ဘူဒါပက်စ် ၌ကျင်းပမည့် နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီး၏ အထူးဟောပြောသူများထဲတွင် ကာဒီနယ်ဘိုနှင့် ကာဒီနယ်ဆာရားတို့ပါဝင်

ဘူဒါပက်စ် ၌ကျင်းပမည့် နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီး၏ အထူးဟောပြောသူများထဲတွင် ကာဒီနယ်ဘိုနှင့် ကာဒီနယ်ဆာရားတို့ပါဝင်

ဘူဒါပက်စ် ၌ကျင်းပမည့် နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီး၏ အထူးဟောပြောသူများထဲတွင် ကာဒီနယ်ဘိုနှင့် ကာဒီနယ်ဆာရားတို့ပါဝင်

ဟန်ဂေရီနိုင်ငံ ၏ မြို့တော်ဘူဒါပက်စ် မှာ စက်တင်ဘာလ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သော နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးတွင် ကာဒီနယ်ကြီးများနှင့် ဆရာတော်များ ၂၅ ပါးကျော် တက် ရောက်ကြမည်ဖြစ်ပြီး ၎င်းတို့ အထဲတွင် မြန်မာနိုင်ငံမှ ကာဒီနယ်ချားစ်မောင်ဘို နှင့် ဝတ်ပြုကိုးကွယ် ခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ၏ တာဝန်ခံဖြစ်ခဲ့သူ ကာဒီနယ် ရောဘတ်ဆာရား တို့ မှာ အထူးဟောပြောပို့ချသူများဖြစ်တယ်လို့  စီအဲန်အေ သတင်းဌာနမှာဖော်ပြထားပါတယ်။

ကိုယ်တော်မြတ်စက္ကမင်တူးတွင် သခင်ခရစ်တော် အမှန်တကယ် ကျိန်းဝပ်စံပ္ပာယ်ကြောင်း ကို ကျင်းပ မယ့် ဒီနိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီးမှာ ကမ္ဘာတဝှမ်းမှ ပါဝင်တက် ရောက် ကြ မည် ဖြစ် ကြောင်း

အထက်ပါ ပွဲတော်တွင် ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ ကာဒီနယ်ကြီးများက ဝတ်ပြုကိုးကွယ်ခြင်းနှင့် အခြားကဏ္ဍ များဖြစ်ကြတဲ့  နံနက်ပရိတ်မေတ္တာရွတ်ဆိုခြင်း၊ ဘုရားစကား၊ သက်သေခံခြင်းစတဲ့အစီအစဉ် တွေကို  ဉီးဆောင်ကြမှာဖြစ်ကြောင်း

၅၂ ကြိမ်မြောက် ကိုယ်တော်မြတ်ပွဲတော်ကြီးမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မှာ ကြွရောက်ကာ ကိုယ်တော်မြတ်ပွဲတော် ပိတ်ပွဲ မစ္ဆားတရားတော်မြတ်ကြီးအား ဉီးဆောင်ပူဇော်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်ဂေရီနိုင်ငံဟာ ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် အိမ်ရှင်အဖြစ် ၁၉၃၈ ခုနှစ်က တကြိမ်လက်ခံကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅၁ ကြိမ်မြောက် ကိုယ်တော်မြတ်ပွဲတော်ကြီးကို ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြိုတော်မှာ ကျင်းပခဲ့ပြီး၊ ၅၃ ကြိမ်မြောက် ကိုတော့ ၂၀၂၄ ခုနှစ် အီကွေဒေါ မှာကျင်းပမှာဖြစ်ကြောင်းနဲ့ ပုပ်ရဟန်းမင်းကြီးတက်ရောက်နိုင်ဘို့ ၎င်းအနေနဲ့ မျှော်လင့်ပါကြောင်းကို ဧပြီလ ၂၁ ရက်နေ့က အီကွေဒေါ ရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ၎င်းရဲ့ တွီတာ စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Kafkadesk/Google Images

https://bit.ly/3vbnlSg

 

Add new comment

1 + 15 =