ဘုရားဖူးများကိုအံ့အားသင့်စေခဲ့သောရဟန်းမင်းကြီး၏တောင်းပန်စကား

ဘုရားဖူးများကိုအံ့အားသင့်စေခဲ့သောရဟန်းမင်းကြီး၏တောင်းပန်စကား

ရဟန်းမင်းကြီးသည် တစ်ပတ်လျင်နှစ်ကြိမ် (တနဂ်နွေနေ့နှင့်ဗုဒ္ဓဟူးနေ့) ကမ္ဘာတစ်၀မ်းမှဘုရားဖူးများနှင့်တွေ့ ဆုံလေ့ရှိသည်။ ထိုသို့တွေ့ဆုံရာ၌အစဉ်အလာအရစိန့်ပီတာရင်ပြင်၌တွေ့ဆုံလေ့ရှိပြီး၊ ရာသီဥတုအပေါ်မူတည်၍တစ်ခါ တစ်ရံရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမ၌ပြောင်းရွေ့တွေ့ဆုံလေ့ရှိသည်။ သို့သော်ယခုနှစ်၌မူကိုဗစ် (၁၉) ရောဂါကြောင့် (၆) လကြာမျှဗွီဒီယိုမှတဆင့်ထုတ်လွှင့်နေခဲ့ရာမှ စက်တင်ဘာလမှစ၍စိန့်ပီတာရင်ပြင်၌လည်းမဟုတ်။ ရဟန်းမင်းကြီး ပေါလ် (၆) ၏ခမ်းမ၌လည်းမဟုတ်ဘဲ ဗာတီကန်၀င်းအတွင်းရှိ St. Damasus ဥယျာဉ်၌ကျန်းမာရေး၀န်ကြီး၏ညွှန်ကြား ချက်နှင့်အညီစီစဉ်တွေ့ဆုံနေခဲ့ရာပြီးခဲ့သောတနဂ်နွေနေ့မှစ၍ ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမသို့ပြောင်းလဲကျင်းပခဲ့ သည်။ အဘယ်ကြောင့်ဆို သော်ယခုအချိန်သည်ဥရောပ၌နွေအကုန်မိုးအကူးကာလဖြစ်သည်။ ရဟန်းမင်းကြီးသည်ခါ တိုင်းမိမိသီတင်းသုံးသောကျောင်းတိုက်မှထွက်လာပြီး်စီးတော်ယာဉ်ပေါ်မှဘုရားဖူးများအားလှည့်လည်နှုတ်ဆက်လေ့ ရှိသည်။ သို့သော်ယခုတစ်ကြိမ်၌မူရဟန်းမင်းကြီး၏အစီအစဉ်ပြောင်းလဲသွားသည်။

(အဘယ်သို့ပြောင်းလဲသွားသနည်း)

ရဟန်းမင်းကြီးက ‘ကျွန်ုပ်သင်တို့ထံသို့ဆင်းလာ၍ ခါတိုင်းနှုတ်ဆက်သကဲ့သို့နှုတ်ဆက်လိုပါသည်။ သို့သော်ဥပ ဒေအသစ်ကြောင့်သင်တို့နှင့်ခပ်လှမ်းလှမ်း၌နေခြင်းသည်ပို၍ကောင်းပါသည်။ နေထိုင်မကောင်းသောသူတို့အားဤစင် မြင့်ပေါ်မှကျွန်ုပ်လှိုက်လှဲနွေးထွေးစွာဖြင့်နှုတ်ဆက်ပါသည်။ သတိတရားဖြင့်ခပ်ခွာခွာနေကြပါ။ လိုက်နာသင့်ပါသည်။ အကယ်၍ကျွန်ုပ်အောက်သို့ဆင်းလာလျင် ဘုရားဖူးများစုပြုန်လာကာလူစုလူ‌ေ၀းဖြစ်သွားမည်ဖြစ်သည်’ ဟုရှင်းပြရှာ သည်။ ဘုရားဖူးများလည်းရဟန်းမင်းကြီး၏ရှင်းပြချက်ကိုလက်ခံကြသည်။ လူတိုင်းအတွက်လည်းအလွန်လိုက်နာသင့် သောရွေးချယ်မူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ကိုဗစ်ရောဂါပိုးသည်အဘယ်သို့၊ အဘယ်သူ့ဆီမှကူးလာနိုင်ကြောင်း ကိုလည်းမသိနိုင်၍ဖြစ်ကြောင်းဘုရားဖူးများလည်းနားလည်ကြသည်။

