'ဘုံကောင်းကျိုးအတွက် ကျွန်ုပ်တို့သည် နိုင်ငံ့အရေး၌ပါ၀င်လုပ်ဆောင်ရမည်' ဟု ပုပ်ဖရန်စစ်မိန့်ကြား

'ဘုံကောင်းကျိုးအတွက် ကျွန်ုပ်တို့သည် နိုင်ငံ့အရေး၌ပါ၀င်လုပ်ဆောင်ရမည်' ဟု ပုပ်ဖရန်စစ်မိန့်ကြား

ပြီးခဲ့သော (၂၀၁၀) က 'El jesuita' (the Jesuit) ဂျက်ဆွီစ်ဘုန်းတော်ကြီးအသင်းမှမကြာမီက အာဂျင်တီးနားတွင်ထုတ်‌ေ၀ခဲ့သော ''El Pastor' (the pastor သိုးထိန်း)' အမည်ရစာအုပ်၌ ယခင်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် Jorge Mario Bergoglio ဖြစ်ခဲ့စဉ်ကလက်ရှိ ရဟန်းမင်းကြီး၏ရပ်တည်ချက်နှင့်စပ်လျင်း၍ယခင် အာဂျင်တီးနားနိုင်ငံ၌ 'Ansa' ၏ဦးဆောင်သူဖြစ်ခဲ့သော Francesca Ambrogetti နှင့်နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သော 'El Clarin' သတင်းစာဆရာ Sergio Rubin တို့ကပြန်ပြောင်းသုံးသပ်ရေးသားထားသည်။

၄င်းတို့၏ပထမစာအုပ်၌ ရဟန်းမင်းကြီးဖရန်စစ်၏ ယခင်ကာဒီနယ်ဂိုဏ်းချုပ်ဆရာ တော်ဖြစ်ခဲ့စဉ်က ထောက်ရှုချက်များကိုစုစည်းတင်ပြထားသည်။ ဒုတိယစာအုပ်၌မူ ရဟန်းမင်းကြီးတစ်ပါးအဖြစ် သာသနာ၏သွန်သင်ပိုင်ခွင့်အာဏာဖြင့်ချဉ်းကပ်ပုံနှင့်ဆယ်နှစ်တာသူ၏ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်စဉ်တွေ့ကြုံရသော စိန်ခေါ်ချက်များအကြောင်းနှင့်အနာဂတ်မျှော်မှန်းချက်များဖြစ်ကြသော ဧ၀ံဂေလိတရားကိုပြန်လည်ရှင်သန်လာအောင်ဟောကြားခြင်း၊ ဗာတီကန်၏ဗဟိုဦးစီးချုပ်ကိုင်သည့်စနစ်ကိုလျော့ချခြင်း၊ ကလေးသူငယ်များအားဗလာကာယပြုသည့်ပြစ်မှုနှင့်စပ်လျင်း၍တင်းကြပ်သောဥပဒေများကိုရေးဆွဲချမှတ်ခြင်းမှစ၍ စီးပွားရေး၌အကျင့်ပျက်ခြစားမှုတို့ကိုတိုက်ဖျက်နေရသည့်အကြောင်းများကိုသုံးသပ်ဖော်ပြထားသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာအစီအစဉ်နှင့်စပ်လျင်း၍ ကာဒီနယ်ကြီးများအစည်းအ‌ဝေး၏အကြိုည၌ ၄င်းတို့မှကြေညာခဲ့သောကြေညာချက်ကိုလက်တွေ့ကျကျဖော်ဆောင်နိုင်ရေးကိုရှေ့ရှု၍အသားပေးမိန့်ကြားထားသည်။

