ဘုရားရဲ့ ခေါ်တော်မူခြင်းကို လိုက်လျှောက်နိုင်ဖို့ သတ္တိလိုကြောင်း ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့မှာ အိုင်ယာလန်ဆရာတော်မြွက်ကြား 

ဘုရားရဲ့ ခေါ်တော်မူခြင်းကို လိုက်လျှောက်နိုင်ဖို့ သတ္တိလိုကြောင်း ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့မှာ အိုင်ယာလန်ဆရာတော်မြွက်ကြား 

ဘုရားရဲ့ ခေါ်တော်မူခြင်းကို လိုက်လျှောက်နိုင်ဖို့ သတ္တိလိုကြောင်း ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့မှာ အိုင်ယာလန်ဆရာတော်မြွက်ကြား 
 

အသင့်ရှိပါတယ်လို့ ပြောရဲတဲ့သတ္တိ

ခေါ်တော်မူခြင်း တိုးပွားဖို့ရန်အတွက် ပုပ်ရဟန်းမင်းကြီး၏ ဖိတ်ခေါ်ခြင်းနှင့်ဆက်စပ်၍ "ဘုရားရဲ့ ခေါ်တော်မူခြင်းကို လိုက်လျှောက်နိုင်ဖို့ သတ္တိလိုပါတယ်" လို့ ခေါ်တော်မူခြင်းဆိုင်ရာ ဆရာတော်များကောင်စီ ဥက္ကဋ္ဌ၊ Ireland နှင့် Lismore သာသနာမှ ဆရာတော် Alphonsus Cullinan မှ ပြောကြားခဲ့ပါတယ်။
"ခေါ်တော်မူခြင်းမှာ အသင့်ရှိပါတယ်လို့ ပြောရဲတဲ့သတ္တိအများကြီးလိုအပ်ပါတယ်။ အထူးသဖြင့်ယနေ့ ခေတ်အခါမှာ အရမ်းလိုအပ်ပါတယ်။ ဒါပေမဲ့ အဲလိုလူတွေကပဲ ပျော်ရွှင်မှုကိုရှာဖွေနေကြတယ်။ သူတို့ဘယ်ကိုသွားပြီး ဘယ်မှာ ရှာဖွေကြတာလဲ? မေးစရာမေးခွန်းပါပဲ။ သခင်ခရစ်တော်က ပြောတယ် "ငါ့ထံသို့ လာကြ" ။ "ဒီဘဝမှာ ကျွန်ုပ်တို့ကို စိတ်ဓာတ်ခွန်အားပေးတဲ့သူတွေဟာ ပေါ့ပေါ့ပျက်ပျက်နေတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အရာအားလုံအစား ချစ်ခြင်းမေတ္တာ အစဉ်အမြဲထားကြတဲ့သူတွေပါ။ ကျွန်တော့် ခေါ်တော်မူခြင်းသမိုင်းက ကျွန်တော့်ဘဝမို့ ကျွန်တော် ရဟန်းဖြစ်ရတာ ပျော်ခဲ့ပါတယ်။ " လို့ ဆရာတော်ဘုရားက ပြောကြားခဲ့ပါတယ်။

ယောက်ျားနှင့်မိန်းကလေးများအား အကြံပေးခြင်း

Bishop Cullinan က လူများကို ဆုတောင်းကြဖို့ ဘုရားကိုယုံကြည်ကြဖို့၊ မကြောက်ကြဖို့၊ ကျွန်ုပ်တို့အားလုံးမထိုက်တန်ပါဘူး။ သခင်ခရစ်တော်ကလွဲပြီး ဘုန်းကြီးဖြစ်ဖို့ ထိုက်တန်တဲ့သူ ဘယ်သူမှမရှိပါဘူး။ " လို့လဲဆိုခဲ့ပါတယ်။

