၀) ခန့်ကုန်ကျခဲ့ပြီး၊ ကုန်ကျစရိတ်အလွန်များခဲ့သည်။   

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
Copyright: free with credit to Photographer
 
 
 
 
 
 
 

Add new comment

15 + 4 =