Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုရားကျောင်းများ ဖျက်စီးခံရပြီးနော် အမုန်းတရားကို ချစ်ခြင်းတရားနှင့် တုံ့ပြန်ရန် အမေရိကန်ဆရာတော်များ တိုက်တွန်း
ဘုရားကျောင်းများ ဖျက်စီးခံရပြီးနော် အမုန်းတရားကို ချစ်ခြင်းတရားနှင့် တုံ့ပြန်ရန် အမေရိကန်ဆရာတော်များ တိုက်တွန်း
အမေရိကန်နိုင်ငံရှိ ကက်သလစ်သာသနာကို ဦးဆောင်နေသော ဆရာတော်ကြီးများအဖွဲ့သည် အမေရိကန်နိုင်ငံရှိ ဖျက်စီးခံရသော ဘုရားကျောင်းများနှင့် စပ်လျဥ်း၍ ဇူလိုင် ၂၂ရက်က သဘောထားကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် ယခုဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ်မှုများကြောင့် ဘုရားကျောင်းတစ်ခုသည် ကားနှင့်တိုက်ကာ မီးရှို့ခြင်းခံရပြီး သခင်ယေဇူးနှင့်မယ်တော်သခင်မဆင်းတုတော်များ ရိုက်ခွဲခြင်း၊ခေါင်းဖြတ်ခြင်းနှင့် ဆေးခြယ်ခြင်းစသော အသရေဖျက်မှုများကို ရင်ဆိုင်နေရကြောင်း၊ထို့အပြင် မကြာသေးမီ အပတ်တွင် နှစ်ပေါင်းရာချီသက်တမ်းရှိ ဘုရားကျောင်းကြီး မီးရှို့ခံရပြီး တရားခံကို ရှာဖွေနေဆဲဖြစ်ကြောင်းဖော်ပြထားသည်။
မိုင်ယာမီသာသနာပိုင် ဆရာတော်ကြီး သောမတ်စ်နှင့်အိုကလာဟိုးမားမြို့၏ဆရာတော်တို့ လက်မှတ်ထိုးထားသော ထိုစာတွင် “ဤသန့်ရှင်းသော ဘာသာရေးပစ္စည်းများအပေါ် ဖျက်စီးခြင်းကို ကြည့်ခြင်းအားဖြင့် လူသားတို့အတွက် ကုသခြင်းလိုအပ်နေသည်ကိုတွေ့ရပြီး ထိုသူတို့အတွက် ဆုတောင်းပေးရမည်ဖြစ်ကြောင်း၊သို့သော်လည်း ရန်ကိုရန်ချင်း မတုန့်ပြန်ပဲ ချစ်ခြင်းမတ္တောဖြင့် အနိုင်ယူကြရမည်ဖြစ်ကြောင်း၊မယ်တော်နှင့် သားတော်ယေဇူးတို့၏ကျင့်စဥ်အတိုင်း သက်သေခံကြရမည်ဟု တိုက်တွန်းထားသည်။
ကယ်လီဖိုးနီးယား၊ကော်လိုရာဒို၊မစ်ဆိုရီနှင့်ဖလော်ရီဒါအစရှိသည့် ပြည်နယ်များတွင် ဘာသာရေးအဆောက်အအုံများနှင့် ဆင်းတုများကို မီးကွင်းပစ်ခြင်း၊မီးရှို့ခြင်း၊ဆေးခြယ်ခြင်းတို့ ဖြစ်ပွားနေပြီး ဖျက်ချခံရသည့်ကလေးငယ်များအားအထိမ်းအမှတ်ထုလုပ်ထားသောကျောက်တိုင်အားလည်း ဖျက်စီးခဲ့ကြသည်။ထိုဖျက်ဆီးသူများကို ကက်သလစ်ဆန့်ကျင်ရေးအဖွဲ့များက အားပေးအားမြှောက်လုပ်နေပြီး များပြားသောလူအုပ်ဖြစ်သဖြင့် လက်ရှိအချိန်ထိ အရေးယူနိုင်ခြင်းမရှိသေးပေ။
ဘာသာပြန်- Agnes Lawh Lun
Add new comment