အစေခံရန် နှိုးဆော်ခြင်း

တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုက်နေတဲ့အချိန်မှာ၊ လူတွေတော်တော်များများက တခြားသူတွေကို အထောက်အပံ့၊ အကူအညီပေးဖို့ နှိုးဆော်ကြတယ်။ ကျန်မာရေးဆိုင်ရာ ဝန်ထမ်းတွေကလဲ ရှေ့တန်းကနေပြီး ဆေးရုံ၌ရှိသော ဘုန်းတော်ကြီးနှင့်အတူ မကျန်းမာတဲ့သူများနှင့်မိသားစုဝင်များကို နှစ်သိမ့်ပေးဖို့ ရှိနေကြပြီ။ ဒီလိုနည်းနဲ့ ခေါ်တော်မူခြင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့အတွက်လူတွေကိုနှိုးဆော်ပေးနိုင်မှာလားလို့မေးကြည့်။ အဲဒါလဲဖြစ်နိုင်ပါတယ် ဘာလို့လဲဆိုတော့ သခင်ခရစ်တော်က သူ့ကျေးဇူးတော်ထင်ရှားဖို့နှင့် ခမည်းတော်ရဲ့ အလိုပြည့်စေဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ် အသုံးပြုတယ်။ ၎င်းပုံဥပမာနဲ့ နှိုးဆော်ခြင်းခံရတဲ့ လူငယ်မောင်မယ်တွေကို ရှိနေမှာပါ။

 Decline in Vocations ခေါ်တော်မူခြင်း၌ကျရှုံးခြင်း

လွန်ခဲ့တဲ့ နှစ်တွေမှာ ရဟန်း၊သီလရှင်တွေ သူတော်စင်ဘဝ ခေါ်တော်မူခြင်း၌ ဆက်လက် လျှောက်လှမ်းရာမှာ သိသိသာသာ ကျရှုံးခဲ့ပါတယ်။ အထူးသဖြင့် အဲလိုကျရှုံးတာ ဟာ အမေရိကားနှင့် ဥရောပနိုင်ငံတွေမှာ ထင်ရှာမြင်သာလှပါတယ်။ မိသားစုတစ်ခုမှာအနည်းဆုံး သားတစ်ယောက်(သို့)သမီးတစ်ယောက် ရဟန်းဖြစ်သင်ကျောင်း(သို့) သီလရှင်ကျောင်းသွားတဲ့ နေ့ရက်တွေဟာ ပြီးဆုံးသွားသလိုပါပဲ။ ကမ္ဘာ့တောင်ပိုင်းဒေသတွေမှာ ခေါ်တော်မူခြင်းမရှိတော့တာ စိုးရိမ်စရာဖြစ်လာပါတယ်။

သိသိသာသာပင် Africa နှင့် အာရှတစ်ချို့အပိုင်းတွေမှာညရဟန်းဘဝနှင့် သူတော်စင်ဘဝကိုတက်လှမ်းလာကြတဲ့အကြောင်းနှင့်ပတ်သက်ပြီး အများကြီး ပိုတိုးတက်ပေမဲ့လဲ အိုင်လန်မှာတော့ စိုးရိမ်စရာဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့လဲ ဘုရားသခင်က ကျွန်ုပ်တို့ကိုခေါ်နေသေးတယ်ဆိုတာ ယုံကြည်ရမယ်။ အိုင်လန်နိုင်ငံမှာ အသင်းတော် တုန်လှုပ်ချောက်ခြားအောင်မကောင်းသတင်းတွေနဲ့ မတရားပြောသူတွေရှိနေတဲ့ အပြင် ရဟန်းဘဝကို လူတွေက ဘယ်လိုမြင်ကြသလဲဆိုတာ အများကြီးသက်ရောက်နေတာ အနည်းငယ်သံသယရှိစရာ ဖြစ်နေပါတယ်။ဒါပေမဲ့လဲ ရဟန်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုလဲ တွေ့မြင်ကြရပါတယ်။

လူငယ်တစ်ယောက် လူမှုရေးလမ်းကြောင်းတွေကို လွန်ဆန်ပြီး ရဟန်းဖြစ်ဖို့ရန်အတွက် ယုံကြည်ချက်တစ်ခုက တိုက်တွန်းလှုံ့ဆော်ပေးနေတယ်ဆိုတာလဲ သူတို့မြင်ကြရတယ်။ ဒီနေ့ရက်အချိန်မှာ ရဟန်းဖြစ်ဖို့ရန်အတွက် ပြင်ဆင်ခြင်းခံရတဲ့လူတစ်ယောက်ကို တွေ့တဲ့အခါ အတော်လေး လှုံ့ဆော်မှုရတာ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်အတွင်းစိတ်ထဲမှာ သံသယမရှိပါဘူး။" လို့ Bishop Cullinan ပြောကြားခဲ့ပါတယ်

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3c35Pq9

 

Add new comment

8 + 4 =