စာအုပ်သည် အခန်း (၁၉) ခန်းပါသည်။ ဉယျောဇဉ်ကိုမူ ရဟန်းမင်းကြီးဖရန်စစ်ကိုယ် တိုင်လက်မှတ်ရေးထိုးထားသည်။ ထိုဥယျောဇဉ်၌ 'ကျွန်ုပ်အနေဖြင့် ဖရန်စစ္စကာနှင့် Sergio တို့၏ပါရမီတစ်ပါးကိုအသိအမှတ်ပြုပေးရမည်။ ထိုပါရမီကား ၄င်းတို့၏ 'ဇွဲအားကြီးခြင်း' ဖြစ်သည်။ သတင်းစာဆရာများသည် ရဟန်းမင်းကြီးဖရန်စစ်၏ (၁၀) နှစ်တာကာလအတွင်း သတင်းသမားများနှင့်တွေ့ဆုံဖြေကြားခဲ့သည့်ဖြေကြားချက်များအပေါ် ခုနှစ်အလိုက်ပြန်လည်၍သုံးသပ်ထားသည်။ ခေါင်းစဉ်အများပိုင်းသည် ရွေ့ပြောင်းအလုပ်သမားများမှစ၍လူ့အသက်ကိုကာကွယ်ခြင်းအထိ၊ ဗာတီကန်၏အုပ်ချုပ်ရေးအပိုင်းအပြောင်းအလဲကိစ္စ၊ သက်ငယ်များအားဗလာကာယပြုကျင့်သည့်ကိစ္စစသည်တို့ပါ၀င်ပါသည်။ သက်ငယ်များအား ဗလာကာယပြုကျင့်သည့်အရေးနှင့်ပတ်သက်၍ သူ၏ရဟန်းမင်းကြီးသက်တမ်း၌စေ့စပ်သေ ချာစွာစီစစ်သုံးသပ်၍အကောင်းဆုံးကိုင်တွယ်သွားမည်ဟုလည်းအသားပေးမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လက်ထပ်ထိမ်းမြှားခြင်းအကြောင်းနှင့်မိသားစုအရေးကိုလည်းမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုသည် 'ဘုံအိမ်ရာ'၊ ထူးချွန်ထက်မြတ်သောအမျိုးသမီးများနှင့်သာသနာအတွင်းဘုရားအမှုတော်ထမ်းနေခြင်းမျိုးမဟုတ်ဘဲ လခစား၀န်ထမ်းကဲ့သို့ထမ်းဆောင်နေခြင်းမှာသာခြိမ်းခြောက်မှုဖြစ်နေရသည်။ ထို့အတူ လွိင်တူကိစ္စနှင့်စပ်လျင်း၍လည်း သာသနာတော်၏စွန့်ပစ်ပလပ်ခြင်းကိုခံနေရ‌သောသူတို့အား သူ တို့သည်လည်း သာသနာထဲမှဘာသာတူများဖြစ်ကြောင်းကိုသိရှိစေလိုကြောင်းမိန့်ကြားခဲ့သည်။

The Gospel to convert a mentality
အတွေးအခေါ်များကိုပြောင်းလဲရန်လိုအပ်သောဧ၀ံဂေလိတရား

နိုင်ငံရေး (နိုင်ငံ့အရေး) သည် မကြာမီကထုတ်‌ေ၀လိုက်သောစာအုပ်၏အဓိကအချက်ဖြစ်သည်။ 'ဟုတ်ကဲ့၊ ကျွန်တော်လည်း နိုင်ငံ့အရေးထဲပါ၀င်ပတ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းပါ၀င်ပတ်သက်ရမှာမို့ပါ' ဟုရဟန်းမင်းကြီးဖရန်စစ်ကသတင်းသမား၏မေးမြန်းချက်ကိုမဆိုင်းမတွချက်ချင်းဖြေကြားခဲ့သည်။ ပြည်သူများအတွက်၊ မြို့ရွာများအတွက်လုပ်ဆောင်ပေးရမည့်လမ်းစဉ်တစ်ခုဖြစ်သည်။ ကျွန်ုပ်မလုပ်သည့်အရာကို သာသနာလည်းမလုပ်သင့်ဟူသောရပ်တည်ချက်သည် ပါတီနိုင်ငံရေးဖြစ်သည်။ အမှန်ဆိုသော် ဧ၀ံဂေလိတရားသည် နိုင်ငံရေးအမြင်ရှိသည်။ ထိုနိုင်ငံရေးအမြင်ကား လူမှုရေး၊ ဘာသာရေး၊ လူတို့ ၏အတွေးအခေါ်ပိုင်းကို တရားနည်းလမ်းကျစွာပြုပြင်ပြောင်းလဲစေရန်လမ်းညွှန်လုပ်ဆောင် သောနိုင်ငံရေးဖြစ်သည်။ သို့မှသာ ဘုံကောင်းကျိုး (လူသားအားလုံး၏ကောင်းကျိုး) ဆီသို့ဦး တည်နေမည်။

