ဘုရားဖူး (၄) သောင်း ပိုလန်နိုင်ငံ၏မယ်တော် Czestochowa ထံဘုရားဖူးသွားခဲ့

ဘုရားဖူး (၄) သောင်း ပိုလန်နိုင်ငံ၏မယ်တော် Czestochowa ထံဘုရားဖူးသွားခဲ့

ဘုရားဖူး (၄) သောင်း ပိုလန်နိုင်ငံ၏မယ်တော် Czestochowa ထံဘုရားဖူးသွားခဲ့

ကက်သလစ်ဘာသာတူ (၄) သောင်းခန့်သည် ခြေလျင်၊ စက်ဘီး၊ မြင်းများစီး၍ Czestochowa မယ်တော့်ဗိမာန်သို့ ဘုရားဖူးသွားခဲ့ကြသည်။ ခြေလျင်ဖြင့် မယ်တော့်ဗိမာန်တော်သို့နှစ်စဉ်ဘုရားဖူးသွားခြင်းအစဉ်အလာသည် (၁၇) ရာစုကစတင် ခဲ့သည်။ အစဉ်အလာကိုမပျက်အောင်စောင့်ထိန်းရန် ဦးဆောင်သူမှာ ပိုလန်နိုင်ငံ၊ Radom မြို့မှ ဆရာတော် Marek Solarczyk ဖြစ်သည်။ သူသည် (၄၃) ကြိမ်မြောက် ခြေလျင်ခရီးဖြင့်မယ်တော့ဗိမာန်တော်ရှိရာသို့ သူ၏သာသနာအတွင်းမှဘာ သာတူများအားဦးဆောင်သွားခဲ့သည်။

ဆရာတော်သည် ဘုရားဖူးဘာသာတူများ၏ ၀ိညာဉ်ရေးကိုဂရုစိုက်သည့်အပြင်၊ ဘုရားဖူးများအားလည်း သူ၏တိရ စ္ဆာန်ဦးချိုဖြင့်နံနက်တိုင်းနိုးပေးပြီး၊ မိုင်ပေါင်း (၁၀၀) ရှိသောခရီးကိုဦးဆောင်ပေးခဲ့သည်။ အခြားသောဘုရားဖူးအဖွဲ့တစ်ဖွဲ့မှာမူ မြင်းဖြင့်လာရောက်ခဲ့ကြသည်။ ၄င်းတို့အနေဖြင့် (၂၂) ကြိမ်မြောက် မြင်းဖြင့်ဘုရားဖူးခရီးကြွရောက်ခြင်းဖြစ်သည်။ ၄င်းတို့၏ခ ရီးမိုင်မှာ (၂၅၀) ရှိသည်ဟုဆိုပါသည်။ ၄င်းတို့၏မြို့မှဤနေရာသို့ရောက်ရှိရန်မှာ (၁၁) ရက်ကြာကြောင်း၊ ၄င်းတို့သည် ပိုလန် နိုင်ငံ၏အရှေ့ဖက် Zaręby Kościelne မှဖြစ်ကြသည်။ ၄င်းတို့သည် ဘုရားဖူးအဖွဲ့ဟုသိသာစေရန် ဘာသာရေးအလံများ၊ Ostra Brama မယ်တော်၏အလံကိုလွှင့်ထူထားကြောင်း၊ ဤမယ်တော်သည် မြင်းစစ်သည်များအားမှိုင်းမသောမယ်တော်ဖြစ် ကြောင်း အဆိုပါမြင်းဖြင့်ဘုရားဖူးလာကြသောအဖွဲ့အားဦးဆောင်လာသည့်ဖာသာရ် Andrzej Dmochowski က ဒေသ၏သ တင်းဌာတစ်ခုကိုဖြေကြားခဲ့သည်။

ယခုနှစ်နွေရာသီ ဘုရားဖူးအဖွဲ့များမှာ စက်ဘီးဖြင့် (၁၈၅) ဖွဲ့၊ ခြေလျင်ဖြင့် (၁၃၃) ဖွဲ့၊ အပြေးသမားအဖွဲ့ (၁၃) ဖွဲ့ ရောက်ရှိဘုရားဖူးခဲ့ကြောင်းမှတ်တမ်းတင်ထားသည်။ ဘုရားဖူးအတော်များများသည် ဩဂုတ်လ (၁၅) ရက်နေ့ ‘အမိမယ်တော် ကောင်းကင်ဘုံသို့ပင့်ဆောင်ခံ ရခြင်း’ ပွဲနေ့၌ရောက်ရှိလာကြသည်။ ထိုနေ့သည် ပိုလန်လူမျိုးများအတွက် အလွန်ထူးခြားသော အနက်ကိုဆောင်သည်။ ထိုနေ့သည် ‘Miracle at the Vistula’ ဖြစ်ပျက်ခဲ့သောနှစ်ပတ်လည်နေ့လည်းဖြစ်သည်။