ANDREA PRODI

၏ခံစား ဘုရားဖူးများအနက်တစ်ဦးဖြစ်သူ၏ခံစားချက်ကား ‘ရဟန်းမင်းကြီးသည် ထိုသို့ရှင်းပြနေရသော်လည်း မလွှဲမ ရှောင်သာ၍သာဘုရားဖူးများနှင့်ခပ်လှမ်းလှမ်း၌နေနေရရှာသည်။ သူ့အနေဖြင့်ဘုရားဖူးများထံသို့ဆင်းလာရန်အလွန်စိတ် အားထက်သန်နေသည်ကိုသတိထားမိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားဖူးများနှင့်ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက် ခြင်းသည်သူ့အတွက်အလွန်အရေးကြီးသည်ဟုခံစားနေရကြောင်း၊ Andrea နှင့် Stefania တို့သည်ပြီးခဲ့သောဇွန်လက လက်ထပ်ခဲ့ကြာပြီး၊ ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူရန်အတွက်အီတလီနိုင် ငံထရီးစတေ (Trieste) ခရိုင်မှရောက် ရှိလာခြင်းဖြစ်သည်။ ရဟန်းမင်းကြီးသည် ဘုရားဖူးများနှင့်တွေ့ဆုံအပြီး၌ သူ၏ ကောင်းကြီးကိုခံယူရန်အထူးလျှောက် လွှာတင်ထားသောဘုရားဖူးများအားအနီးကပ်တွေ့ဆုံ၍ကောင်းကြီးပေးလေ့ရှိသည်။ သို့သော်ယခုတွေ့ဆုံခြင်းသည် ကျန်းမာရေးအကြောင်းကြောင့်နီးနီးကပ်ကပ်မသွားရောက်နိုင်တော့ပေ။ သို့သော်အ ခြားသောဘုရားဖူးများနှင့်အတူရ ဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူရသည့်အတွက်ကျေးဇူးတင်ပျော်ရွှင်ရပါကြောင်းသူ၏ခံစားချက်ကိုဖွင့်ဟခဲ့သည်။ STEFANIA PERAINO ၏ခံစားချက် ANDREA PRODI ၏မိန်းမမဖြစ်သော

STEFANIA PERAINO

STEFANIA PERAINO ကလည်းယခုကဲ့သို့မျှော်လင့်မထားခဲ့သော် လည်း လက်ရှိကမ္ဘာကြီး၏အဖြစ်အခြေအနေကိုနားလည်ရမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ကောင်းကြီးကိုသီးသန့်မခံ ယူရသော်လည်းဤနေရာသို့ရောက်ရှိလာနိုင်သည့်အတွက်လည်းအတိုင်းထက်အလွန်ဖြစ်နေပြီဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော်ဤနေရာသို့ရောက်လာရန်မှာလွယ်ကူလှသည်မဟုတ်။

(ဘရာဇီးလ်မှခရီးသွားလမ်းညွှန်ညီအစ်မနှစ်ယောက်)

ခရီးသွားလမ်းညွှန်လုပ်သောဘရာဇီးလ်မှညီအစ်မနှစ်ယောက်သည် ဗာတီကန်သို့ဘုရားဖူးများနှစ်ပေါင်းများစွာပို့ ဆောင်ပေးခဲ့ဖူးကြောင်း၊ ယခုတစ်ကြိမ်မှသာဘုရားဖူးများမပါဘဲ ၄င်းတို့သာဤရဟန်းမင်းကြီးနှင့်တွေ့ဆုံသည့်အခမ်းအ နားသို့ပါ၀င်ခဲ့ရကြောင်း (ဆိုလိုသည်မှာဧည့်သည်မပါ) ရင်ဖွင့်လာပါသည်။

SUELY PASSOS

SUELY PASSOS ၏ခံစားချက် ယခုကဲ့သို့အနီးကပ်တွေ့ဆုံရခြင်းသည် အလွန်ထူးခြားသောအတွေ့အကြုံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သည်ရဟန်းမင်းကြီးနှင့်နီးနီးကပ်ကပ်ဖူးခွင့်ရခဲ့သည်။ ခါတိုင်းဆိုလျင်စိန့်ပီတာရင်ပြင်၌သာတွေ့ဆုံရလေ့ရှိသည်။ ယခုအခါစိန့်ပီတာရင်ပြင်လည်း လူခြေတိတ်လျှက်ရှိသည်။ ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမပင်လူမပြည့်လူမပြည့်ဘဲ ကျိုးတိုးကျဲတဲဖြစ်နေသည်ဟုပြောကြားခဲ့သည်။

KIKA PASSOS

KIKA PASSOS ၏ခံစားချက် ယခုတစ်ကြိမ်ရဟန်းမင်းကြီးအားဖူးတွေ့ခွင့်သည် ကျွန်ုပ်တို့အတွက်အလွန်စိတ်လှုပ်ရှားရသည်။ အဘယ်ကြောင့် ဆိုသော်ရဟန်းမင်းကြီးကိုယ်တိုင်က နှိမ့်နှိမ့်ချချဖြင့် ‘ခါတိုင်းကဲ့သို့ဆင်းလာ၍ဘုရားဖူးများအားလှိုက်လှဲစွာမနှုတ်ဆက်နိုင် ၍တောင်းပန်ကြောင်း၊ ဤသို့ကြားရသည့်အတွက်ကျွန်ုပ်တို့အတွက်အလွန်ထူးခြားကြောင်း’ ပြောကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအြဖစ်ရွေးချယ်တင်‌မြောက်ခံရသည့်အချိန်မှစ၍ လူများနှင့်နီးနီးကပ် ကပ်နေရသည်ကိုပျော်မွေ့သူအဖြစ်ပြောမှတ်ပြုကြသည်။ သို့သော်ယခုတစ်ကြိမ်၌မူ ကျန်းမာရေးအကြောင်းတရားကြောင့် ကိုဗစ်ကပ်ဆိုးကြီးကင်းပျောက်နိုင်ရေးအတွက်အတူတကွပါ၀င်လုပ်ဆောင်ပေးကြစို့ဟုလည်းတိုက်တွန်းထားသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : 570 News

https://bit.ly/3o8o7Nb

Add new comment

3 + 2 =