The economy စီးပွားရေး
အရေးကြီးသည့်အခြားအကြောင်းအရာနောက်တစ်ခုမှ စီးပွားရေးဖြစ်သည်။ ဤအကြောင်းအရာနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးထပ်မံညွှန်းဆိုသောလမ်းကြောင်းမှာ အမိသာသနာ၏လူမှုရေးသွန်သင်ချက်ပင်ဖြစ်သည်။ ရဟန်းမင်းကြီးအနေဖြင့် အရင်းရှင်စနစ်ကိုမစီရင်ကြောင်း၊ သို့သော် စိန့်ဂျွန်ပေါလ် (၂) ညွှန်းဆိုခဲ့သကဲ့သို့ လူမှုစီးပွားစျေးကွက်ကိုလိုက်ရမည်ဖြစ်သည်။ ယနေ့သည် ငွေကြေးအသာစီး၌ရှိနေပြီး ဥစ္စာသည်အားနည်းသည်ထက်နည်းလာနေသည်။ ကျွန်ုပ်တို့အားလုံးသဘောတူလက်ခံနိုင်ခြေရှိသောအခြေအနေတစ်ခုကား ဥစ္စာအပေါ်အာရုံထားလွန်းခြင်းနှင့်မညီမျှမှုနှုန်းတိုးလာနေသည်။ ထို့ကြောင့်လည်း လူသားများစွာ အစာရေစာပြတ်လပ်ငတ်မွတ်နေကြသည်။

Clarity in Vatican finance ဗာတီကန်၏ငွေကြေးဆိုင်ရာပွင့်လင်းမြင်သာမှု
ရဟန်းမင်းကြီးသည် ဆက်လက်၍ ဗာတီကန်၏ငွေကြေးဆိုင်ရာအရှုပ်တော်ပုံနှင့်စပ်လျင်း၍မိန့်ကြားထားပါသည်။ သူ့အနေဖြင့် စိတ်ကောင်းနှလုံးကောင်းရှိသော သာသနာ၏အဖွဲ့၀င်အများပိုင်းအားကာကွယ်မိန့်ကြားပါသည်။ ဤသို့ဆို၍ အမှားမကင်းဟုငြင်းဆိုခြင်းမဟုတ်။ သာသနာ့အမှုထမ်းအချို့နှင့်သာသနာ၏ ဘာသာတူမိတ်ဆွေတုများကြောင့် သာသနာ၏ရွေ့ပြောင်းနိုင်သည့်ပိုင်ဆိုင်မှုနှင့်မရွေ့မပြောင်းနိုင်သောပိုင်ဆိုင်မှုများအား မရိုးမသားလုပ်ဆောင်ခဲ့ကြခြင်းမဟုတ်ဘဲ ဘာသာတူတို့၏ဥစ္စာပစ္စည်းများကိုလုပ်‌ဆောင်ခဲ့ကြသည်။

လန်ဒန်မှသာသနာ၏ပိုင်ဆိုင်မှုသည် ဗာတီကန်နှင့်ဆိုင်သည်။ သံသရဖြစ်ဖွယ်ရောင်း၀ယ်ဖောက်ကားမှုကိုလည်းဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့်ကျေနပ်ရကြောင်း၊ အဘယ် ကြောင့်ဆိုသော် ဗာတီကန်၏အုပ်ချုပ်ရေးအတွင်းပိုင်းနှင့်စပ်လျင်း၍ ရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်များအား အလင်းထွန်းလင်းပေးနိုင်ခဲ့သည့်လက်ဆုပ်လက်ကိုင်အရင်းအမြစ်ကို ဖော်ထုတ်ပြသနိုင်ခဲ့သောကြောင့်ဖြစ်သည်။
နိုင်ငံ - သာသနာ၏ဆက်ဆံရေးနှင့်စပ်လျင်း၍ သူ့အနေဖြင့် လောကီနိုင်ငံတော်ကိုကာကွယ်သော်လည်း လောကီ၀ါဒကိုမူမထောက်ခံပေ။ ဥပမာအားဖြင့် ဘုရားရေးရုပ်တု၊ ဆင်းများအား လူသူထူထပ်သောအများပြည်သူပိုင်နေရာများ၌ထူထားခြင်းတို့ကိုခွင့်မပြုပေ။