(၁၉၂၀) တစ်ခုသောနွေရာသီ၌ ဆိုဗီယက်ရုရှားသည် ပိုလန်နိုင်ငံကိုလည်းလီနင်၏ကွန်မြူနစ်စနစ်ဖြန့်ကျက်၍အ နောက်ဥရောပအားစစ်ကြေညာရန်ကြံစည်ခဲ့သည်။ အကယ်၍အနီရောင်တပ်များက ပိုလန်အား၀င်ရောက်သိိမ်းပိုက်လိုက်ပါက ဆိုဗီယက်အနေဖြင့် ဂျာမဏီအား အကြောင်းပြချက်ခိုင်မာ စွာဖြင့်ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်သည်ဟုလီနင်တွက်ခဲ့သည်။ ဘောရှီဗစ်တို့သည် ပိုလန်နိုင်ငံ၏မြို့တော် ၀ါဆောအား မျက်စိကျနေစဉ် ပိုလန်ကာဒီနယ် Edmund Dalbor က Jasna Góra ရှိ Częstochowa မယ်​ေတာ်အားသိမ်းထားသော ရသေ့ ကျောင်းသို့ နိုင်ငံအတွင်းရှိဆရာတော်ကြီးများအားလုံးကိုစုစည်းစေ၏။ Częstochowa မယ်​ေတာ်ကို Black Madonna ဟုလည်း ခေါ်သည်။ ထိုနေရာ၊ ထိုအခြေအနေ၌ ကာဒီနယ်သည် နိုင်ငံရေးကိုဘာသာရေးဖြင့်လည်းကယ်တင်ရန်ရည်ရွယ်၍ ပိုလန်နိုင်ငံ ကို ‘ယေဇူးသခင်၏ရွှေနှလုံးတော်ထံ’ ဆုတောင်း၀တ်ပြုခြင်းအခမ်းအနားဖြင့်အပ်နှံပူဇော်ခဲ့သည်။ ထို့နောက် (၃) ပတ်အကြာ (၁၉၂၀၊ ဩဂုတ်လ ၁၅) ရက်နေ့၌ တပ်နီအဖွဲ့သည် ပိုလန်နိုင်ငံ၏မြို့တော်၊ ၀ါဆောမြို့သို့ချဉ်းကပ်လာနေကြောင်းကြေညာ လိုက်သည်။ ထိုရက်မှစ၍ဗိုလ်ချုပ် Władysław Sikorski's က ဆိုဗီယက်စစ်တပ်များကိုမြို့တော်မှစတင်၍တိုက်ခိုက်ချေမှုန်း ပါတော့သည်။ ထိုဖြစ်စဉ်ကို ‘Miracle at the Vistula’ ဟုခေါ်သည်။ ထို့အတူယခုနှစ်သည် စိန့်ဂျွန်ပေါလ် (၂) မှ (၁၉၉၁၊ ဩ ဂုတ် ၁၅) ရက်နေ့က ကမ္ဘာ့လူငယ်များနေ့ကျင်းပပြီး၊ အဆိုပါမယ်တော့်ဗိမာန်တော်သို့ကမ္ဘာတစ်၀ှမ်းမှ လူငယ်များနှင့်ဘုရား ဖူးကြွရောက်ခဲ့သည့် နှစ်ပေါင်း (၃၀) ပြည့်သည့်နှစ်လည်းဖြစ်သည်။ စိန့်ဂျွန်ပေါလ် (၂) ကိုယ်တိုင်သည်လည်း ဤမယ်တော်ကို အထူးသဒ္ဓါကြည်ညိုမူရှိသည်။

စိန့်ဂျွန်ပေါလ် (၂) သည် ဤမယ်တော့်ဗိမာန်တော်သို့ ရဟန်းမင်းကြီးအဖြစ် ပထမဦးဆုံးအကြိမ်ဘုရားဖူးကြွရောက်စဉ် က ‘ပိုလန်သားတစ်ဦး အား စိန့်ပီတာဘုရားကျောင်းတော်ကြီးသို့ခေါ်ဆောင်ခံရသည့်ဖြစ်ရပ်သည် သန့်ရှင်းမြင့်မြတ်သောဤနေ ရာ၊ ဤနေရာ၏ကြီး မားသောမျှော်လင့်ချက်နှင့်စပ်ဆိုင်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်ဘ၀တစ်ခုလုံးသည် သင်ပိုင်ဆိုင်သည် (Totus tuus = ‘I am all yours’) ဟုဤမယ်တော်၏ဆင်းတုတော်ရှေ့၌ အကြိမ်များစွာရွတ်ဆိုခဲ့ကြောင်း’ မိန့်ကြားခဲ့သည်။ ကမ္ဘာ့လူငယ်များကျင်းပပြီး (၁၃) ကြာပြီးနောက် စိန့်ဂျွန်ပေါလ် (၂) က Czestochowa မယ်တော်ကို ဆုတောင်းမေတ္တာ၌ထည့် သွင်းမိတ်ဆက်ပေးခဲ့သည်။ ‘ကျွန်ုပ်တို့၏မိခင်ထံသို့သွားသကဲ့သို့ သင့်ထံ (မယ်တော်) သို့ကျွန်ုပ်တို့ရောက်ရှိလာပါသည်။ မယ် တော်၏ကြား၀င်ဆုတောင်းပေးခြင်းဖြင့် စစ်မှန်သောလွတ်လပ်မူ၊ စစ်မှန်သော ယုံကြည်ခြင်း၊ အသက်တာရှင်သန်နိုင်ရန်နှင့် မျှော်လင့်ချက်များကို ယေဇူးသခင်ထံမှတောင်းခံပါသည်။ အိုမိခင်၊ ကျွန်ုပ်တို့၌ရယူပိုင်ဆိုင်လိုသောအနာဂါတ်အစီအမံများ၊ အလိုဆန္ဒများရှိသော်လည်း မစွမ်းဆောင်နိုင်သည့်အပိုင်းကိုလည်းမယ်တော်သိပါသည်။ ကျွန်ုပ်တို့၏အထဲ၌ရှိသော မျှော်လင့် ချက်များလက်တွေ့၌အသီးအပွင့်များ‌ေ၀ဆာရန်အဘယ်သို့လုပ်ဆောင်ရမည်ကိုသိရှိစေတော်မူပါ’ ဟုဆုတောင်းခဲ့သည်။
Ref: CNA

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #rvanews

Add new comment

4 + 6 =