ဘူဒါပတ်နှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့ တမန်တော်ခရီးကိုဘေးကင်းလုံခြုံစွာပြုနိုင်ခဲ့၍ အမိမယ်တော် အားကျေးဇူးတင်

ဘူဒါပတ်နှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့ တမန်တော်ခရီးကိုဘေးကင်းလုံခြုံစွာပြုနိုင်ခဲ့၍ အမိမယ်တော် အားကျေးဇူးတင်

ရဟန်းမင်းကြီးသည် ဟန်ဂေရီနိုင်ငံနှင့်ဆလို ဗက်ကီးယားနိုင်ငံများသို့ တမန်တော်ခရီးကြွချီပြီး နောက် ပြီးခဲ့သော စက်တင်ဘာလ (၁၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့မွန်းလွှဲပိုင်း၌ သီတင်းသုံးရာဗာတီကန် သို့ လုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့ သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ပြည်ပတမန်တော်ခရီးကြွပြီးနောက် ဗာတီကန်သို့ပြန်ရောက်ပြီးတိုင်း နေ့မကူးမီ၊ သို့ မဟုတ် နောက်တစ်ရက်၌ အမိမယ်တော်မှတဆင့် ဘုရား သခင်ကိုကျေးဇူးတင်သည့်အလေ့အထရှိသည်။ ကျေးဇူးတင် ခြင်းကိုသူ၏စိတ်ထဲမှသာပြုလုပ်ခြင်းမဟုတ်။ မယ်တော်ထံသူကိုယ်တိုင်ကြွရောက်၍ကျေးဇူးတင်လေ့ရှိသည်။ သူအမြဲ သွားလေ့ရှိသောဘုရားကျောင်း ကား ရောမမြို့ရှိ ဘာစီးလီကားကြီး (၄) ခုအနက်တစ်ခုဖြစ်သော စိန့်မေရီမေဂျာ (မယ် တော်မာရီယား ဘုရား ကျောင်းတော်ကြီး) ဖြစ်သည်။

ယခုတစ်ကြိမ်၌လည်း သူ၏လုပ်ရိုးလုပ်စဉ်အတိုင်းပင် ရောမအပြည် ပြည်ဆိုင်ရာလေဆိပ်မှ ပြန်ထွက် လာပြီးနောက် သီတင်းသုံးရာကျောင်းတိုက်သို့ ချက်ချင်းမပြန်ဘဲ မယ်တော်မာရီယားဘာ စီးလီကာ ဘုရားကျောင်းကြီးဆီသို့ဦးတည်သွားပြီး မယ်တော့်ပလ္လင်ပေါ်၌ ပန်းစီးတစ်စီးကိုကပ်လှူပြီး၊ ဤခရီးစဉ်အစ၊ အ လယ်၊ အဆုံးအတွက်ကျေးဇူးတင်ဆုတောင်းခဲ့သည်။

ထို့အတူရဟန်းမင်းကြီးသည် Maria Salus Populi Romani (Salvation of the Roman people) ရောမမြို့သူမြို့သားတို့၏ဘေးရန်ကင်း‌ေ၀းခြင်းမယ်တော်)  ၏ပုံတော်ရှေ့၌ လည်းခေတ္တရပ်၍ လည်းဆုတောင်းခဲ့ကြောင်း၊ ထို့နောက်ဗာတီကန်သို့ပြန်ကြွသွားခဲ့ကြောင်း ဗာတီကန်သတင်းပြန်ကြား ရေးဌာနမှသတင်းထုတ်ပြန်ခဲ့သည်။

Maria Salus Populi Romani’ ပုံတော်သည် ရဟန်းမင်းကြီးမဟာဂရေဂေါ်ရီ သာသနာကို ဦးဆောင်နေသောကာလ (၅၉၀) ၀န်းကျင်က ရောမမြို့သို့ပင့်ဆောင်ကြည်ညိုခဲ့ကြသောမယ်တော့် ပုံတော်ဖြစ် သည်။ သမိုင်းမတင်ထားရသေးသောကာလကိုတွက်မည်ဆိုပါလျှင် ဤပုံတော် ရောမသို့ ပင့်ဆောင်ကြည်ညိုနေခဲ့သည်မှာ ယခုထက်ပင်စောပါသည်။   

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://bit.ly/3tLU9lx

Add new comment

2 + 4 =