Ready to go to China တရုတ်နိုင်ငံသို့ကြွရောက်ရန်အသင့်ရှိ
အာဂျင်တီးနားနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးတွန်းတွန်းတိုက်တိုက်မိန့်ကြားလိုက်သည်မှာ အာဂျင်တီးနားသမ္မတဟောင်း Juan Peron ချမှတ်ခဲ့သောအလုပ်သမားအခွင့်အရေးသည် အလုပ်သမားတို့၏ဂုဏ်သိက္ခာနှင့်၄င်းတို့၏အခွင့်အရေးအတွက်ရေးဆွဲချမှတ်ခဲ့သည့်ဥပဒေဖြစ်သည်။ ရဟန်းမင်းကြီးအနေဖြင့် တရား၀င်နေဆဲရှိသောနိုင်ငံသို့ကြွရောက်ခြင်းကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသို့ ကျွန်ုပ်မသွားချင်ဘူးဟုပြော ဆိုခြင်းသည် မတရားရာကျသည်။

ဗာတီကန်နှင့်တရုတ်အစိုးရတို့ကြားဆက်ဆံရေးနှင့်စပ်လျင်း၍ ပြသနာ၊ ဒုက္ခ‌ေ၀ဒနာများကိုသတိထားမိကြောင်း၊ သို့သော်ဖြစ်နိုင်လျှင် နက်ဖန်နေ့၌ပင်သွားရောက်လို ကြောင်းမိန့်ကြားခဲ့သည်။

The Church is not a 'mail-order' mother
သာသနာတော်ကြီးသည် 'စာဖြင့်စီစဉ်ညွှန်ကြားနေသော' မိခင်မဟုတ်။

ရဟန်းမင်းကြီးအနေဖြင့် ယုံကြည်ခြင်းနှင့်စပ်လျင်း၍အရှုပ်အထွေးများရှိခဲ့သော်လည်း ဘုရားသခင်၏အကူအညီဖြင့်ရုန်းထွက်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့အား အရှုပ်အထွေးထဲသို့မကျရောက်စေလျှင် ထိုယုံကြည်ခြင်းသည် ပြသာနာရှိနေသည်။ ကျွန်ုပ်တို့ အားကြီးထွားလာအောင်မကူညီပေးနိုင်သောယုံကြည်ခြင်းသည် ကြီးထွားမြဲခိုင်ရန်လိုအပ်သောယုံကြည်ခြင်းဖြစ်သည်။

အနာဂတ်သာသနာတော်ကြီး၏အရေးနှင့်စပ်လျင်း၍ နီးစပ်စွာရှိနေရပ်တည်မှုသည် အရာရာ၏သော့ချက်ဖြစ်သည်။ အမိသာသနာတော်ကြီးသည် မိခင်တစ်ဦးဖြစ်သည်။ ကျွန်ုပ်အနေဖြင့် မိခင်တစ်ဦးတစ်ယောက်သည် စာပေးစာယူအားဖြင့်သာလျှင်ချိပ်ဆက်သည်ကိုသိဖူး၊ မြင်ဖူးသလော။ မိခင်သည် မေတ္တာပြခြင်း၊ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ချစ်ခြင်းများကိုစာရေး သားပေးပို့၍သာပြုလေ့ရှိသလော။ အမိသာသနာသည် ထောင်သောင်းနှင့်ချီသောအမှုများ၊ ဆက်သွယ်မှုများအား စာရွက်စာတမ်းဖြင့်သာစီစဉ်လမ်းညွှန်ကြားပြီး သူ၏ရင်သွေးများနှင့်အနေမနီးပါလျှင် သာသနာတော်ကြီးသည် မိမိ၏ရင်သွေးများနှင့်စာပေးများပေးပို့၍ပတ်သက်သကဲ့သို့သာဖြစ်ပေလိမ့်မည်ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/41HYu9Y

Add new comment

1 + 4 =