ဘုရားရှင်၏ကျေးဇူးတော်သည် လူ့အသက်ကိုလေးစားတတ်ရန်စိတ်နှလုံးသားများကို ပြောင်းလဲပေးနိုင်သည်ဟု ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားရှင်၏ကျေးဇူးတော်သည် လူ့အသက်ကိုလေးစားတတ်ရန်စိတ်နှလုံးသားများကို ပြောင်းလဲပေးနိုင်သည်ဟု ပုပ်ဖရန်စစ်မြွက်ကြား

ပုပ်ရဟန်းမင်းကြီး ပြီးခဲ့သောဇူလိုင်လ (၄) ရက်နေ့က ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရ သောသူတို့၏မိသားစုထံသို့ ချီဂါဂိုဂိုဏ်းချုပ်သာသနာ ကာဒီနယ်ထံ Blase Cupich သို့ဆုတောင်းအားပေးနှစ်သိမ့်သည့် သတင်းစကားပါးလိုက်သည်။ အဆိုပါပစ်ခတ်မှုသည် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့ပြင်၌ဖြစ်ပွားခဲ့သည်။ ရဟန်း မင်းကြီး၏သတင်းစကား၌ မျှော်လင့်ရန်လေသံပါနေသည်။ သူက ‘ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သော မယိမ်းမယိုင် သည့်ယုံကြည်ခြင်းသည် မာကျောလှသည့်နှလုံးသားများကိုပြောင်းလဲပေးနိုင်သည်’ ဟုမိန့်ကြားထားသည်။

သတင်းစကားမှာ ‘ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် Highland ဥယျာဉ်၌ဆင်ခြင်မဲ့ပစ်ခတ်မှုသတင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ အဆိုပါဖြစ်စဉ်၌ထိခိုက်နစ်နာမှုရှိခဲ့သောသူများ၏မိသားစု၀င်များ နှင့်အနီးကပ်တွင်ရှိနေပြီး၊ ဆုတောင်းပေးနေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်ပွားသောဒေသမှ အဖွဲ့အစည်းများအားလုံး အတူ အားလုံးစုံကိုတတ်နိုင်တော်မူသောဘုရားသခင်ထံ အသက်ဆုံးရှုံးသွားခဲ့သောသူတို့၏၀ိညာဉ်အား သနားတော်မူ ၍ ထာ၀ရအသက်ချမ်းသာ‌ပေးသနားရန်၊ နာကျင်ခံစားနေရသောမိသားစုများ၏‌ ဝေဒနာကိုကုစားပေးရန်နှင့်နှစ်သိမ့်ပေး ရန်ဆု‌တောင်းပေးလျှက်ရှိကြောင်း၊ မကောင်းမှုကိုစွန့်၍ ကောင်းမှုဖြင့်တုန့်ကြရန် (ဆာလံ ၃၄း၁၄)၊ အကြမ်းဖက်မှုသည် မည်သည့်အသိုင်းအ၀ိုင်းမဆိုဆန့်ကျင်ကြမည်ဖြစ်ပြီး၊ မည်သည့်အခြေအနေမျိုး၌မဆို လူ့အသက်ကိုလေးစားတန်ဖိုး ထားနိုင်ရန်ဆုတောင်းပါကြောင်း၊ ဤဆုတောင်းသတင်းစကားကိုလည်းခွန်အားပေးရန်နှင့်ကိုယ်တော်ရှင်၌ ငြိမ်းချမ်း ရေးရရှိရန်ရည်ရွယ်၍ ရဟန်းမင်းကြီးက ကောင်းကြီးတော်ပေးလိုက်ပါသည်ဟုရေးသားထားပါသည်။

ချီကာဂိုဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် Cupich ကလည်း သူ၏ထိတ်လန့်စိုးရိတ်နာကျင်နေကြမည့် ဘာသာတူ သိုးစုများကို အားပေးသတင်းစကားပေးပို့ခဲ့သည်။ ကာဒီနယ်သည် အမေရိကန်ပြည်ထောင်စုအတွင်း လက်နက်ကိုင် ဆောင်ခွင့်စပ်လျင်း၍လည်းပြောကြားခဲ့သကဲ့သို့ ဆုတောင်းကြရန်ကိုလည်း တိုက်တွန်းခဲ့သည်။ ချီတက်ပွဲအတွင်း ရဲများ လည်းလုံခြုံရေးတင်းကြပ်စွာယူထားသည့်အပြင်၊ မီးသတ်ကား (၅) စီးလည်းလုံခြုံရေးယူထားပါလျှက် လူနှစ်ဒါဇင် လောက်အားထိခိုက်ဒဏ်ရာရစေခဲ့ပြီးမှသာ ရပ်တန့်နိုင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများ ၏ပျမ်းမျှအသက်များမှာ (၈ - ၈၅) အထိပါ၀င်သည်။ လူ့အသက်ကိုဖျက်ဆီးသော လူသတ်လက်နက်သည် မည်သည့်လူ့ အဖွဲ့အစည်း၌မဆို နေရာမရှိဟုပြောကြားခဲ့သည်။

ဇူလိုင်လဆန်းရုံတင်ရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စု၌ လူအုပ်ကြီးအား သေနတ်ဖြင့်ပစ်ခတ်ပြီး အသက်ဆုံးရှုံးသည့်အဖြစ်မျိုးစတင်ကြုံလိုက်ရပြီဖြစ်သည်။ ချီကာဂိုရဲများထုတ်ပြန်သောသတင်းအရ (၅၅) ဦးပစ်ခတ်ခံရပြီး (၇) ဦးအဆက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

အမေရိကန်ပြည်ထောင်စုမှကလေး များသည် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အစုလိုက်အပြုံလိုက်သေနေရသောအမှုမှာ ရာဇ၀တ်မှု၏ထိပ်ဆုံး၌ရှိနေသည်ဟုဆိုသည်။)

အာဗီအေဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3c289CQ

Add new comment

13 + 0 =