ဘုရားသခင်သည် ကျွန်ုပ်တို့၏ဒဏ်ရာများကို သူနာပြုတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့စွာ ကုသပေးသည်ဟု ပုပ်ဖရန်စစ် မြွက်ဆို

ဘုရားသခင်သည် ကျွန်ုပ်တို့၏ဒဏ်ရာများကို သူနာပြုတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့စွာ ကုသပေးသည်ဟု ပုပ်ဖရန်စစ် မြွက်ဆို

ဘုရားသခင်သည် ကျွန်ုပ်တို့၏ဒဏ်ရာများကို သူနာပြုတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့စွာ ကုသပေးသည်ဟု ပုပ်ဖရန်စစ် မြွက်ဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် ၎င်း၏ တင်ပါးဆုံ ရောဂါ နှင့် ပြဿနာများ ဆက်လက်ခံစားနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပုံမှန်ထက် နှေးစွာ လမ်းလျှောက်လာခဲ့သည်။

လူထုပရိတ်သတ်တွေ့ဆုံပွဲတွင် သခင်ခရစ်တော် ဟောပြောတဲ့ဥပမာထဲမှာ ဖခင်တွေရဲ့အကြောင်းကိုဆိုရင်း စိန့်ဂျိုးဇက်ရဲ့ နူးညံ့သိမ်မွေ့မှုကိုနားလည်နိုင်တယ်။ ထိုနူးညံ့သိမ်မွေ့မှုဟာ လူတွေကို သနားညှာတာစွာ အမြဲဆက်ဆံတတ်သော ဘုရားသခင်၏ မရှိမဖြစ်သော
ထူးခြားသော အခြေ ခံလက္ခဏာ တစ်ခုဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီး ကမိန့် ကြားခဲ့တာပါ။

"နူးညံ့သိမ်မွေ့မှုဟာ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပေါ်ယံဆန်စရာကိစ္စမဟုတ်ပါဘူး။ အဲ့ဒီအရာတွေက ကျွန်ုပ်တို့ရဲ့ဆင်းရဲမှုနဲ့ စိတ်သောကများထဲမှာ ကျွန်ုပ်တို့ ခံစားရတဲ့ ချစ်ခြင်း နဲ့ နွေးထွေးမှုတွေရဲ့ အတွေ့အကြုံတွေဟာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်အားဖြင့် ပြောင်းလဲခဲ့တယ်။ သူနာပြုတွေဟာ လူနာတွေရဲ့ အနာတွေကို နောက်ထပ်အနာမခံရစေရန် နူးညံ့စွာ ကိုင်တွယ်ပုံကို ကြည့်ရမယ်။ ထာ ဝ ရ ဘု ရား ကလည်း ကျွန်ုပ်တို့ ရဲ့အနာတွေ ကို ထိုနည်းတူ ပြုစုပေးပါတယ်"လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

ဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဘဝအသက်တာထဲမှ အရေးကြီးဆုံးသော စကားထဲကတစ်ခုကို ပြန်လည် စဥ်းစားပြီး ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ အမှားတွေနဲ့ ပြည့်နက်နေတာတောင်မှ ကျွန်ုပ်တို့ရဲ့ အတိတ်ကို မကြောက်ပေမယ့်လည်း၊ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားကို ပိတ်ထားတဲ့ သူတွေကိုတော့ ကြောက်ကြောင်း ရှင်းပြခဲ့ပါတယ်။

"ကျွန်ုပ်တို့အားလုံးမှာ ဖြေရှင်းဘို့ ကိစ္စများစွာ ရှိနေပေမယ့်ဘုရားသခင်နှင့် ဆက်ဆံရခြင်းမှာ လှပတယ် ၊အဲ့ဒါက ကျွန်ုပ်တို့ စတင် စကားပြောဆိုတဲ့အခါမှာ ကိုယ်တော်က ကျွန်ုပ်တို့ကို ပွေ့ဖက်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်။ အဲ့ဒီအရာတွေက နူးညံ့သိမ်မွေ့ခြင်းဖြစ်တယ်။ ဘုရားသခင်က အမြဲတမ်းခွင့်လွှတ်တယ်၊ အဲ့အရာကို သင့်နှလုံးသား နဲ့ ခေါင်းထဲမှာ အမြဲသိထားပါ။။ ကျွန်ုပ်တို့ကသာ ခွင့်လွှတ်မှုကို တောင်းခံရန် ငြီးငွေ့နေသူများဖြစ်တယ်။ ဒါပေမယ့် အဆိုးဆုံးအရာတွေတောင်မှ ဘုရားက အမြဲတမ်းခွင့်လွှတ်ပေးတယ်။" လို့ အရှင်သူမြတ်က မိန့်ကြားခဲ့တာပါ။

ဒီအတွေးအခေါ်တွေဟာ ရာဇ၀တ်မှုဆိုင်ရာ တရားမျှတမှုမှာ ဒီလိုမျိုး သနားကြင်နာမှုကို အကောင်အထည်ဖော်ရန်အတွက် လှုံ့ဆော်ဖို့နဲ့ လူတွေ ပြောင်းလဲလာဖို့မျှော်လင့်ခြင်း တံခါးမပါဘဲ ပြစ်တင်ရှုတ်ချခြင်းမပြုကြဖို့ အရှင်သူမြတ်က တိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ လူထုပရိတ်သတ်တွေ့ဆုံပွဲက မထွက်ခွာခင်မှာ တွန်ဂါရှိ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူများအတွက် ဆုတောင်းမေတ္တာပို့သကာ လူထုပရိသတ်များအတွင်း ၎င်းရဲ့ တရားတော်တွေကို အခြားဘာသာစကားနဲ့ နာယူကြတဲ့ ပရိတ်သတ်များကိုလည်း နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3GPQwR3

Add new comment

4 + 1 =