ဘုရားဖူးပရိတ်သတ်နှင့် တွေ့ဆုံစဉ်လူတစ်ဉီးဝင်ရောက်နှောက်ယှက် သော်လည်း ပုပ်ဖရန်စစ်မှထိုသူအတွက် ဆုတောင်းပေးရန်မြွက်ကြား

ဘုရားဖူးပရိတ်သတ်နှင့် တွေ့ဆုံစဉ်လူတစ်ဉီးဝင်ရောက်နှောက်ယှက် သော်လည်း ပုပ်ဖရန်စစ်မှထိုသူအတွက် ဆုတောင်းပေးရန်မြွက်ကြား

ဘုရားဖူးပရိတ်သတ်နှင့် တွေ့ဆုံစဉ်လူတစ်ဉီးဝင်ရောက်နှောက်ယှက် သော်လည်း ပုပ်ဖရန်စစ်မှထိုသူအတွက် ဆုတောင်းပေးရန်မြွက်ကြား

 

 ရဟန်းမင်းကြီးသည် ပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် (၁၀) နာရီအချိန်၌ ကမ္ဘာတစ်၀ှမ်းမှ ဘုရားဖူးဘာ သာတူ များနှင့်စိန့်ပီတာရင်ပြင်၌သော်လည်းကောင်း၊ ရာသီဥတု ကြောင့်၊ သို့မဟုတ် အရေးပေါ်အခြေအနေတစ်ခုခုရှိလျှင် ရ ဟန်းမင်းကြီးပေါလ် (၆) ခန်းမဆောင်၌သော်လည်းကောင်း ပုံမှန်တွေ့ဆုံလေ့ရှိသည်။

 ပြီးခဲ့သော ဖေဖော်၀ါရီလ (၂) ရက်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးသည် ဘုရားဖူးဘာသာတူများနှင့်ရဟန်းမင်းကြီးပေါလ် (၆) ခန်းမကြီး၌တွေ့ဆုံ၍ ဩ၀ါဒချွေနေခဲ့သည်။ ထိုစဉ် လူအုပ်ကြီးထဲမှတစ်ဦးတစ်ယောက်သည် အသံကျယ်လောင်စွာဖြင့် ‘သာသနာတော်ကြီး၏ လုပ်ဆောင်နေမှုသည် ဘုရားသခင်နှစ်သက်သောလမ်းစဉ်မဟုတ်’ ဟု အင်္ဂလိပ်  စပိန်နှင့်အီတလီ ဘာသာစကားဖြင့် ထပ်ခါထပ်ခါအော်ပြောခဲ့သည်။ ထိုသူသည် လူအုပ်ကြီး၏နောက်၌ မတ်တပ်ရပ်လျှက် နှာခေါင်းစီးကို မူလက်၌ကိုင်ထားသည်။

 သူ၏အော်သံများကြောင့် ဘုရားဖူးများလည်းထိတ်ထိတ်ပြာပြာဖြစ်သွားကြသည်။ ထို့ကြောင့် ဗာတီကန်ရဲများမှ ချက်ချင်းပင် သူအားထိန်းသိမ်း၍ ခန်းမဆောင်၏အပြင်သို့ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ခေါ်ဆောင်သွားသော်လည်း ရုန်းရင်းဆန်ခတ်မပြု။ သို့သော် ‘ကိုယ်တော့်ကို ဘုရားသခင့် ငြင်းဆန် တယ်။ ကိုယ်တော်က ဘုရင်မဟုတ်ဘူး’ ဟုအော်မြဲ အော်၍ခေါ်ဆောင်ရာသို့လိုက်ပါသွားခဲ့သည်။ သူအဘယ်မျှအော်ဟစ်နှောက်ယှက်နေစေကာမူ သက်တော် (၈၅) နှစ်ပြည့်ပြီဖြစ်သော ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒကိုဆက်လက်၍ မိန့်ကြားနေပြီး၊ ထိုသို့အော်ဟစ်ပြောဆိုနေသော သူအတွက်ဆုတောင်းပေးရန်ကိုလည်း ဘုရားဖူးများအားတိုက်တွန်းခဲ့သည်။

 ထိုအော်သံကို ခန်းမကြီးအတွင်းရှိသူတိုင်းကြားခဲ့ကြသည်။ ထိုသူသည် ကာယပိုင်း၊ စိတ်ပိုင်း၊ ၀ိညာဉ်ရေးပိုင်း၌ တစ်စုံတစ်ရာလိုအပ်ချက်၊ ချို့ယွင်းချက်ရှိကောင်းရှိနိုင်ပါသည်။ သူသည် ကျွန်ုပ်တို့၏ညီအစ်ကိုတစ်ဦးဖြစ်သည်။ အခက် အခဲတစ်စုံတစ်ရာကြောင့်လည်းဖြစ်နိုင်ကြောင်း၊ သူ၏လိုအပ်ချက်များကို မကြားသကဲ့သို့မနေဘဲ၊ ဂရုစိုက်ကြပါစို့။  သူ့အ တွက်ဆုတောင်းပေးရင်း ဤတွေ့ဆုံခြင်းကိုအဆုံးသတ်လိုက်ကြ ပါစို့’ ဟုဆိုကာအရှင်သူမြတ်က မိန့်ကြားခဲ့သည်။

အဆိုပါအခမ်းအနားကို ထိုသို့ နှောက်ယှက်ခံရ၍ ရုတ်သိမ်းလိုက်ခြင်းမဟုတ်။ အဆိုပါလူ၏ အော်ဟစ်ပြောဆိုသံသည် အစီအစဉ်၏အဆုံးပိုင်းသို့ ရောက်ရှိနေစဉ်၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီး၏ ဘာသာတူများနှင့် ပုံမှန်တွေဆုံခြင်းကို ပုံမှန်ကျင်းပပြီး၍ ပြီးဆုံးခဲ့ခြင်းဖြစ်ပါသည်။ 

 
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of CNA

https://bit.ly/3LkvxJ0

Add new comment

2 + 17 =